twitter

Showing posts with label article. Show all posts
Showing posts with label article. Show all posts

သမ္မတဖြစ်လာသူတိုင်း ခေါင်းဆောင်မဟုတ်ကြချေ။



Franklin D. Roosevelt
32nd President of the United States
March 4, 1933 – April 12, 1945

သို့ဖြစ်စေကာ ကျနော်တို့သည် သမ္မတတယောက်ကို ရွေးချယ်ရသည့်အခါတိုင်း ခေါင်းဆောင်တယောက်ရရှိရန် မျှော်လင့်ကြသည်ချည်း ဖြစ်သည်။ အထူးသဖြင့် မရေရာ မသေချာမှုများ ဖုံးလွှမ်းနေသည့် အကျပ်အတည်းကာလများတွင် ခေါင်းဆောင်တယောက်ရရှိရန် မျှော်လင့်တောင့်တတတ်သည်။
အပူအပင်ကင်းမဲ့သော ကာလများတွင်ကား ခေါင်းဆောင်ကို လိုချင်သလိုလို မလိုချင်သလိုလို ဒွိဟ ဖြစ်နေတတ်သည်။

စင်စစ် ခေါင်းဆောင်ဟူသည်ကား ပင်ပန်းခက်ခဲသောအလုပ်တို့ကို လုပ်ဆောင်ရန် လှုံ့ ဆော်တွန်းထိုးတတ်သည်။ တည်ဆဲအနေအထားကို ဆန်းစစ်စိန်ခေါ်တတ်သည်။ အရေးပါသော ပြောင်းလဲမှုကြီးများကို ဖြစ်ထွန်းစေတတ်သည်။


Vladimir Lenin
Chairman of the Council of People's Commissars of the Soviet Union
30 December 1922 – 21 January 1924

ခေါင်းဆောင်မှုကိစ္စရပ်သည်လည်း အခြားနည်းတူပင် သူ့ အချိန်နှင့်သူ ပေါ်ထွန်းလာရပါသည်။ ပြည်သူလူထုက သူတို့အားခေါင်းဆောင်မှုပေးရန် လိုလားတောင့်တနေသည့်အချိန်မှာမှ ခေါင်းဆောင်လည်း ပေါ်ထွန်းလာရသည်။ ၁၉၄၀ ခုနှစ်တွင် အင်္ဂလန်ပြည်၌ ချာချီပေါ်ထွန်းလာရသလိုမျိုး။ ၁၉၃၃ ခုနှစ်တွင် အမေရိကန်နိုင်ငံ၌ ရုစ်ဗဲ့လ်ဒ် ပေါ်ထွန်းလာရသလိုမျိုး။ ၁၉၁၇ ခုနှစ်တွင် ရုရှားပြည်၌ လီနင် ပေါ်ထွန်းလာရသလိုမျိုး။


Sir Winston Churchill
Prime Minister of the United Kingdom
26 October 1951 – 7 April 1955

ထိုသို့ ပေါ်ထွန်းလာသော ခေါင်းဆောင်သည် ရိုးစင်း၍ လိုရင်းရောက်သော စကားကို ထိထိမိမိ ပြေ နိုင်ရမည်။ ကြီးကျယ်သော ခေါင်းဆောင်ဟူသမျှသည် အခက်ကိုလွယ်စေပြီး အရှုပ်ကို ရှင်းသွားစေနိုင်သည့် သူများ ဖြစ်သည်။
ခေါင်းဆောင်သည် ဆန့်ကျင်ဝေဖန်မှုများ၊ အချေအတင်ငြင်းခုန်မှုများ၊ ဇဝေဇ၀ါသံသယများကို ဖောက်ထွက်ဖြတ်ကျော်ပြီး လူတိုင်းနားလည်သဘောပေါက်ကာ စိတ်ထဲစွဲသွားစေမည့် ဖြေရှင်း ချက်မျိုးကို ပေးတတ်သည်။

သွေး ချွေး မျက်ရည်နှင့် ပင်ပန်းဆင်းရဲမှုတို့ကိုသာ မျှော်လင့်ထားရန် ချာချီက ဗြိတိသျှလူမျိုးတို့အား သတိပေးခဲ့သည်။ ငါတို့မှာ ငါတို့ ရဲ့ ကြောက်စိတ်တခုပဲ ကြောက်စရာ ရှိတယ်ဟု ရုစ်ဗဲ့လ်ဒ်က အမေရိကန်နိုင်ငံသားတို့ကို ပြောခဲ့သည်။ လယ်မြေနှင့် ပေါင်မုန့်ကို ပေးမည်ဟု လီနင်က စစ်ပန်းနေသော ရုရှားလယ်သမားတို့ကို ကတိပြုခဲ့သည်။ ဖြောင့်စင်းရိုးရှင်းသော စကားများ ဖြစ်ပါဧ။် သို့သော် အလွန်ခွန်အားရှိသော စကားများလည်း ဖြစ်ပေသည်။


1967 Portrait of Mao Zedong
1st Chairman of the Communist Party of China

ကျနော်တို့ ဧ။်စိတ်ကူးထဲတွင် ခေါင်းဆောင်အရည်အချင်း၊ ခေါင်းဆောင်ဂုဏ်ရည် နှင့်ပတ်သက်သော ရုပ်ပုံလွှာတခု ရှိနေသည်။ ရုပ်ပိုင်းဆိုင်ရာ အမှတ်လက္ခဏာပင် ရှိနေသည်။ ခေါင်းဆောင်တို့ အနေနှင့် အရပ်အမောင်းရှည်ဖို့ မလိုအပ်သော်လည်း မျက်လုံးမျက်ဖန် နှာတံပါးစပ် စသည့် အင်္ဂါရပ်တို့ သည် သာမန်ရှိရိုးရှိစဉ်ထက် ကြီးမားပေါ်လွင်ပြီး ခန့် ညားသည့်အသွင်ကို ဆောင်နေရမည်။ ဂျွန်ဆင်ဧ။် နှာခေါင်းမျိုး၊ အီကေဧ။် ပါးစပ်မျိုး။
ထူးခြားသည့် အပြင်အဆင် အ၀တ်တန်ဆာသည်လည်း ခေါင်းဆောင်တယောက်ဧ။်ရုပ်ပုံလွှာအတွက် အသုံးဝင်ပါသည်။ လင်ကွန်းဧ။် ဦးထုပ်ပုံမျိုး။


Abraham Lincoln at age 54, 1863
16th President of the United States
March 4, 1861 – April 15, 1865

ကျနော်တို့ သည် မိမိဧ။်ခေါင်းဆောင်ကို သာမန်လူထက် ထူးခြားသာလွန်စေချင်သည်။ သမတဖို့ဒ်ဧ။် ချို့ယွင်းချက်တခုမှာ ရုပ်ရည်သွင်ပြင်နှင့် အ၀တ်အစားတွင် ဘာမှမထူးခြားသည့်အချက်ဖြစ်သည်။ ထိုချို့ယွင်းချက်ကြောင့် ပြည်သူလူထုက သူ့ အပေါ် မစွဲငြိ။ ခေါင်းဆောင်တယောက်တွင် မြင်လိုက်သည်နှင့် စိတ်ထဲစွဲငြိသွားစေမည့် ဥပဓိမျိုး ရှိရမည်။ အလွယ်တကူ မေ့ပျောက်၍ မရနိုင်သော ဥပဓိမျိုး ရှိရမည်။

သာမန်လူများစု မတတ်နိုင်သော ကိစ္စရပ်မျိုးကို စွမ်းဆောင်နိုင်ခြင်းသည် ခေါင်းဆောင် တယောက်ဧ။် ဂုဏ်ရည် ဖြစ်သည်။ အမေရိကန်သမတ ရုစ်ဗဲ့လ်ဒ်သည် ပိုလီယိုရောဂါကို ကျော်လွှား လွန်မြောက်ခဲ့ သည်။ မော်စီတုန်းသည် အသက်ခုနစ်ဆယ်နှစ်နှစ်အရွယ်တွင် ယန်စီမြစ်အတွင်း ရေကူးခဲ့သည်။


John F. Kennedy
35th President of the United States
January 20, 1961 – November 22, 1963

ကျနော်တို့ သည် မိမိခေါင်းဆောင်ကို ကိုယ်နှင့်မရိုးမစွဲ မဖြစ်စေချင်ကြ။ အရည်အသွေး အနှစ်သာရအားဖြင့် များစွာထူးခြားသာလွန်စေချင်သည်။ သို့ ဖြစ်စေကာ မိမိနှင့် အလွန်အမင်းကွဲပြားခြားနား လွန်းပြန်လျှင်လည်း လက်သင့်မခံ ငြင်းဆန်ချင်ပြန်သည်။ အက်ဒ်လိုင်း စတီဗင်ဆင်သည် ပညာတတ် ဆန်လွန်းသည်။ နယ်လ်ဆင်ရော့က်ဖဲလားသည် ချမ်းသာကြွယ်ဝလွန်းသည်။

တကယ်ရှိသည့် အရည်အချင်းထက် ပိုရှိသည်ဟု ထင်လာရအောင် ဖန်တီးတင်ပြတတ်သော ရုပ်မြင်သံကြားသည်ပင် ကျနော်တို့ သိမှတ်ထားသည့် ခေါင်းဆောင်မှုအရည်အသွေးတို့နှင့် ပတ်သက်လျှင် အရှိကို မရှိဖြစ်အောင်၊ မရှိကို အရှိဖြစ်အောင် မလုပ်တတ်။ ရုပ်မြင်သံကြားသည် နစ်ကဆင်ဧ။် စိုးရိမ်ကြောင့်ကြ စိတ်မချဖြစ်မှုကို ဖော်ပြခဲ့သည်။ ဟန်ဖရေဧ။် ကိုယ့်အသံကိုယ် စွဲလန်းလွန်းနေပုံကို ဖော်ပြခဲ့သည်။


Richard Nixon
37th President of the United States
January 20, 1969 – August 9, 1974

ခေါင်းဆောင်တယောက်သည် အာဏာအသုံးပြုပုံကို သိရမည်။စင်စစ် ခေါင်းဆောင်မှုလုပ်ငန်းသည် အာဏာသုံးခြင်းလုပ်ငန်းပင် ဖြစ်သည်။ ထိုကြောင့် ခေါင်းဆောင်တယောက်အနေနှင့် အာဏာသုံးပုံ သုံးနည်းကို သူသိကြောင်း ပြသနိုင်ရမည်။ တည်ငြိမ်ခိုင်မာမှုကို ထုတ်ဖော်ပြသနိုင်စွမ်းရှိရမည်။ ဖို့ဒ်ကဲ့သို့  ပုံမကျပန်းမကျ ရုပ်ခန္ဓာမျိုး မရှိရ။ ကာတာကဲ့သို့  မျက်စေ့ ကစားလွန်းခြင်းမျိုး မရှိရ။ တည်ကြည်လေးနက်သော ရာဇအိနြေ္ဒမျိုး ရှိရမည်။

ခေါင်းဆောင်တယောက်သည် ကချေသည်တယောက်ဧ။် တင့်တယ်လှပမှုမျိုး ရှိရမည်ဟု တရုတ် တွေးခေါ်ရှင် တယောက်က ကောက်ချက်ချဖူးသည်။ အလွန်ပညာပါသောစကား ဖြစ်ပါသည်။
ခေါင်းဆောင်တယောက်သည် စိုးရိမ်ကြောင့်ကြမှုကင်းရှင်းပြီး ယုံကြည်မှုအပြည့်အ၀ရှိသော အသွင်အပြင်မျိုး ဆောင်နိုင်အောင် မည်သို့ လုပ်ရမည်ကို သိသည်။ သူဧ။်လမ်းလျှောက်ဟန်သည် ခိုင်မာရမည်။ ရည်ရွယ်ချက် ရှိရမည်။ ကယိမ်းကယိုင် မဖြစ်ရ။ ပေါ့တီးပေါ့ဆ မဖြစ်ရ။

လင်ကွန်း၊ ရုစ်ဗဲ့လ်ဒ်၊ ထရူးမင်း၊ အီကေ၊ ကနေဒီတို့  ရယ်မောသလိုမျိုး ကြည်ကြည်နူးနူး ဟက်ဟက်ပက်ပက် ပြုံးရွှင်ရယ်မောနိုင်ရမည်။ သူတပါး ပြက်ရယ်ပြုချင်စရာကောင်းသော နစ်ကဆင်နှင့် ကာတာ တို့ဧ။် မအီမသာ အပြုံးမျိုးကို ရှောင်ရှားနိုင်ရမည်။ ရိုနယ်လ်ရီဂင်သည် ရုပ်ရှင်မင်းသားအဖြစ် သရုပ် ဆောင်ခဲ့ဖူးရာ ယင်းသရုပ်ဆောင်အတတ်ပညာကို သုံး၍ ကာတာနဲ့ စကားစစ်ထိုးရာ၌ အသာစီးရခဲ့သည်။ တည်ငြိမ်အေးဆေးသော အမူအရာနှင့် ဖော်ရွေရည်မွန်သော ဟန်ပန်တို့ ကြောင့် ပရိသတ်က သူ့ ကို သမ္မတအဖြစ် မြင်လာပြီး ကာတာကိုတော့ စိန်ခေါ်သူတယောက်အဖြစ်သာ မြင်သွားစေခဲ့သည်။

ခေါင်းဆောင်မှုဆိုင်ရာတွင် အမှန်တရားတခု ရှိသည်။ ပြည်သူလူထုကို သူတို့ သွားချင်သည့်နေရာသို့သာ ဦးဆောင်ခေါ်ယူ သွားနိုင်လိမ့်မည်ဟူသော အမှန်တရား ဖြစ်ပါသည်။ ခေါင်းဆောင်တို့သည်လည်း ပြည်သူလူထု သွားချင်သော နေရာဆီသို့သာ သွားရပါလိမ့်မည်။ သို့သော် ခေါင်းဆောင်က ခြေတလှမ်း စောရမည်။
အမေရိကန်နိုင်ငံသားတို့သည် စီးပွားရေးဆုတ်ကပ်ကြီးအတွင်းမှ ရုန်းထွက်ချင်နေသည့်အချိန်တွင် ရုန်းထွက်နိုင်ကြောင်း ရုစ်ဗဲ့လ်ဒ်က ပြောခဲ့သည်။

၁၉၄၀ ခုနှစ်တွင် အရှုံးပွဲများရင်ဆိုင်နေရသော်ငြား စစ်ကြီးကို နိုင်နိုင်သည်ဟု ဗြိတိသျှလူမျိုးတို့  ယုံကြည်နေသည့်အချိန်တွင် ချာချီက ယင်းယုံကြည်ချက် မှန်ကန်ကြောင်း ပြောခဲ့သည်။


Aung San
13 February 1915- 19 July 1947 (aged 32)

ခေါင်းဆောင်တယောက်သည် ပြည်သူလူထုဧ။် အလိုဆန္ဒလှိုင်းလုံးကြီးများကို စီးဧ။်။ ပြည်သူလူထုဧ။်
မျှော်လင့်ရည်မှန်းချက် ဒီရေနှင့်အတူ စီးမျောရွေ့ လျားဧ။်။ ပြည်သူလူထုဧ။် အနက်ရှိုင်းဆုံး လိုလား တောင့်တချက်များကို နားလည်သဘောပေါက်ဧ။်။

ခါင်းဆောင်တယောက်အနေနှင့် ငြိမ်းချမ်းရေးလိုလားသော နိုင်ငံတခုကို စစ်ပွဲဆင်နွှဲလာအောင် မည်သို့မျှ မလုပ်နိုင်။ စစ်တိုက်ရန် ဆုံးဖြတ်ထားသော နိုင်ငံတခုကိုလည်း ဘယ်လိုမှ မတားမြစ်နိုင်။

ခေါင်းဆောင်တယောက်ဧ။်ရည်မှန်းချက်သည် နိုင်ငံဧ။် စိတ်ခံစားမှုအနေအထားနှင့် တသားတည်း ကျနေရမည်။ ခေါင်းဆောင်ဧ။် အလုပ်မှာ ပြည်သူလူထုဧ။် စွမ်းရည်စွမ်းအားနှင့် လိုအင်ဆန္ဒများကို စုစည်းပေးဖို့ ဖြစ်သည်။ ယင်းစွမ်းရည်စွမ်းအားနှင့် လိုအင်ဆန္ဒတို့ ကို အရိုးရှင်းဆုံး စကားလုံးတို့ ဖြင့် အဓိပ္ပါယ်ဖွင့်ဆိုဖော်ပြပေးဖို့ ဖြစ်သည်။ ပြည်သူလူထုကို တက်ကြွရှင်သန်အောင် လှုံ့ ဆော်ပေးဖို့ ဖြစ်သည်။ ပြည်သူလူထု အလိုရှိသောအရာတို့ကို   အရေးကြီးသောအရာ လက်ဆုပ်လက်ကိုင် အရယူ နိုင်သောအရာအဖြစ် မြင်လာအောင် လုပ်ဆောင်ပေးဖို့ ဖြစ်သည်။

အရေးအကြီးဆုံးအချက်မှာ ခေါင်းဆောင်လုပ်သူသည် ကျနော်တို့ဧ။် လိုအင်ဆန္ဒများကို ဂုဏ်တင် ချီးမြှောက်ရပါမည်။ ပြည်သူလူထုသည် ကြီးကျယ်သော သမိုင်းကို ဖန်တီးရာတွင် ပါဝင်နေကြောင်း သဘောပေါက်လာအောင် ရှင်းပြရပါမည်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိသူများအဖြစ် မြင်လာအောင် အရေးပါသူများအဖြစ် ဂုဏ်ယူလာအောင် လုပ်ပေးရပါမည်။

ချာချီသည် သူဧ။်စကားတို့ ဖြင့် ဗြိတိသျှလူမျိုးတို့ ရင်ဆိုင်နေရသောအရှုံးကို မဟာအောင်ပွဲဆီသို့ လှည့်ပြောင်းပေးခဲ့သည်။ ရုစ်ဗဲ့လ်ဒ်ဧ။် စကားတို့ သည် ပုလဲဆိပ်ကမ်း၌ အမေရိကန်သင်္ဘောများ နစ်မြုပ် ဆုံးရှုံးမှုကို ချောက်ချားသိမ်ငယ်စရာအဖြစ်မှ အမျိုးသားစည်းလုံးညီညွတ်ရေးအဖြစ်သို့  ပြောင်းလဲပေးခဲ့သည်။ ခေါင်းဆောင်တယောက်သည် ကျနော်တို့ ဧ။် ဆင်ခြင်တုံဥာဏ်ကို ဆွဲငင်ရမည် မဟုတ်ဘဲ ကျနော်တို့ဧ။် အတွေးများကို ဆူပွက်လာအောင် လှုံ့ ဆွပေးရမည်။


Mohandas Karamchand Gandhi
2 October 1869 - 30 January 1948 (aged 78)

ကြီးကျယ်သော ခေါင်းဆောင်တယောက်သည် ကြောင်းကျိုးမညီသော ဂုဏ်ရည်တခုကို ပိုင်ဆိုင်နေရမည်။ လက်တွေ့ အချက်အလက်တို့ကို လက်သင့်မခံ ရင်မဆိုင်သော ခေါင်းမာသည့် ငြင်းဆန်မှုမျိုး ရှိရမည်။ သူတပါးကို ကူးစက်သွားစေနိုင်သည့် အကောင်းမြင် စိတ်ဓာတ်မျိုး ရှိရမည်။ ပြည်သူလူထုအနေနှင့် ဘာမှမကျန်အောင် ဆုံးရှုံးသွားလေပြီဟု ခံစားနေရသည့်တိုင် အကုန်မဆုံးရှုံးသေးပါဟု လက်ခံလာအောင် လုပ်နိုင်စွမ်းရှိရမည်။

ကြီးကျယ်သောခေါင်းဆောင်တယောက်ဧ။် အကြံပေးပုဂ္ဂိုလ်များသည် ရေခဲတုံးတမျှ အေးစက်နေသော်လည်း ကြီးကျယ်သောခေါင်းဆောင်သည်ကား တေဇောဓာတ်အပူမီးကို ဆက်လက် ပိုင်ဆိုင်ထားရမည်။ မြင့်မြတ်သော ရူးသွပ်မှု မီးပွားကလေးကို ဆက်လက် ပိုင်ဆိုင်ထားရမည်။

ခေါင်းဆောင်တယောက်သည် ကျနော်တို့  အဆင်သင့်မဖြစ်သေးသရွေ့ ရောက်လာမည်ကား မဟုတ်။ ခေါင်းဆောင်ဟူသည်ကား ကျနော်တို့ဧ။် စိတ်ကူးအိပ်မက်များနှင့် မျှော်လင့်ချက်များကို စကားလုံးများဖြင့် ပုံဖော်ပေးခြင်း၊ ကျနော်တို့ ဧ။် လိုအပ်ချက်များနှင့် စိုးရိမ်ကြောက်လန့် မှုများကို မူဝါဒများ စီမံချက်များ အဖြစ်သို့ ပြောင်းလဲပေးခြင်း စသည့် လုပ်ဆောင်ချက်တို့ ဖြင့် ကျနော်တို့ ဧ။် ရည်ရွယ်ချက်များကို ကျနော်တို့ဖာသာ ပြန်မြင်လာအောင် လုပ်ပေးသည့် ကြေးမုံမှန်ပြင်တခုသာ ဖြစ်သောကြောင့်တည်း။

ကျနော်တို့ဧ။် အင်အားသည် ခေါင်းဆောင်ကို သန်မာစေဧ။် ကျနော်တို့ဧ။် သန္နိဋ္ဌာန်သည် ခေါင်းဆောင်ကို ခိုင်မာစေဧ။် ကျနော်တို့ဧ။် ရဲစွမ်းသတ္တိသည် ခေါင်းဆောင်ကို သူရဲကောင်းအာဇာနည် ဖြစ်စေဧ။်


Aung San Suu Kyi
19 June 1945 (age 66)

ခေါင်းဆောင်ဟူသည် ကျနော်တို့၌ ရှိသော အကောင်းမြတ်ဆုံး စံပြဂုဏ်ရည်တို့ဧ။် သင်္ကေတဖြစ်ဧ။်
ထိုကြောင့် ကျနော်တို့တွင် ယင်းဂုဏ်ရည်များ ချို့ယွင်းနေသည့်အခါ ခေါင်းဆောင်ကို ကျနော်တို့  မမွေးထုတ်ပေးနိုင်။ ကျနော်တို့ဧ။် ကျွမ်းကျင်မှုများ၊ နည်းပရိယာယ်များ အားလုံးဖြင့်လည်း ခေါင်းဆောင်တယောက်ကို မွေးထုတ်၍ မရနိုင်။ စင်စစ်သော်ကား ခေါင်းဆောင်ဟူသည် ကျနော်တို့  အားလုံးကို စုပေါင်းထားသော အရာသာ ဖြစ်ပါဧ။်။         ။

မောင်သာမည
Saturday, March 17, 2012 | 0 comments | Labels:


ဒီခေတ်မှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ ကွန်ပျူတာတွေခေတ်စားနေတော့ နိုင်ငံရေးဆိုတာကို မေ့ထားကြတာ များတယ်။ နိုင်ငံရေးကိုမေ့နေတော့ နိုင်ငံရေးသမားတွေ လုပ်ချင်တာလုပ် ခေါင်းငုံ့ခံရတယ်။
နိုင်ငံရေးကို သိစရာမလိုဘူးလို့ သဘောထားတော့ သူများပြောသမျှ အဟုတ်ထင်တတ်တယ်။ နိုင်ငံရေးကို ငါတို့နဲ့ မဆိုင် ပါဘူးလို့ထင်တော့ ကိုယ်တိုင်ခေါင်းဆောင်နိုင်တဲ့ အရည်အချင်းတွေ ပျောက်ကုန်ပြီး ဟိုလူ့နောက် လိုက်ရ နိုးနိုး၊ သည်လူ့နောက်လိုက်ရနိုးနိုး၊ ဟိုလူပြော ကောင်းနိုးနိုး သည်လူပြော ကောင်းနိုးနိုးဖြစ်လာကြတယ်။
တိုင်းပြည်တစ်ပြည်မှာ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ အိုင်တီပညာရှင်တွေချည်း လိုအပ်တာ မဟုတ်ပါဘူး၊ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပညာရှင်တွေ၊ နိုင်ငံရေးဝေဖန်ဆန်းစစ်သူတွေ၊ နိုင်ငံရေး လေ့လာသူတွေ အများကြီး လိုပါတယ်။ အနာဂတ် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက် ရာမှာ နိုင်ငံရေအကြောင်း ကောင်းကောင်း သိသူတွေ လိုအပ်ပါတယ်။
ခေါင်းဆောင်ကောင်းဖြစ်ရေး၊ နိုင်ငံတော်တည်ဆောက်ပြုပြင်ရေးမှာ နိုင်ငံရေးအကြောင်း သိသူ တွေ မွေးထုတ်ပေးဖို့လိုပါတယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုမှာ ပညာသွားရောက် သင်ကြားဖို့ အခွင့် အရေးလည်းရမယ်၊ နိုင်ငံရေးသိပ္ပံဘာသာရပ်ကိုလည်း စိတ်ပါဝင်စားတယ်၊ သင်ကြားလိုပါတယ် ဆိုတဲ့သူတွေအတွက် အမေရိကန်မှာရှိတဲ့ နိုင်ငံရေးသိပ္ပံကျောင်းတွေကို ဖော်ပြလိုက်ပါတယ်။

1.    Harvard University

တစ်နိုင်ငံလုံးက နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ ပတ်သက်ပြီး အကောင်းဆုံးသင်ကြားနိုင်တဲ့ ကျောင်း လို့ သတ်မှတ်ထားကြပါတယ်။  ဟားဗတ်သင်ရိုးတွေမှာ သမိုင်းရေးဆိုင်ရာအမြင်နဲ့ ချဉ်းကပ်မှု၊ လူ့ဘောင်အဖွဲ့ အစည်းနဲ့ ယဉ်ကျေးမှုဆိုင်ရာအမြင်နဲ့ ချဉ်းကပ်မှု၊ ဒဿနိကဗေဒ ဆိုင်ရာ အတွေး အမြင်နဲ့ချဉ်းကပ်မှုဆိုပြီး နိုင်ငံရေးသိပ္ပံဘာသာရပ်ကို သင်ကြားပါတယ်။
ဒီနှစ်ပိုင်းတွေမှာ Government Department ဆိုတာ ထပ်ဖွင့်ပြီး နိုင်ငံရေးကို အရေအတွက်အရ တိုင်းတာမှု၊ အပြုအမူအရတိုင်းတာမှု၊ အစဉ်အလာသဘောတရား အရတိုင်းတာမှုဆိုတာတွေကို ထပ်မံတိုးချဲ့ သင်ကြားပေးနေတယ်။ နိုင်ငံရေးကို သမိုင်းရေးအမြင်၊ ခေတ်ရေးအမြင်နှစ်ရပ် ပေါင်းစပ်သင်ကြားတာကြောင့် ဘွဲ့ရကျောင်းသားတစ်ယောက်အနေနဲ့ လုံလောက်တဲ့ အခြေခံ တွေ ပါသွားနိုင်ပါတယ်။ ဟားဗတ်မှာကျောင်းတက်သွားပြီး အမေရိကန်နိုင်ငံသမ္မတဖြစ်နေသူ (၇)ဦးလောက်ရှိပါတယ်။
ဟားဗတ်တက္ကသိုလ်ရဲ့ထူးခြားချက်တစ်ခုက ကမ္ဘာ့အကြီးဆုံး တက္ကသိုလ်စာကြည့် တိုက်ကြီးကို ထူထောင်ထားနိုင်တာပါ။ အဲဒီကျောင်းလောက် နိုင်ငံရေးနဲ့ပတ်သက်တဲ့ program တွေ၊ seminar တွေပေါတာလည်း မရှိပါဘူး။ နိုင်ငံရေးသိပ္ပံကိုသင်ရင်း ကျောင်းသားတွေဟာ လူတစ်ဦးချင်း လိုက်နာစောင့်ထိန်းအပ်တဲ့ စည်းမျဉ်းတွေနဲ့ အသားကျသွားမှာဖြစ်လို့ သိပ်ပြီးပူပင်စရာမလိုတဲ့ နေရာတစ်နေရာ လည်းဖြစ်ပါတယ်။ ငွေကြေးဆိုင်ရာအထောက်အပံ့တွေ၊ ပညာသင်ဆုတွေ၊ ဂုဏ်သတင်း ကျော်စောမှုတွေကြောင့် နိုင်ငံရေးသိပ္ပံကို စိတ်ဝင်စားတဲ့သူတွေ ဟားဗတ်ကျောင်း ကိုသာ ဦးစားပေးအနေနဲ့ ရွေးချယ်လေ့ ရှိကြတယ်။
2.    Yale University
 
ယေးလ်တက္ကသိုလ်ရဲ့ ဂုဏ်သတင်းကတော့ ကမ္ဘာအနှံ့ ကျော်ကြားပြီးသားပါ။ နိုင်ငံရေးသိပ္ပံကို ဒဿနိက ဘာသာရပ်နဲ့ တွဲဖက်ထားပြီး ခေါင်းဆောင်နိုင်သူတစ်ယောက်ရဲ့ အတွေးအမြင် တွေကို ရင့်ကျက်အောင်လေ့ကျင့် သင်ကြားပေးနေတဲ့ နေရာတစ်နေရာလည်းဖြစ်ပါတယ်။ 
နိုင်ငံရေးသိပ္ပံမှာ Health Policy, Globalization, Social and Policy Studies ဆိုတဲ့ ဘာသာရပ် တွေ ကို ထပ်မံတိုးချဲ့သင်ကြား ပေးနေတဲ့အပြင် Ethics, Politics, Economics ဘာသာရပ်တွေကို လည်း မလပ်အောင် သင်ကြားပေး နေတယ်။ ပညာသင်ထောက်ပံ့ကြေးတစ်နှစ်ကို ဒေါ်လာ ၂၅၀၀၀၀ လောက်ပေးဖို့အစီအစဉ်တွေလည်း ရှိတာကြောင့် ကျောင်းသားအများစု စိတ်ဝင်စား ကြ တယ်။ အမေရိကန် သမ္မတ ၅ ဦးဟာ ယေးလ် ကျောင်းထွက်တွေဖြစ်ပါတယ်။
3.    Princeton University
 
အမေရိကန်ပညာရေးသမိုင်းမှာ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို အကောင်းဆုံးသင်ကြားနိုင်တဲ့ ကျောင်း တစ်ကျောင်းအဖြစ် နာမည်ကြီးတယ်။ အစဉ်အလာကြီးတဲ့ နိုင်ငံရေးသိပ္ပံဌာနကိုလည်း ဖွင့်လှစ်ထားတယ်။ နိုင်ငံရေးသိပ္ပံဌာနမှာ ဆရာ ၆၀ လောက်ရှိတယ်။ အကြီးဆုံနိုင်ငံရေး သိပ္ပံဌာန လို့လည်း ပြောနိုင် တယ်။ နည်းပညာနဲ့ သင်ကြားမှုအပိုင်းမှာလည်း ထိပ်တန်းရောက်နေတဲ့ တက္ကသိုလ်ပါ။ Seminar တွေ၊ ဆွေးနွေးပွဲတွေ၊ သုတေသနတွေအများကြီး လုပ်ပေးနေတဲ့အတွက် ကျောင်းသားတွေအတွက် အခွင့် အလမ်းကောင်းတွေ အများကြီးရနိုင်တဲ့ နေရာတစ်နေရာလို့ ပြောနိုင်တယ်။
4.    Stanford University
 
စတန်းဖို့ဒ်တက္ကသိုလ်က ကျောင်းသားတွေကို ပါရဂူဘွဲ့လောက်ယူနိုင်သူတွေဖြစ်အောင် လေ့ကျင့် သင်ကြားပေးနေပါတယ်။ နှစ်စဉ် ပါရဂူဘွဲ့အတွက် ၁၂ ယောက်ကနေ ၁၅ ယောက်လောက်အထိ ပါရဂူဘွဲ့တန်းကို တက်ရောက်ဖို့ ရွေးချယ်ကြတယ်။ ဒီကျောင်းရဲ့ ထူးခြားချက်က ဆရာနဲ့ ကျောင်းသား သင်ကြားမှုအချိုး အရမ်းနည်းတယ်။ ငွေကြေးဆိုင်ရာ အထောက်အပံ့တွေကိုလည်း ရွေးချယ်ခွင့်ရှိ တယ်။ American Politics, Comparative Politics, International Relations, Political Methodology, Political Institutions, Political Theory တွေကို ရွေးချယ်သင် ကြားခွင့် ရှိတယ်။
5.    University of California, Berkeley
 
နိုင်ငံရေးသိပ္ပံဘာသာရပ်သင်ကြားနေတဲ့ကျောင်းတွေထဲမှာ အကောင်းဆုံးစာရင်းဝင်ပါတယ်။ နိုင်ငံရေး သိပ္ပံဌာနမှာ ဆရာ ၅၂ ယောက်ရှိတယ်။ ခေါင်းဆောင်ကောင်း၊ စည်းကမ်းဥပဒေ၊ နိုင်ငံရေးဘာသာရပ် တွေကို သင်ကြားပို့ချပေးနေပါတယ်။ ဒီဌာနကဆရာတွေက အခြား လူမှုဗေဒ၊ ဘောဂဗေဒ၊ ဥပဒေ၊ စီးပွားရေးစတဲ့ဌာနတွေမှာလည်း နိုင်ငံရေးသိပ္ပံနဲ့ ပတ်သက်ပြီး သွားသင်ပေးရတယ်။ ဝေဖန်ဆန်းစစ်တဲ့ အတွေးအမြင်ဆိုင်ရာစာပေတွေလေ့လာဖတ်ရှုစေခြင်း၊ ပိုင်းခြားစိတ်ဖြာတဲ့အမြင်နဲ့ ရေးသားပြုစုစေခြင်း တွေကိုလေ့ကျင့်ပေးလို့ ကျောင်းသားတွေ အတွက် အကျိုးများစေတယ်။ ဆရာကျောင်းသားအချိုးက 18:450 နှုန်းသတ်မှတ်ပြီး သင်ကြား ပေးနေတယ်။ ဆရာတစ်ယောက် ကျောင်းသား ၂၅ ယောက်နှုန်း လောက်ရှိမယ်။
6.    University of Michigan, Ann Arbor
 
နိုင်ငံရေးသိပ္ပံဘာသာရပ် သင်ကြားမှုမှာ အစဉ်အလာကြီးတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ ပထမဦး ဆုံး နိုင်ငံရေးသိပ္ပံကျောင်းတော်သားတွေကို ပညာရှင်ပုံစံမျိုးဖြစ်အောင် ရိုက်သွင်းတယ်။ နောက်ပိုင်း ဒီကျောင်းထွက်တွေဟာ သင်ကြားရေးပိုင်းတွေ၊ သုတေသနအပိုင်းတွေမှာ ထူးချွန်သူ တွေဖြစ်လာတယ်။ ကျောင်းသားတွေအတွက် ဘာသာရပ်ဆိုင်ရာ အခွင့်အလမ်းတွေနဲ့ ရွေးချယ် သင်ယူနိုင်ခွင့်တွေ အများကြီး စီစဉ်ပေးထားတယ်။ ကိုယ်စိတ်ဝင်စားတဲ့ဘာသာရပ်၊ လိုအပ်တဲ့ ဘာသာရပ်ကို လေ့လာသင်ကြား နိုင်တယ်။
7.    University of Chicago
 
ပထမဦးဆုံး နိုဗယ်ဆုရ နိုင်ငံရေးသိပ္ပံပညာရှင်ထွက်ပေါ်ခဲ့တဲ့ ကျောင်းဖြစ်ပါတယ်။ ဟားဗတ် ဆိုင်မွန်ဆိုသူဟာ ဒေါက်တာဘွဲ့ကို ဒီကျောင်းကရပြီး နိုဗယ်ဆုကိုလည်း ရရှိခဲ့တယ်။ ဒီကျောင်းရဲ့ထူးခြားချက်က အစဉ်အလာ ပညာသင်ကြားရေးစနစ်တွေကို ရိုက်ချိုးဖျက်ပြီး ခေတ်သစ် စနစ်သစ်နဲ့ ကိုက်ညီအောင် သင်ကြားတယ်ဆိုတာကို ဂုဏ်ယူနေတယ်။ စည်းကမ်း အကောင်းဆုံး၊ တီထွင်သင်ကြား မှုအကောင်းဆုံးပညာရေးစနစ်ကိုပိုင်ဆိုင်ထားတဲ့ ကျောင်းတစ် ကျောင်းအနေနဲ့ နာမည်ကျော်ပါတယ်။
8.    Duke University
 
အမေရိကန်နိုင်ငံရဲ့ ထိပ်တန်းနိုင်ငံရေးသိပံ္ပဌာနကြီးတစ်ခုရှိတယ်။ ဘွဲ့ရကျောင်းသားတွေရဲ့ သင်ကြားမှု ပရိုဂရမ်အမှတ်ပေးခြင်းမှာ နံပါတ် ၂ အကောင်းဆုံးကျောင်းတစ်ကျောင်းဖြစ်တယ်။ ဘာသာခွဲတွေ အနေနဲ့ American Politics, Comparative Politics, International Relations, Political Theory and Methods ဘာသာရပ်တွေကိုပါ သင်ကြားပေးတယ်။ Race, Ethnicity, Politics ဘာသာရပ်တွေ ကိုလည်း သီးခြားဘာသာရပ်အနေနဲ့ ထပ်မံလေ့လာနိုင်တယ်။ ဘွဲ့ရပြီး ဘွဲ့လွန်တန်းတက်နေသူတွေက ကျောင်းသားတစ်ယောက် ဆရာနှစ်ယောက်နှုန်းလောက်နဲ့ သင်ကြားပေးတယ်။
9.    University of California, Los Angeles
 
နိုင်ငံရေးသိပ္ပံဘာသာရပ်မှာ ဘာသာခွဲတွေအနေနဲ့ Political Theory, International Relations, American Politics, Comparative Politics, Methodology, Race, Ethnicity and Politics ဘာသာ ရပ်တွေကို သင်ကြားရတယ်။ နိုင်ငံရေးဘောဂဗေဒ၊ နိုင်ငံရေးများကို နှိုင်းယှဉ်လေ့လာခြင်း၊ နိုင်ငံရေး သဘောတရားနှင့်လက်တွေ့ပညာရပ်တွေကိုသင်ကြားရာမှာ အထူးနာမည်ကြီးတယ်။
10.    Massachusetts Institute of Technology
 
MIT ဆိုတာကတော့ သုတေသနပြုလုပ်ရာမှာ နာမည်ကျော်တဲ့ ကျောင်းကြီးတစ်ကျောင်း ဖြစ်ပါ တယ်။ ဒီကျောင်းရဲ့ နိုင်ငံရေးသိပံ္ပဌာနမှာ American Politics, Comparative Politics, International Relations, Models and Methods, Political Economy, Security Studies ဘာသာရပ်တွေကို သင်ကြားပေးနေပါတယ်။ ကျောင်းသားကို အနည်းငယ်ပဲ လက်ခံတယ်။ ဘွဲ့ကြိုတန်းရောက်ရင် seminar ပုံစံတွေနဲ့ပဲ သွားတော့တယ်။
နည်းပညာရှင်တွေ အများကြီးထွက်တဲ့ကျောင်းမှာ နိုင်ငံရေးသိပ္ပံကျောင်း တစ်ကျောင်းအနေနဲ့ ထိပ်ဆုံး ၁၀ ကျောင်းထဲစာရင်းဝင်တာကတော့ သာမန်မဟုတ်ဘူးလို့ဆိုရမယ်။




တင်ညွန့်
Thursday, January 12, 2012 | 1 comments | Labels:
လူ့စိတ်ဟာ အချိန်နဲ့အမျှပြောင်းလဲနေတတ်သလို လူတိုင်းမှာလည်း စိတ်ကောင်းနဲ့စိတ်ဆိုး ဆိုတာရှိပါတယ်။ တချို့ကလည်း လူ့စိတ်ဟာ မျောက်နဲ့တူတယ်လို့ ဆိုတတ်ကြပြီး၊ လူ့စိတ်တွေ ဖောက်ပြန်ပြောင်းလဲနေတာ ခန္ဓာကိုယ်တွင်းရှိတဲ့ နတ်ဆိုးတွေကြောင့်ဖြစ်တယ်လို့ဆိုကြပါတယ်။

မျောက်နဲ့တူတယ်ဆိုတဲ့ လူစိတ်က အခုအကောင်း၊ တော်ကြာတစ်မျိုးဖြစ်တတ်သလို၊ အဖွဲ့အစည်းတွင်း နိုင်ငံရေး Organizational Politics မှာလည်း အခုကိုယ့်ဘက် ရပ်တည်နေပြီး ခဏနေတော့ အခြားဘက်ပြောင်းသွားတာမျိုးဖြစ်ပါတယ်။ ဒါကို သာတဲ့ဘက် ကူသွားတဲ့အတွက် သာကူးတွေလို့ ဆိုကြပြန်ပါတယ်။

တချို့ကလည်း ကိုယ်ပိုင်အရည်အချင်းမရှိလို့ ကိုယ့် ရပ်တည်ရာ(Stand) ကိုယ်မသိဘဲ နေရာရရှိရေး၊ အခွင့်အရေးရရေး၊ စားသောက် ရရေး အတွက် ဒီလိုစိတ်ပြောင်းရတယ်လို့ ဆိုကြပြန်ပါတယ်။ စေတနာနှင့်နေရာမှာ ဆက်စပ်နေပြီး ပေါင်းစည်းချိတ်ဆက် ထားရန်လဲ လိုပါ သည်

စိတ်ဟာ ကောင်းကောင်းဆိုးဆိုး ဒီစိတ်ရဲ့မူလပိုင်ရှင်(အရှင်သခင်)ကတော့ ကိုယ်ကိုယ်တိုင်ပဲဖြစ်ပါတယ်။ ကိုယ်ဆိုးလို့ စိတ်ဆိုးတာ ဖြစ်ပြီး၊ ကိုယ်ကောင်းရင် ကိုယ့်စိတ်ကလည်း ကောင်းနေမှာ ဖြစ်ပါတယ်။ စိတ်ကောင်းဖို့၊ စေတနာကောင်းဖို့လိုပါတယ်။

စေတနာဆိုတာ ကံလို့မြတ်စွာဘုရားက ဟောပြောဆုံးမပါတယ်။ ကံဆိုတာကလဲ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကိုယ့်နောက် အမြဲလိုက်ပါနေပါတယ်။ ဒီတော့ စေတနာကောင်းရင် ကံကောင်းပြီး စေတနာယုတ်ရင် ကံဆိုးမှာ ဖြစ်ပါတယ်။ မြန်မာတွေဟာ အစွန်း ထွက်တဲ့ လူမျိုးလို့လည်း တချို့က ဝေဖန်သုံးသပ်ပြန်ပါတယ်။ အားနာစရာရှိရင် မတရားကြီးကို အားနာနေတတ်ပြီး မုန်းသွားပြီ ဆိုလည်း ရက်ရက်စက်စက်ကြီးကို မုန်းနေပြန်ပါတော့တယ်။

ဒါကြောင့် မြန်မာတွေကို ဆုံးမတဲ့ မြန်မာကြီးတွေက (မြန်မာပညာရှိတွေက) ဆုံးမရင်ပဲဖြစ်ဖြစ်၊ ဆုံးမစာရေးရင်ပဲဖြစ်ဖြစ်၊ အစွန်း နှစ်ဖက်ထွက်တဲ့ အတိုင်းလိုက်ညှိပြီး ပြောဆိုဆုံးမထားကြတာကို လေ့လာတွေ့ရှိရပြန်ပါတယ်။ တစ်ရွာမပြောင်း သူကောင်းမဖြစ်နဲ့ သေချင်တဲ့ကျား တောပြောင်းဆိုတော့ ကိုယ့်ဘာသာ ကိုယ်ဘာလုပ်သင့်တယ်ဆိုတာ ဆုံးဖြတ်သင့်ပါတယ်။ ကိုယ့်ဝမ်းတွင်းနာ ကိုယ့်သာ အသိဆုံးဖြစ်ပါလိမ့်မယ်။

စေတနာ

စေတနာသည် ကံလို့ဆိုတာမှာ ကိုယ်ပြဋ္ဌာန်းတဲ့စေတနာဟာ ကံအဖြစ်နဲ့ ကိုယ့်ဆီပြန်လာမယ်လို့ ရည်ညွှန်းတာဖြစ်ပေမယ့် စေတနာထားရင်း ခံလိုက်ရင်းဖြစ်တာတွေကို ကြုံရဖန်များတဲ့အခါများမှာတော့ စေတနာသည် လူတိုင်းနှင့်မတန်ဆိုတာမျိုး ဖြစ်လာခဲ့ပြန်ပါတယ်။ တချို့ကလည်း စေတနာအစစ်မဟုတ်လို့ ခံရတာလို့ပြောကြပြန်ပါတယ်။

စေတနာထားပါ၊ စိတ်ထားကောင်းပါဆိုတဲ့ စကားတွေဟာ အပြောလွယ်ပေမယ့် အလုပ်ခက်ပါတယ်။ ကြာရှည်မဖောက်ပြန်ဘဲ စေတနာထားဖို့ စိတ်ထားကောင်းဖို့ဆိုရင် ပိုတောင်ခက်ပါတယ်။

လူ့စိတ်သဘောကိုက ယေဘုယျဆိုရင် အတုံ့အတင်သဘောကိုဆောင်ပါတယ်။ သူကောင်းမှ ကိုယ်ကောင်းမယ်။ သူဆိုးရင် ကိုယ်ဆိုးမယ်လို့ သဘောရှိတတ်ကြပါတယ်။ စေတနာသဘောရင်းမှန်ကတော့ အဲဒီလိုမဟုတ်ရပေဘူး။

စေတနာဆိုတာကလည်း စိတ်ကလေးကဖြစ်လာတာဆိုတော့ စိတ်ရင်းကိုက ကောင်းရမှာဖြစ်ပါတယ်။ စိတ်ရင်းကောင်းမှ စေတနာကလည်းသန့်ရှင်းမှာ ဖြစ်ပါတယ်။ တချို့ကဆို အဲဒီစကားလုံးနှစ်လုံးတွဲဖက်လို့ စိတ်စေတနာလို့တောင်ခေါ်ကြတယ်။

စေတနာဆိုတာ ပါဠိက လာတာဖြစ်ပြီး၊ စေ့ဆော်တိုက်တွန်းတတ်သောတရား၊ သူတစ်ပါးအကျိုးကို လိုလားသောသဘောထားလို့ အနက်အဓိပ္ပာယ်ရပါတယ်။

မိဘက သားသမီးအပေါ်၊ ဆရာက တပည့်အပေါ်၊ ဒီလိုပဲအပြန်အလှန် သားသမီးက မိဘအပေါ်၊ တပည့်က ဆရာအပေါ် စေတနာ ထားကြတယ်။ ချစ်သူချင်းစေတနာရှိကြတယ်။ သူငယ်ချင်း အချင်းချင်း စေတနာထားကြတယ်။ ချမ်းသာသူက ဆင်းရဲသူအပေါ် စေတနာထားတယ်။ အစိုးရက ပြည်သူ အပေါ်စေတနာထားတယ်။

စေတနာစိတ်က အရေးကြီးတယ်။ မိဘဆရာတို့က စေတနာက ဖြူသန့်တယ်။ သားသမီးတွေ၊ တပည့်တွေရဲ့ ကောင်းတဲ့ တုံ့ပြန်မှုပဲ ဖြစ်ဖြစ် ဆိုးတဲ့တုံ့ပြန်မှုပဲဖြစ်ဖြစ် စေတနာမပျက်ဘူး။ မတုန်လှုပ်ဘူး။ ကိုယ်ကစေတနာထားပါရက်နဲ့ မကောင်းတဲ့တုံ့ပြန်မှုပြန်ရလည်း ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ပေး၊ ထားရမယ့် စေတနာဆက်ထားပေးနေတာပဲဖြစ်တယ်။

ကျန်သူတွေအချင်းချင်းကြားမှာတော့ စေတနာပျက်ယွင်းမှုတွေ တူညီတဲ့တုံ့ပြန်မှုတွေရှိလာတတ်တယ်။ လူ့စိတ်ကလေးပီပီ ပြောင်းလဲ ကုန်တော့တယ်။ အထူးသဖြင့် စေတနာထားပါရက်နဲ့ နေရာနဲ့ယှဉ်လာတဲ့အခါ စေတနာပျက်ကုန်တတ်တယ်။

စေတနာနဲ့ နေရာပေးတယ်။ တလွဲတွေ လျှောက်လုပ်ပစ်တယ်ဆိုရင် စေတနာပျက်သွားတတ်တယ်။ စေတနာနဲ့ မြေတောင် မြှောက်ပေး၊ ကူညီပေးတယ်။ နောက်ပိုင်းကိုယ့် ကိုယ်ပါထိခိုက်စော်ကားလာရင် စေတနာပွန်းပဲ့တတ်တယ်။

စေတနာထားတဲ့လူကလည်း စေတနာမှန်ဖို့လိုပြန်တယ်။ ကိုယ်ကိုယ်တိုင်စေတနာထားခဲ့ပြီးမှ စေတနာအလျောက် အောင်မြင်သွား ခဲ့ရင် နေရာတွေရသွားခဲ့ရင် ကိုယ့်စေတနာကိုယ်တိုင်က ညိုပုပ်လာ တာမျိုးမဖြစ်သင့်ဘူး။ စေတနာနဲ့ယှဉ်တွဲနေတဲ့ မေတ္တာ၊ မုဒိတာ၊ ဥပေက္ခာတို့ပါ တွဲစပ်ပါဝင်သင့်တယ်။ မဟုတ်ရင် ကိုယ့်စေတနာနဲ့ကိုယ် နောင်တရနေရင် မကောင်းပေဘူး။
ငယ်စဉ်ကအမေဆုံးမဘူးတဲ့ စကားလေးတခွန်းကအမြဲသတိရနေပါတယ်...သီးတင်းကျွတ်ဆီးမီးထွန်းတဲ့ ညလေးမှာပါ..။
အမေက သားလို့ ခေါ်ပြီးတော.....

"ငါ့သား...ဒီမှာ လာကြည့်စမ်း၊ ဆီသန့်ဆီကြည်နဲ့ ထွန်းတဲ့ ဆီမီးခွက်မီးက ကြည်တယ်၊ မှိုင်း မထွက်ဘူး၊ ဟိုဘက်က ဆီမဲဆီနောက်နဲ့ ထွန်းတဲ့မီးက မကြည်ဘူး၊ မှိုင်းထတယ်၊ ဒါဟာ ဆီကြည် ဆီနောက်ရဲ့ ခြားနားမှုပေါ့၊ ငါ့သား လုပ်ငန်းတစ်ခုကို ဆောင်ရွက်တဲ့အခါ ထားရှိတဲ့ စေတနာဟာ သိပ်အရေးကြီးတယ်၊ စေတနာ သန့်ရင်သန့်သလို၊ စေတနာ မဲ့ရင် မဲ့သလို၊ စေတနာ ယုတ်ရင် ယုတ်သလို အကျိုးပေးတယ်၊ ငါ့သား ကိုယ်လုပ်တဲ့ လုပ်ငန်းအပေါ်မှာ စေတနာသန့်ဖို့ကို အဓိကထား၊ ဗုဒ္ဓကလဲဒီအတိုင်း ဟောတယ်လို့ ဆရာတော်တွေက မိန့်လေ့ရှိတယ်။ ချမ်းသာချင်ရင်၊ ကြီးပွားတိုတက်ချင်ရင် စေတနာ မမဲ့ရဘူး၊ စေတနာ မကွက်ရဘူး ငါ့သား" ဆိုပြီးတော့ ဆုံးမစကားလေးပြောခဲ့ဘူးပါတယ်။


နေရာ

နေရာဆိုတာ ဒီနေရာမှာ အ ဖွဲ့အစည်းတွေ၊ လုပ်ငန်းတွေရဲ့ အရေးပါအရာရောက်တဲ့နေရာ၊ လုပ်ပိုင်ခွင့်ရှိတဲ့နေရာ၊ ဆုံးဖြတ်ချက် ချပိုင်ခွင့်ရှိတဲ့နေရာ၊ အမှုဆောင်အရာရှိ နေရာတွေကို ပြောတာပါ။

တချို့နေရာက နေရာကောင်းရထားတယ်ဆိုရင် စီးပွားဖြစ်တဲ့နေရာ၊ ၀င်ငွေဖြောင့်တဲ့နေရာကိုခေါ်ပါတယ်။ ဒီအိမ်လေး၊ ဒီခြံလေး၊ ဒီဆိုင်လေးက နေရာကောင်းတယ်။ သူ့သားက၊ သူ့အဖေက နေရာကောင်းရထားတယ်။ ရထားပေါ်မှာ၊ ကားပေါ်မှာ နေရာကောင်း ရတယ်စသဖြင့် ပြောတတ်ကြတယ်။

နေရာဟာအရေးကြီးတယ်၊ တခဏတာအတွက်ပဲဖြစ်ဖြစ်၊ တစ်ဘ၀စာအတွက်ပဲဖြစ်ဖြစ် လူတွေက နေရာကောင်းကို လိုချင်တတ် ကြတယ်။ နေရာရဖို့ကတော့ အဓိက ကြိုးစားကြရတာပါပဲ။ ဇာတ်ပွဲကြည့်ဖို့ဖြစ်ဖြစ်၊ စတိတ်ရှိုးကြည့်ဖို့ပဲဖြစ်ဖြစ်၊ နေရာကောင်းရချင်ရင် စောစောစီးစီးလက်မှတ်ဝယ်၊ ဖျာဝယ်၊ စောစောစီးစီးသွား နေရာယူကြရပါတယ်

လက်မှတ်တန်ဖိုးအလိုက် သတ်မှတ်တဲ့နေရာတောင် နေရာကောင်းရချင်ရင် နည်းနည်းတော့ ပိုအားစိုက်၊ ပိုကြိုးစားရတာပါပဲ။ ဒါက ငွေပေးပြီးနေရာယူတာ၊ နေရာဝယ်တာဖြစ်ပါတယ်။

ငွေပေးပြီး ယူရတဲ့နေရာမဟုတ်တဲ့ ပညာနဲ့အရင်းတည်ကြိုး စားရတာမျိုး၊ ကိုယ့်အရည်အချင်းပြပြီး ဖန်တီးလုပ်ကိုင်ပြမျိုးဆိုရင်တော့ ပိုခက်သွားသလို ပိုပြီးလည်း အားစိုက်ရပါတယ်။

ဒီနေရာနဲ့ ပတ်သက်ပြီးတော့လဲ အမေ ပြောဖူးတာလေးတစ်ခုရှိပါတယ်.....

တစ်ခုသော လပြည့်ညတညမှာပေါ့...အမေနဲ့အတူအိမ်ရှေ့ က ကွပ်ပစ်မှာစကားဝိုင်းဖွဲ့ နေတုန်း အမေက " သားရေ..လမင်းကြီးကိုကြည့်စမ်း လမင်းဟာအေးမြတယ်၊ အေးမြတဲ့ လမင်းရဲ့ ဓါတ်ကို ပုတီးစိပ်ရင်း ကိုယ့်နှလုံးအိမ်မှာဓါတ်ကူးယူတဲသဘောပဲ၊ ဓါတ်ပေါင်းတယ်လို့ ဆိုချင်ရင်ဆိုပေါ့၊ အတိတ်နိမိတ်ကောင်းလို့ ဓါတ်ပေါင်း လပြည့်နေ့ကို အလေးထားတာ၊ လမင်းရဲ့ အလင်းရောင်ဟာ သန့်တဲ့ နေရာ၊ မသန့်တဲ့ နေရာရယ်လို့ မရွေးဘူး၊ မခွဲခြားဘူး၊ အေးမြမှု အလင်းရောင်တွေကို အမြဲတမ်းပေးစွမ်းတယ်၊ ဒီအတိုင်းဘဲ အမေတို့ဟာလဲ လူတွေကို အဆင့်မခွဲခြားဘဲ လူကို လူလိုလေးစားတတ် ရမယ်၊ တန်ဖိုးထားတတ်ရမယ်။ လူတိုင်းဟာ သူ့နေရာနဲ့ သူတော့သုံးတတ်ရင် တန်ဖိုးရှိတာချည်းပဲ၊  လူတိုင်းမှာ သူအစွမ်းနဲ့သူတော့ ရှိတတ်ကြပါတယ်။ အရေးကြီးတာက ဘယ်အလုပ်ပဲလုပ်လုပ် ကိုယ်တတ်နိုင်သလောက် ကိုယ်စွမ်းနိုင်သလောက် စေတနာထားပြီး လုပ်ကိုင်ရန်လိုအပ်ကြောင်း ဆုံးမစကားပြောခဲ့ဖူးပါတယ်။

ပညာတို့၊ အရည်အချင်းတို့တည်ပြီး ကြိုးစားရတာမျိုးဆိုရင် ခံစားအကဲဖြတ်တဲ့ ပရိသတ်ရဲ့အဆင့်အတန်းနဲ့ ခံစားနိုင်မှုက အရေးကြီး သလို အဲဒီအကဲဖြတ်ပုဂ္ဂိုလ်တို့ရဲ့စေတနာကလည်း သန့်ရှင်းဖို့လိုပါတယ်။ ထပ်ဆင့်ရှင်းအောင် ပြောရရင်တော့ အဂတိမလိုက်ဖို့ လိုပါတယ်။

သင့်တော်သူကို သင့်တော်သလိုနေရာ ပေးရမှာဖြစ်ပါတယ်။ ကိုယ့်အကျိုးဆောင်လို့၊ ကိုယ်သဘောကျလို့၊ ကိုယ်ချစ်လို့ဆိုပြီး နေရာတွေ စွတ်ပေးလို့ မသင့်သလို၊ အမြင်ကပ်လို့၊ မုန်းလို့ဆိုပြီး နေရာမပေးတာလည်း မကောင်းပါဘူး။ စေတနာသန့်သန့်နဲ့ နေရာတွက်ချက်ပြီး ပေးရမှာဖြစ်ပါတယ်။

နေရာရသူဘက်ကလည်း ကြိုးစားပြရမှာတွေရှိ ပြန်ပါတယ်။ ကိုယ့်မှာနေရာရအောင် အကောင်းဆုံးကြိုးစားခဲ့ပြီး (တစ်ခါတစ်ရံတော့ နည်းစုံကို သုံးခဲ့ရတတ်တယ်) နေရာရခဲ့ပြီဆိုတော့ ဒီနေရာနဲ့ထိုက်တန်အောင်၊ ကိုယ့်ကိုရိုသေလေးစားကြအောင်၊ နေရာနဲ့ထိုက်တန် သူလို့ အကဲဖြတ်မှတ်ချက်ရအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ကိုယ်ရရှိတဲ့နေရာအလိုက်လည်း စေတနာအပြည့်နဲ့ လုပ်ကိုင်ဆောင်ရွက်ပေးဖို့လိုပါတယ်။ စေတနာမပါဘဲ စေတနာမထားဘဲ နေရာအလွဲ သုံးစားလုပ်နေရင်လည်း မကောင်းပါဘူး။ ကြာရင် ခံရသူများက စေတနာပျက်လာမှာ ဖြစ်ပါတယ်။ ခံရတဲ့သူတွေ စေတနာပျက်ရင် တစ်ခါကိုယ့်နေရာက ပြန်ပြီးလှုပ်လာမှာ ဖြစ်ပါတယ်။

ဆိုလိုချင်တာက နေရာနဲ့စေတနာ၊ စေတနာနဲ့နေရာက ဆက်စပ်နေပါတယ်။ ကိုယ့်လုပ်ရပ် ကိုယ့်စေတနာကြောင့် နေရာတွေရနိုင် သလို၊  နေရာသာယူပြီး စေတနာမပါရင်၊ ကိုယ့်လုပ်ရပ်မကောင်းရင်တော့ ကိုယ့်နေရာလဲ ကြာရှည်မတည်မြဲနိုင်ပါကြောင်း တင်ပြရပါတယ်။



မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။
Friday, September 2, 2011 | 0 comments | Labels:

လောကကြီးထဲမှာ ဖြစ်ပျက်နေသမျှကိစ္စအားလုံးက တစ်ခုကိုရရင် အခြားတစ်ခုကို ဆုံးရှုံးရတာ ချည်းပဲ။ အချစ်က လူကိုပျော်ရွှင်မှုတွေပေးသလို ဝမ်းနည်းကြေကွဲမှုကိုလည်း ပေးတယ်။ စည်းစိမ်ချမ်းသာခြင်းက လူကိုပျော်ရွှင်စေသလို စိတ်မချမ်းမြေ့မှုတွေကိုလည်း ပေးတယ်။ အောင်မြင်ခြင်းက လူကိုဝမ်းသာ ဂုဏ်ယူ စေသလို ရှုံးနိမ့်ခြင်းက လူကိုဝမ်းနည်းစေတယ်။ မျှော်လင့်ထားတဲ့ အရာတစ်ခုခုကို ပိုင်ဆိုင်ရတာဟာ ပျော်ရွှင်ခြင်းတစ်မျိုးဖြစ်တယ်။ အလားတူ ဆုံးရှုံးသွားခဲ့ရင် ပျော်ရွှင်ခဲ့တဲ့အဆ အတိုင်း ပြန်ခံစားရလိမ့်မယ်။ 

ဥပမာ- ရယူပိုင်ဆိုင်တုန်းက ၈မှတ် ပျော်ရွှင်ခဲ့ရင်၊  ဆုံးရှုံးသွားတဲ့အချိန်မှာလည်း ၈မှတ် ၀မ်းနည်းကြေကွဲလိမ့်မယ်၊ နောက်ဆုံးရတဲ့ကိန်းက အတူတူပဲဖြစ်ပါတယ်။

လူတချို့က ပစ္စည်းဥစ္စာကို ရယူပိုင်ဆိုင်နိုင်ခဲ့ပေမယ့် ကျန်းမာရေး၊ မိသားစု သို့မဟုတ် အချစ်ရေးမှာ ဆုံးရှုံးသွားကြတယ်။ လူတချို့က စီးပွါးရေး၊ အောင်မြင်ရေးမှာ ၃မှတ်လျော့ခဲ့ပေမယ့် လူမှုရေး၊ ကျန်းမာရေးနဲ့ ကိုယ်ပိုင်လွတ်လပ်မှုမှာ ၃မှတ်တိုးလာခဲ့တယ်။ တချို့အရာတွေက မတရားဘူးလို့ ထင်ရပေမယ့် သေချာချင့်ချိန်ကြည့်ရင် တရားတာတွေချည်းပါပဲ။

တချို့က ငွေရှိရင် ပိုပျော်ရွှင်ရတယ်လို့ ထင်ကြတယ်။  ဆင်းရဲသားတစ်ဦးက ငွေရာကျော်လေးနဲ့ ပျော်ရွှင်မှုကို ရနိုင်တယ်။ အဲဒီဆင်းရဲသား သူဌေးဖြစ်ပြီးနောက် တူညီတဲ့ပျော်ရွှင်မှုကို ငွေထောင်သောင်းသုံးမှ ဒါမှမဟုတ် သိန်းရာကျော်သုံးမှ သူရနိုင်တော့မယ်။ အရသာပြင်းပြင်းကြိုက်လေ အဲဒီပစ္စည်းတွေရဲ့အရသာက ညံ့လေ လေ ဖြစ်တယ်။ ငွေကြေးများလေလေ အဲဒီငွေတွေရဲ့တန်ဖိုးက သေးလေလေဖြစ်တယ်။ ဗိုက်အရမ်းဆာချိန် မှာ ပေါက်စီတစ်လုံးရဲ့ အရသာက အရမ်းချိုမြိန်ပါတယ်။ ဒါပေမယ့် ပေါက်စီငါးလုံးစားပြီးနောက် ပေါက်စီရဲ့ ချိုမြိန်တဲ့အရသာကို သင်ခံစားမိတော့မှာ မဟုတ်ဘူး။

ငွေများလေ သူခိုးဓါးမြရန်ကို ကြောက်လေ၊ အိမ်ကြီးလေ ထိန်းသိမ်း လှဲကျင်းရမှာကြောက်ေ
လ၊ များများစားတဲ့ လူက ဝမှာ ကြောက်တယ်။ ကောင်းကောင်းစားရတဲ့လူက သေမှာကြောက်တယ်။ ဒါကြောင့် အခုခေတ် ချမ်းသာတဲ့လူတွေက ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေ စားကြတယ်။ ပဲ၊ ပြောင်း၊ ဂျုံတွေကို အဓိကထား စားကြတယ်။ အဲဒီအစားအစာတွေ အားလုံးက ဆင်းရဲတုန်းက စားခဲ့တဲ့အစာ ဒါမှမဟုတ် တိရစ္ဆာန်တွေကို ကျွေးတဲ့အစာတွေ မဟုတ်ပါလား?

အားလုံးသိပြီးဖြစ်တဲ့ ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်။


မြေခွေးတစ်ကောင်ဟာ ခြံစည်းရိုးထဲက စပျစ်သီးကိုတွေ့တော့ အရမ်းစားချင်ခဲ့တယ်။ အပင်ထက်က စပျစ်သီး တွေရဲ့ ဆွဲဆောင်မှုကြောင့် မြေခွေးဟာ ခြံထဲဝင်ဖို့ ဝင်ပေါက်ကိုလိုက်ရှာခဲ့တယ်။ နောက်ဆုံး စည်းရိုးနားက ဝင်ပေါက်တစ်ခုကို သူတွေ့ခဲ့တယ်။ ဝင်ပေါက်က သေးနေလို့ သူ့ခန္ဓာကိုယ်နဲ့ ဝင်မရခဲ့ဘူး။ ဒါနဲ့ မြေခွေးက ဝင်ပေါက် သေးသေးလေးထဲ ဝင်ရဖို့ သူ့ခန္ဓာကိုယ် သေးငယ်သွားအောင် စည်းရိုးအပြင်မှာ(၆)ရက်ကြာ အစာငတ်ခံခဲ့တယ်။ နောက်ဆုံး မြေခွေး ဟာ ခြံထဲကိုဝင်နိုင်ခဲ့ပြီး စပျစ်သီးတွေကို အားရပါးရ စားသုံးခဲ့တယ်။ စားပြီးမှ ပြည့်တင်းနေတဲ့ခန္ဓာနဲ့ ခြံအပြင်ထွက်ဖို့ မရမှန်းသိတော့ မြေခွေးဟာ (၆)ရက်ကြာ အစာငတ်ခံ ပြန်တယ်။  ဒါကြောင့် နောက်ဆုံး ရကိန်းက အတူတူပဲလို့ ပြောရခြင်းဖြစ်တယ်။
 
ချောင်းအထက်ပိုင်းမှာ နေ့တိုင်းရေသောက်နေတဲ့ ရှဥ့်တစ်ကောင်နဲ့ ချောင်းအောက်ပိုင်းမှာ နေ့တိုင်း ရေသောက်နေတဲ့ ရှဥ့်က ဘာမှမခြားနားဘူး။ ရှဥ့်တစ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရေဘယ်လောက်ဆန့်မလဲ? ရေပိုသောက်တဲ့သူက ဗိုက်ကားပြီး သေရုံကလွဲလို့ ဘာဖြစ်နိုင်ဦးမလဲ?

လောကကြီးတစ်ခုလုံးကို ကိုယ်ပိုင်ဆိုင်ထားတယ်ဆိုရင်တော
င် ကိုယ့်အတွက်က တစ်နေ့ထမင်းသုံးနပ်နဲ့ ညအိပ်ရင် ကုတင်တစ်လုံးပါပဲ။ ကုတင်အလုံးတစ်ရာ ပိုင်တယ်ဆိုရင်တောင် ညအိပ်ရင် ကုတင်တစ်လုံးပဲ သင်အိပ်နိုင်မယ်။ ဖိနပ်အရံတစ်ထောင် ပိုင်ထားတယ်ဆိုရင်တောင် တစ်ကြိမ်မှာ ဖိနပ်တစ်ရံပဲ သင်စီးလို့ ရမယ်။ ဟင်းအပွဲရာကျော်ကို သင်မှာနိုင်တယ်ဆိုရင်တောင် သင်ဘယ်လောက်စားနိုင်မလဲ? အလွန်ဆုံး အစာအိမ်တစ်ခုပဲ သင်ထည့်နိုင်မှာ မဟုတ်လား?

လူရယ်လို့ဖြစ်လာရင် လူဘဝဆိုတာကို တွေ့ကြုံခံစားကြည့်ဖို့ပါပဲ။ လူ့လောကထဲ ရောက်လာသူတွေ အားလုံး မှာ ဥစ္စာ၊ ရာထူးတွေသာ အနိမ့်အမြင့်ဆိုပြီး အဆင့်အတန်းခွဲထားကြမယ်။ ကျန်းမာရေးနဲ့ ပျော်ရွှင်ခြင်းကို တော့ အနိမ့်အမြင့်ခွဲခြားလို့ ရမှာမဟုတ်ဘူး။ ငွေရှိတဲ့လူရဲ့ ပျော်ရွှင်ခြင်းက ပိုရှုပ်ထွေးမယ်။ ဆင်းရဲတဲ့လူရဲ့ ပျော်ရွှင်ခြင်းက ပိုရိုးရှင်းမယ်။ ဒီလောက်လေးပဲ ကွာခြားပါတယ်။ တစ်ပြိုင်တည်းမှာ ယောက်ျား ဒါမှမဟုတ် မိန်းမ သုံးလေးယောက်ပိုင်ဆိုင်သူက တစ်ယောက်တည်းပိုင်ဆိုင်သူလောက် ရိုးရှင်းပျော်ရွှင်မှာ မဟုတ်ပါဘူး။


သင်ပျော်ရွှင်ချိန်မှာ ဝမ်းနည်းခြင်းက တစ်နေရာမှာ ချောင်းမြောင်းနေလိမ့်မယ်။ ဝမ်းနည်းကြေကွဲခြင်းရဲ့ နောက်မှာ ပျော်ရွှင်ခြင်းက ထပ်ကြပ်မခွါ လိုက်လို့နေတယ်။ နောက်ဆုံးမှာ အရာရာတိုင်းက သူ့နေရာနဲ့သူ အံဝင်ခွင်ကျ ဒွန်တွဲနေတယ်ဆိုတာကို သင်သတိပြုမိလိမ့်မယ်။ ပျော်ရွှင်တာ ဝမ်းနည်းတာ၊ ပိုင်ဆိုင်တာ ဆုံးရှုံးတာ၊ ကောင်းတာ ဆိုးတာ၊ တိုးတာ လျှော့တာ နောက်ဆုံးရတဲ့ကိန်းက တူညီနေပါလိမ့်မယ်။


တချို့လူက အချိန်စောပြီး ရယူပိုင်ဆိုင်ရတယ်။ တချို့ကနောက်ကျမှ ရယူပိုင်ဆိုင်တယ်။ တချို့က အချိန်စောပြီး လက်လွှတ်ဆုံးရှုံးရတယ်။ တချို့က နောက်ကျမှ ဆုံးရှုံးတယ်။ ဒါပေမယ့် နောက်ဆုံးရတဲ့ကိန်းက အတူတူပဲဖြစ်တယ်။ ရယူပိုင်ဆိုင်တုန်းက ပျော်ရွှင်ခဲ့တဲ့ပျော်ရွှင်ခြင်းေ
လာက် ဆုံးရှုံးချိန်မှာ ဝမ်းနည်းရမှာ ဖြစ်တယ်။ နောက်ဆုံး သေဆုံးချိန်မှာ လူတိုင်း၊ အရာတိုင်းက တူညီသွားပါတယ်။ သေဆုံးခြင်းက အရာ အားလုံး ကို တရားမျှမျှ ဆောင်ရွက်ပေးခဲ့ပါတယ်။ သေဆုံးခြင်းမှာ ဆင်းရဲ ချမ်းသာ ခွဲမထားပါဘူး။ ချမ်းသာတဲ့လူက သက်တောင့်သက်သာသေရပြီး ဆင်းရဲသူက နာကျင်ခံစားပြီး သေမှာမဟုတ်ပါဘူး။

လူတချို့က (၁ဝ)မှတ်အပြည့်ရတယ်။ သူသေဆုံးထွက်ခွါချိန်မှာ (၁ဝ)မှတ်အပြည့် ဆုံးရှုံးရမှာဖြစ်တယ်။ ဒါဟာ လုံးဝတရားပါတယ်။


လူတချို့က (၃)မှတ်ရတယ်။ တချို့က (၇)မှတ်ရတယ်။
(၃)မှတ်ရသူက (၃)မှတ်သောဥစ္စာကိုရပြီး (၇)မှတ်သောကျန်းမာပျော်ရွှင်မှုကိ
ုရမယ်။
(၇)မှတ်ရသူက (၇)မှတ်သောဥစ္စာကိုရပြီး (၃)မှတ်သောကျန်းမာပျော်ရွှင်မှုကိ
ုရမယ်။
တချို့က အရင်ရတယ်။ တချို့က နောက်ကျမှရတယ်။ တချို့က လုံးဝမရဘူး။

အရင်ရသူက အရင်ဆုံးရှုံးမယ်။ နောက်ကျရသူက နောက်မှဆုံးရှုံးမယ်။ လုံးဝမရသူက ဆုံးရှုံးတော့မှာ မဟုတ်ဘူး။ ဒါကြောင့် လူရယ်လို့ဖြစ်လာရင် ဘာအငြိုးအတေးမှ မထားနဲ့။ သူမှန်တယ်၊ ငါမှားတယ်၊ သူညံ့တယ်၊ ငါတော်တယ်နဲ့ တွယ်ကပ်တွက်ချက်မနေပါနဲ့။ လူဘဝဆိုတာကို တွေ့ကြုံခံစားကြည့်ဖို့ပါပဲ။
 


ဘဝစိတ်ပျက်ကြေကွဲချိန်မှာပြုံးနိုင်အောင် ပြုံးပါ။ နောက်ဆုံးရတဲ့ကိန်းက အတူတူပါပဲ ဖြစ်မှာပါ။
Saturday, August 20, 2011 | 0 comments | Labels:
 ငါ့သား......
"မွေးလာကတည်းက သေရမည့်အချိန်ကို ထမင်းစားရင်းစောင့်နေကြတဲ့ လူတွေ လောကမှာ
အများကြီး ရှိတယ်။ ဒီအထဲမှာ ငါ့သားမပါစေနဲ့"  အမေ၏ ဆုံးမစကားတို့သည် ရှင်းသည်၊ တိကျသည်၊ ပြတ်သားသည်၊ နားလည်လွယ်သည်။ ပါဠိစာသားများ မပါဝင်၊ ဒါကလည်း အကြောင်းတော့ ရှိသည်။ ကျွန်တော့်အမေသည် စာမရေးတတ်၊ မဖတ်တတ်ပါ။
ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ မိဘတိုင်း သားသမီးများကို အမွေပေးခဲ့ကြသူများချည်  ဖြစ်သည်။ အဖေ၊ အမေထံမှ ပစ္စည်းဥစ္စာ၊ ဓနကြေးငွေ၊ ပညာ စသည်တို့ကို ရရှိမှသာ အမွေရသည်ဟု သားသမီးများက ထင်တတ်ကြပါသည်။ တကယ်တော့ ၎င်းပစ္စည်းများ တန်ဖိုးနှင့် တုနှိုင်းယှဉ်လို့ မရနိုင်အောင်ပင် အဖိုးအနဂ္ဃ ထာဝရ မြင့်နေသော အမွေကို ကမ္ဘာပေါ်ရှိ သားသမီးတိုင်း ၎င်းင်းတို့၏ မိဘအသီးသီးထံမှ ရရှိကြသည်သာ။ ထိုအမွေကား အသက် ဟူသော အမွေတည်း။
"သတိမမူ ဂူမမြင်၊ သတိမူတော့ မြူပါမြင်သည်" ဟု ဆိုရိုးစကား ရှိပါသည်။ အသက်သည် အမွေတစ်ခုဟု အမေက ကျွန်တော့်ကို သိစေချင်သည်။ ဒီအသက်အမွေကို အရင်းအနှီးပြုလုပ်ပြီး ကျွန်တော်၏ ကိုယ်ကျင့် သိက္ခာ မြင့်မားအောင် နေထိုင်စေချင်ခဲ့သည်။ ဒါက အမေ၏ ဆန္ဒ၊ ထိုဆန္ဒနှင့်အညီ စာမတတ်သည့်ကြားမှ
အလျင်းသင့်သလို ကျွန်တော့်ကို ဆုံးမစကားများစွာကို ပြောဆိုခဲ့သည်။ ထိုဆိုဆုံးမစကားများသည်ပင် အမေ၏ နှလုံးသားမှ မေတ္တာ၊ စေတနာ၊ ကရုဏာတို့ဟု ကျွန်တော်နားလည် သဘောပေါက်ပါပြီ။
အမေက ပြောခဲ့ဖူးသည် ငါ့သား...."၀မ်းနဲ့လွယ်မွေးခဲ့ရတဲ့ မိခင်တိုင်းရဲ့ ကာယီကဒုက္ခနဲ့ စေတသိက ဒုက္ခတွေကို မျက်လုံးအစား နှလုံးသားနဲ့ ခံစားကြည့်၊ မိခင်တိုင်းရဲ့ မေတ္တာ၊ ကရုဏာ၊စေတနာ စွမ်းအင်ကြီးမား ပုံကိုလဲ မြင်နိုင်အောင် လေးလေး နက်နက်တွေး၊ ဒါမှ အမေရဲ့ တန်ဖိုးကို သိလိမ့်မယ်၊ တန်ဖိုးသိမှ ကျေးဇူးကို နားလည်မယ် ငါ့သား"
"လူဖြစ်ဖြစ်၊ ပစ္စည်းဖြစ်ဖြစ် မရှိတော့မှ တန်ဖိုးကို ပိုသိကြမယ်၊ သတိရကြမယ်၊ နှမြောတမ်းတကြမယ်၊ အမေ ပြောတာတွေကို ငါ့သားက အသက်ရှစ်နှစ်ဆိုတော့ ငယ်သေးတယ်၊ ကောင်းကောင်းနားလည်မှာ မဟုတ်သေးပါဘူး"

"ငါ့သား၊ အမေတို့ နေ့စဉ်နဲ့အမျှ လုပ်နေတာတွေ၊ ပြောနေတာတွေ၊ ကြံစည်နေတာတွေက အမေတို့ သွားရမည့် နေရာကို ပို့ကြလိမ့်မယ်" "ငါ့သား နားလည်အောင် အလွယ်ကူဆုံး စကားနဲ့ အမေပြောမယ်၊ ကောင်းတာကြံ၊ ကောင်းတာပြော၊ ကောင်းတာလုပ်၊ အဲဒါဆိုရင် ကောင်းတဲ့နေရာ ရောက်မယ် ကောင်းတဲ့အကျိုးကို ခံစားရ မယ်၊ မကောင်းတာလုပ်ရင်တော့ မကောင်းတဲ့အကျိုးကို ခံစားရလိမ့်မယ်"

"ဒါဆိုရင် အမေကောင်းတဲ့ နေရာရောက်ပါစေလို့ အမေလည်းဆုတောင်း၊ ကျွန်တော်လည်း ၀ိုင်းပြီး ဆုတောင်းပေးမယ်"လေ။

"ငါ့သားရယ် လောကမှာ ဆုတောင်းလို့ရတဲ့ ကိစ္စတွေ ရှိသလို ဆုတောင်းလို့မရတဲ့ ကိစ္စတွေလဲ ရှိတယ်၊ အခုအမေပြောတာတွေက ဆုတောင်းလို့ မရတာတွေ"
"ငါ့သား ကျောင်းစာကိုလည်း ကျက်၊ တဖက်ကလဲ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်အောင် ကြိုးစား၊ ဘာသာရေးကလဲ အရေးကြီးတာပဲ ငါ့သားရဲ့"
"အမေကလဲ ကြံကြံဖန်ဖန် ပူနေပုံရတယ်၊ အင်္ဂလိပ်ကျောင်းမှာ နေလို့ ကျွန်တော် ခရစ်ယာန်ဖြစ်မှာ စိုးရိမ်နေတာနဲ့ တူတယ်၊ အမေရယ်......အဖေရော အမေကပါ ဗုဒ္ဓဘာသာတွေ ဆိုတော့ ကျွန်တော်ကလဲ မိရိုးဖလာ ကိုယ်နှိုက်က ဗုဒ္ဓဘာသာ ဖြစ်ပြီးသားပါ" အမေ....

"ငါ့သား.....
ဒီလိုပြောလို့လဲ မရဘူး၊ ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်ဖို့ ဆိုတာ လွယ်တာ မဟုတ်ဘူး၊ ဗုဒ္ဓဘာသာဝင် တစ်ဦးမှာ မရှိရင် မဖြစ်တဲ့ အရည်အချင်းဆိုတာတွေ ရှိသေ တယ်၊ အဲဒါ ဘာလဲဆိုတော့ သဒ္ဓါတရားဆိုတဲ့ ယုံကြည်မှုပဲ၊ ဘုရားကို ယုံကြည်ရမယ်၊ တရားကို ယုံကြည်ရမယ်၊ သံဃာကို ယုံကြည်ရမယ်၊ ကံကို ယုံကြည်ရမယ်၊ ကံရဲ့အကျိုးကို ယုံကြည်ရမယ်၊ ဒါဟာ သိပ်အရေးကြီးတဲ့ အချက်ပဲ၊ အဲဒီ ယုံကြည်မှု ငါးမျိုးထဲက တစ်ခုခု ပျက်ရင် ဗုဒ္ဓဘာသာဝင် စစ်စစ်မဖြစ်နိုင်တော့ဘူး၊ ဒါဟာ ဘုရားဟောလို့ အမေတို့ ကိုးကွယ်တဲ့ ဆရာတော်ကြီးတွေက ပြောဖူးတယ်"
ကျွန်တော်က ကျက်လက်စ ကျောင်းစာများကို ဘေးအသာချထားပြီး တန်ဘိုးရှိလှသည့် အမေ၏ တရားစကားများကို အာရုံစူးစိုက် နားထောင်နေလိုက်သည်။

"လူတစ်ဦးတစ်ယောက်ဆီက အင်မတန်မှ ရခဲတဲ့အရာ လောကမှာ ရှိတယ်။ အမေနဲ့ သား၊ ဆရာနဲ့ တပည့် ဆိုပြီး၊ ဇွတ်အတင်း တောင်းလို့ မရဘူး၊ ဒါဟာ ဘာလဲဆိုတော့ ယုံကြည်မှုဆိုတဲ့ သဒ္ဓါတရား ငါးမျိုးဘဲ၊ သဒ္ဓါတရား ဆိုတာ ကာယကံရှင်ရဲ့ ရင်ထဲ၊ အသည်းထဲ၊ နှလုံးအိမ်ထဲက ဘယ်သူမှ မတောင်းဆိုရဘဲ ဘယ်သူမှ မတိုက်တွန်းရဘဲ အလိုလို မြစ်ဖျားခံ နိုးကြားလာမှ စစ်မှန်တယ်၊ ဒါမှ ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်တယ်တဲ့"
ဘာသာရေး ခံယူချက်တွင် မှန်ကန်စေချင်သော အမေ၏ ဆန္ဒနှင့် စေတနာကို ကျွန်တော်များစွာ တန်ဖိုးထား ရပါမည်။ ထို့ကြောင့်လည်း ထိုနေ့ညက အမေ့ခြေအစုံကို ဦးခေါင်းဖြင့် ထိ၍ ရှိခိုးရင်းကျွန်တော်ဟာ သဒ္ဓါတရားနှင့် ပြည့်ဝသော ဗုဒ္ဓဘာသာဝင် စစ်စစ်တစ်ဦး ဖြစ်ရပါစေ့မည်ဟု အမေ့ကို ကတိပေးခဲ့ပါသည်။ အမေက သာဓု သုံးကြိမ်ခေါ်ပါသည်။
ငါ့သား.....
"ဟောဒီလှိုင်းလုံးတွေဟာ ပင်လယ်ထဲက စတင်ပြီး သောင်ကမ်းဆီကို မမောနိုင် မပမ်းနိုင် ပြေးပြေး တက်လာကြတယ်၊ ကမ်းနားရောက်တော့ ပျောက်ပျက်သွားတယ်လို့ မျက်မြင်အရ ထင်စရာပေါ့၊ ဒါပေမယ့် အဲဒီလှိုင်းလုံးတွေဟာ မူရင်းစတင်ဖြစ်ပေါ်တဲ့ ပင်လယ်ထဲဆီကို ပြန်သွားကြတယ်လို့ အမေ့ရဲ့ အဖေ အမေတွေက ပြောဖူးတယ်၊ ငါ့သား......
ငါ့သား......
ဒို့ဗုဒ္ဓ မြတ်စွာဘုရားရှင် ကိုယ်တော် မြတ်တော်ကြီးက စေတနာနဲ့ ပတ်သက်ပြီး ဟောကြားခဲ့တယ်၊ မြတ်စွာဘုရားက လုပ်ငန်းတိုင်းကို ကောင်းမြတ်တဲ့ စေတနာနဲ့ လုပ်ဖို့ တိုက်တွန်းတယ်၊ ထိတွေ့ဆက်ဆံရတဲ့ လူတွေ၊ သတ္တ၀ါတွေအပေါ်မှာလဲ စေတနာကောင်းထားရမယ်လို့ ဆုံးမခဲ့တယ်၊ ကိုယ်ထားရှိတဲ့ စေတနာဟာ အချိန်တန်ရင် ကိုယ့်ဆီကို ပြန်လာတယ်၊ အလဟဿ မဖြစ်ဘူး၊ ပင်လယ်သမုဒ္ဒရာထဲက လှိုင်းလုံးတွေဟာ ဝေးကွာတဲ့ ကမ်းနားဆီကို ဦးတည်သွားနေပေမဲ့ ကမ်းနားရောက်ပြီးတာနဲ့ စတင်ဖြစ်ပေါ်တဲ့ မူလနေရာဆီကို
အမြဲပြန်လာတယ်၊ ပျောက်ပျက်သွားရိုး ထုံးစံမရှိဘူး၊ စေတနာကို လှိုင်းလုံးနဲ့ ဥပမာပြပြီး မြတ်ဗုဒ္ဓက ဟောထားခဲ့တာပါ။

တန်ဆောင်မုန်းလပြည့်နေ့ ညတစ်ညတွင် ဖြစ်သည်။ မြေဆီမီးခွက်များတွင် ဆီနှင့် မီးဇာကို အသုံးပြု၍
မြတ်ဗုဒ္ဓကို ကျွန်တော်တို့ မိသားစု ဆီမီးပူဇော်ကြသည်။
"ငါ့သား......
ဒီမှာ လာကြည့်စမ်း၊ ဆီသန့်ဆီကြည်နဲ့ ထွန်းတဲ့ ဆီမီးခွက်မီးက ကြည်တယ်၊ မှိုင်း မထွက်ဘူး၊ ဟိုဘက်က ဆီမဲဆီနောက်နဲ့ ထွန်းတဲ့မီးက မကြည်ဘူး၊ မှိုင်း ထတယ်၊ ဒါဟာ ဆီကြည် ဆီနောက်ရဲ့ ခြားနား မှုပေါ့၊ ငါ့သား..... လုပ်ငန်းတစ်ခုကို ဆောင်ရွက်တဲ့အခါ ထားရှိတဲ့ စေတနာဟာ သိပ်အရေးကြီးတယ်၊ စေတနာ သန့်ရင် သန့်သလို၊ စေတနာ မဲ့ရင် မဲ့သလို၊ စေတနာယုတ်ရင် ယုတ်သလို အကျိုးပေးတယ်၊ ငါ့သား
ကိုယ်လုပ်တဲ့ လုပ်ငန်းအပေါ်မှာ စေတနာသန့်ဖို့ကို အဓိကထား၊ မြတ်ဗုဒ္ဓကလဲ ဒီအတိုင်း ဟောပြခဲ့တယ်လို့ ဆရာတော်တွေက မိန့်လေ့ရှိတယ်။ ချမ်းသာချင်ရင် စေတနာမမဲ့ရဘူး"
"လမင်းကြီးဟာ အေးမြတယ်၊ အေးမြတဲ့ လမင်းရဲ့ ဓါတ်ကို ပုတီးစိပ်ရင်း ကိုယ့်နှလုံးအိမ်မှာ ဓါတ်ကူးယူတဲ့ သဘောပဲ၊ ဓါတ်ပေါင်းတယ်လို့ ဆိုချင်ရင်ဆိုပေါ့၊ အတိတ်နိမိတ်ကောင်းလို့ ဓါတ်ပေါင်းလပြည့်နေ့ကို အလေးထားတာ၊ လမင်းရဲ့ အလင်းရောင်ဟာ သန့်တဲ့ နေရာ၊ မသန့်တဲ့ နေရာရယ်လို့ မရွေးဘူး၊ မခွဲခြားဘူး၊
ဒီအတိုင်းဘဲ အမေတို့ဟာလဲ လူတွေကို အဆင့်မခွဲခြားဘဲ လူကိုလူလို လေးစားတတ်ရမယ်၊ တန်ဖိုးထား တတ်ရမယ်။ လူတိုင်းဟာ သူ့နေရာနဲ့ သူတော့ သုံးတတ်ရင် တန်ဖိုးရှိတာချည်းပါပဲ"
င့ါသား......
"ပုဂ္ဂိုလ်တွေက နေကို လူ့ဦးခေါင်းလို သဘောထားကြတယ်၊ လူ့ဦးခေါင်းဟာ နေရာမပြောင်းဘူး၊ နေမင်းဟာလဲ ဒီအတိုင်းဘဲ၊ လဆန်း၊ လဆုတ်၊ လပြည့်၊ လကွယ်နေ့တွေမှာလဲ အရွယ်အစား လုံးဝ မပြောင်းဘူး၊ စိတ်ဓာတ်ရေးရာမှာ နေလို ကျင့်ပါ၊ သမာဓိခိုင်မြဲပါစေ၊ အပြောင်းအလဲ မလုပ်ပါနဲ့"
"လမင်းကြီးကိုတော့ လူ့မျက်နှာလို သဘောထားကြတယ်၊ လမင်းဟာ လဆန်းမှာ တစ်မျိုး၊ လဆုတ်မှာ တစ်မျိုး၊ လပြည့်မှာ တစ်မျိုး၊ အမြဲပြောင်းတယ်၊ လူ့မျက်နှာဟာလဲ ဒီအတိုင်းပဲ၊ ၀မ်းသာရင် တစ်မျိုး၊ ၀မ်းနည်းရင် တစ်မျိုး၊ ကြိုက်ရင် တစ်မျိုး၊မကြိုက်ရင် တစ်မျိုး အမြဲ အပြောင်းအလဲ လုပ်တယ်။ အလျော့အတင်း ရှိတယ်၊
လမင်းရဲ့ အေးမြတဲ့ ဓါတ်ကိုတော့ ပူးပေါင်းရယူပါ။ ဒါပေမဲ့ လမင်းရဲ့ ပုံသဏ္ဍာန်လိုတော့ မကျင့်ပါနဲ့လို့ အမေ့ဆရာတွေက ဆုံးမတယ်။ ငါ့သား..... ကိုယ့်ကို အကျိုးရှိတဲ့ စကားပြောလို့ကတော့ ကလေးကပဲ ပြောပြော၊ လူကြီးကပဲ ပြောပြော၊ လူမျိုးခြားကပဲ ပြောပြော တန်ဖိုးထားတတ်ရတယ်၊ လေးစားတတ်ရတယ်"
တစ်ညနေ ရန်ကုန်မြို့ ကန်တော်ကြီးဘက် သွာကြည့်ကြစဉ် အမေ ပြောသော စကားများကို ကျွန်တော် သတိရမိပါသည်။
"ငါ့သား.....
ဟိုမှာ ကြည့်စမ်း၊ ကြာပန်းတွေ ပွင့်နေလိုက်တာ၊ အင်း … ကြာပန်းကလေးတွေကို ကြည့်ပြီး ဘ၀မှာ သင်ခန်းစာ ယူတတ်ရင် ရတယ်။ ကြာပန်းတစ်ပွင့် ရေပေါ်မှာ တက်ပွင့်ဖို့ဆိုတာ တကယ် မလွယ်ဘူး။ ရေအောက်က ချုံနွယ်တွေ၊ ပေါင်းပင်တွေက ကြာပန်း ရေပေါ် မရောက်အောင် အစွမ်းကုန် ၀ိုင်းဆွဲကြတာဘဲ။ ကြာပန်းကလဲ အားပြိုင်ပြီး ရေပေါ် ရောက်အောင် ကြိုးစားတက်တာပဲ။ ရေပေါ်ပွင့်လာနိုင်တဲ့အထိ
ရောက်လာကြတဲ့ ကြာပွင့်တွေ ရှိသလို ရေအောက်မှာတင် ရွှံ့ညွံပေါင်းပင်တွေ ကြားမှာ ပုပ်ပြီးဆွေးမြေ့ သွားကြတဲ့ ကြာဖူး ကြာငုံတွေဟာလဲ အမြောက်အမြားပဲ။ လူတွေမှာလဲ ဒီအတိုင်းပဲ။ အပေါ်ရောက်ဖို့ ကြိုးစားကြရင်း အောက်ခြေမှာတင် ဘ၀ဆုံးသွားတဲ့ လူတွေ၊ ပျက်သွားတဲ့ လူတွေဟာ ဒုနဲ့ ဒေး။ ငါ့သား ဘ၀ နွံမနစ်အောင် ကြိုးစားနော်"
ထိုနေ့က ကြာပန်းနှင့် ယှဉ်၍ ပြောသွားသော သင်ခန်းစာကို ကြာပန်းမြင်တိုင်း ကျွန်တော် အမေ့ကို သတိတရ ရှိလှပါသည်။
ငါးမျှားနေကြသော သူများကို တွေ့တော့ အမေ့မှာ ပြောစရာ စကားများ ရှိလာပြန်ပါသည်။
"ငါ့သား........
ကောက်သော် စားမလောက်ဘူး၊ ဖြောင့်သော် စား မကုန်ဘူးလို့ ရှေးလူတွေက ဆိုကြတယ်။ သဘောကတော့ ကောက်ကျစ်စဉ်းလဲ လိမ်ညာရင် စားရေး သောက်ရေး ခက်တယ်။ ရိုးသားဖြောင့်မတ်တယ် ဆိုရင်တော့ စားရေး သောက်ရေး လွယ်ကူတယ်။ ပိုလျှံတယ် ဆိုတဲ့ သဘောပေါ့။ ငါးမျှားချိတ်က ကောက်တယ်။ တစ်နေကုန် မျှားရင်တောင် စားမလောက်ဘူး။ လေးရဲ့ မြှားတံက ဖြောင့်တယ်။ သားကောင်ပစ်လို့ ရပြီဆိုရင် တစ်ယောက်စာတင် မကဘူး။ တစ်အိမ်လုံး စားရင်တောင် မကုန်နိုင်ဘူးလို့ ဥပမာ ပြကြတယ်" င့ါသား....အမေး ပြောတာတွေမှတ်ထားနော်။ င့ါသား ကြီးလာရင် အသုံးဝင်မှာပါ။
ကန်တော်ကြီးထဲတွင် လူများ အပျော်လှေစီးနေကြသည်ကို တွေ့သောအခါ အမေ ပြောခဲ့သော စကားများသည် များစွာ တန်ဖိုးရှိလှပါသည်။
"ငါ့သား၊
လှေဆိုတာ တည်ဆောက်ပြီးလို့ လှေဖြစ်တာနဲ့ ရေထဲမှာ ချကြရတယ်။ ကုန်းပေါ်မှာ တင်ထားလို့ မရဘူး။ လှေဟာ ရေနဲ့ ကင်းကွာရင် ကွဲအက်လာတတ်တယ်။ သုံး မရဖြစ်တတ်တယ်။ ဒါကြောင့် လှေဆိုတာ ရေထဲမှာ ချထားရတဲ့ အမျိုး၊ ရေထဲမှာ လှေချထားရတယ် ဆိုပေမယ့် လှေထဲကို ရေ၀င်လို့တော့ မဖြစ်ဘူး။ ရေ၀င်ရင် လှေမြုပ်မယ်။ ဒီအတိုင်းပဲ လူတွေဟာ ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်၊ ရဟန်းဆိုရင်လည်း ရဟန်းထူး၊ ရဟန်းမြတ် ဖြစ်အောင် ကျင့်ပြီးလို့ ဖြစ်လာရင် လူနဲ့ကင်းကွာလို့ မရဘူး။ လူတောထဲ ပြန်တိုးရမှာပဲ။ လူတောထဲတော့ တိုးပါ။ လူတိုးတော့ မခံနဲ့လို့ အမေ့ရဲ့ အဖေက ပြောဖူးတယ်။ လူတိုးခံရင် ကိုယ့်ဟန်ချက် ပျက်တယ်။ လဲနိုင်တယ်။ လူပိတတ်တယ်။ လူတက်နင်းခံရတတ်တယ်တဲ့"
"အမေဟာ တန်ဖိုး အလွန်မြင့်မားတဲ့ အသက်အမွေကို သားတို့ သမီးတို့ကိုပေးခဲ့ပြီးပြီ၊ ကျွန်တော့်အပေါ် ထားရှိခဲ့သော အမေ၏ ကြီးမားလှသော မေတ္တာ ကရုဏာ စေတနာ တို့ကို မှတ်တမ်းတင်လိုက်မိသော ကျွန်တော်၏ ရေးသားတင်ပြမှုတို့သည် အမေ့နှလုံးသားမှ မေတ္တာ ကရုဏာ စေတနာ တို့၏ အတိုင်းအတာကို မပြည့်မှီဘဲ လျော့နည်းနေပါက ကျွန်တော့်ကို အမေ ခွင့်လွှတ်ပါရန် ရှိခိုးတောင်းပန်ပါတယ် အမေ.....
တန်ဖိုးရှိတဲ့ အမေ့ရဲဆုံးမ စကားတွေကို သား....ရင်ဝယ်မကျ နားထောင်းခဲ့ပါတယ်..  ဒါပေမယ့်  အမိမြေနဲ ဝေးကွာတော့မှ အမေ့ရဲ့ဆုံးမစကားတွေဟာ သာအတွက်ပိုပြီးလေးနက်ခဲ့တယ် ဆိုတာ အခု သားသိနားလည် ခဲ့ပါပြီအမေ...
အမေ.. ကျမ္မာပါစေလို့  ဆုတောင်းမေတ္တာပို့ရင်.....အဝေးရောက်သား



မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။
Sunday, July 24, 2011 | 0 comments | Labels:
သူငယ်ချင်းရေ....မင်းသိလား ? မာသာထရီဇာတို့ ၊  မဟတ္တမဂန္ဒီတို့၊  သမ္မတလင်ကွန်းတို့လိုသမိုင်းမှာ လူတွေရဲ့ကြည်ညို လေးစားခြင်းကိုခံရတဲ့သူတွေဟာ ရုပ်ရည်လည်းမချောကြပါဘူး၊ ဥာဏ်ပညာလည်း အထူးထက်မြက်တဲ့သူတွေ မဟုတ်ကြပါဘူး။  ရုပ်ရည်ချောတာဥာဏ်ကောင်းတာတွေထက် လောကမှာ တန်ဖိုးအထားဆုံးအရာတွေက

  • ရိုးသားခြင်း၊
  • သတ္တိရှိခြင်း၊
  • ဇွဲရှိခြင်း၊
  • စိတ်ထားမွန်မြတ်ခြင်း၊
  • မိမိကိုယ်ကိုနှိမ်ချခြင်းတို့ပဲဖြစ်ပါတယ်။
တကယ်တမ်းသာ မင်းတို့ ငါတို့က လိုချင်ခဲ့မယ်ဆိုရင် ဘယ်သူမဆို ဒီလိုအရည်အချင်းတွေ ရရှိလာနိုင်ပါတယ်။

မိမိကိုယ်ကိုမိ ရိုသေလေးစားပါ။  ကိုယ့်ကိုယ်ကို ရိုသေလေးစားမှုနဲ့ တခြားလူကကိုယ့်ကို ရိုသေလေးစားလာဖို့   အတွက် ဥာဏ်ပညာထူးချွန်ထက်မြက်နေဖို့ ဒါမှမဟုတ် နာမည်ကြီးကြီး သရုပ်ဆောင်တစ်ယောက်ဖြစ်နေဖို့ မလိုအပ်ပါဘူး။

ကြေကွဲစရာအဖြစ်မျိုးနဲ့ကြုံတဲ့အခါ  အားလုံးဆုံးရှုံးသွားတဲ့အခါ
ချစ်သူကစွန့်ပစ်သွားတဲ့အခါ    အားငယ်စိတ်ပျက်နေတဲ့အခါ
အခြားသူတွေလောက်  ကိုယ်ကပညာတတ်တစ်ယောက်ဖြစ်မလာတဲ့အခါ
မင်းတို့ငါတို့ အများဆုံးမေးဖြစ်တဲ့ မေးခွန်းတွေက

  • ဘာကြောင့်  ငါ့ကိုမှ……………………. .........................????
  • ဘာကြောင့်   ခုချိန်မှ……………………..........................????
  • ဘာကြောင့်……………………………...........................????
  • ဘာကြောင့် သူတို့လိုငါတို့က ဘွဲ့ တွေ.............................????

       ...............????????? အဲဒီလို လားပေါင်းများစွာ လဲပေါင်းများစွားသော မေးခွန်းတွေမေးခြင်းက
မင်းတို့ငါတို့ စိတ်ကိုရူးသွပ်သွားစေခဲ့တယ်ဆို သတိထားမိရဲ့လား။

များသောအားဖြင့်ဘာကြောင့်လဲ့?ဆိုတဲ့မေးခွန်းတွေမှာအဖြေမရှိပါဘူး
လောကမှာအကျိုးရှိအောင် နေတတ်သူတွေဟာ ဘာကြောင့်ဆိုတဲ့ မေးခွန်းကိုမမေးကြပါဘူး။
ဘာဆိုတဲ့မေးခွန်းနဲ့ပဲသူတို့ကိုသူတို့ပြန်ဆန်းစစ်တက် ကြပါတယ်။

  • ဒီကိစ္စမှာငါဘာလုပ်ရမလဲ…….................................?
  • ဒီဖြစ်ရပ်မှာငါဘာတွေသင်ခန်းစာရလိုက်သလဲ……….........?
  • မျှော်လင့်ချက်ကင်းနေတဲ့အခါ အခြေအနေပြန်ကောင်းလာအောင်
  •  
  • ငါဘာဆက်လုပ်သင့်သလဲ............................................?

အောင်မြင်သူလူ အများစုကလည်း သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းဘ၀တွေကို ကံကောင်းတိုက်ဆိုင်မှု့ တစ်ခုတည်းနဲ့ရောက်ရှိလာကြတာမဟုတ်ပါဘူး။ သူတို့က သူတို့ကံကြမ္မာကို သူတို့ကိုယ်တိုင်ဖန်တီး ခဲ့ကြသူတွေပါ။ မိုက်ရူးရဲဆန်ဆန် မျက်လုံးကိုစုံမှိတ်စွန့်စားပြီး ရရှိခဲ့တဲ့ အောင်မြင်သောဘ၀တွေဟာ  ကြက်ကန်းဆန်အိုးတိုးကာ ရောက်လာကြတာမဟုတ်ပါဘူး။ သင့်မှာလည်းမျက်လုံး စုံမှိတ်ရဲတဲ့သတ္တိရှိရင်မျက်လုံး တစ်ဖက်ဖွင့်ပြီးစွန့်စားကြည့်ပါတဲ့။

ကဲ.....သူငယ်ချင်းရေ...သူငယ်ချင်းကိုပုံပြင်လေးတစ်ပုဒ်ပြောပြမယ်နော်....သေချာနားထောင်

တစ်ခါတုန်းက အမျိုးသမီးတစ်ယောက်က သူ့သားလေးကို လက်ဆွဲပြီး ဂန္ဒီကြီး ဆီကိုရောက်လာခဲ့တယ်။ ပြီးတော့ သူကဂန္ဒီကြီးကို  "ဂန္ဒီကြီး… ကျွန်မသားလေးကလေ အချိုတွေ သိပ်စားတာပဲ ကျွန်မလဲခဏခဏပြောတာပဲ မရဘူးဂန္ဒီကြီးရယ် ။ ပြီးတော့ကလေးက စားမြဲ စားတာပဲလေ။ အဲဒါ ဂန္ဒီကြီးရယ် ဆုံးမပေးပါအုံး '' ဆိုပြီး လာပြောတယ်။

ဂန္ဒီကြီးက အမျိုးသမီးကိုပြုံးပြုံးရွှင်ရွှင်ကြည့်ရင်း..နဲ့ "ကောင်းပါပြီ....နောက် တစ်လလောက်နေမှ ပြန်လာခဲ့ပါ"
လို့ ပြောလိုက်တယ်။ ဒီလိုနဲ့ တစ်လလောက်ကြာတော့ အဲဒီအမျိုးသမီးဟာ ကလေးနဲ့အတူ ပြန်ရောက်လာပြန်တယ်။

အဲဒီတော့မှ ဂန္ဒီကြီးက ကလေးကို ကြင်နာစွာနဲ့ကြည့်လိုက်ပြီး "သားလေး… အချိုတွေ သိပ်မစားနဲ့ နော်....." လို့ ရိုးရိုးလေးပဲပြောလိုက်တယ် ။ အဲဒီတော့ ကလေးလေးက ရွှန်းရွှန်းစားစား ပြန်ကြည့်ပြီး "ဟုတ်ကဲ့" လို့ ပြန်ပြောလိုက်တယ်။
 အဲဒီအခါကျတော့ ကလေးအမေက အံ့သြပြီးစိတ်ဆိုးမိတာပေါ့ " ဂန္ဒီကြီးရယ် ဒါလေးကိုပြောတာများ အရင်လ ကျမလာတုန်းကတည်းက ပြောလိုက်ရောပေါ့" လို့ ပြန်ပြောလိုက်မိတယ်။

အဲဒီတော့မှ ဂန္ဒီကြီးက "ငါလည်း အရင်တုံးက အချိုတွေသိပ်စားတယ်… ဒါပေမယ့် အရင်တလက စပြီး ငါအချိုတွေ မစားတော့ဘူး… ရှောင်လိုက်ပြီ… ဒီကလေးကို အချိုမစားနဲ့လို့ ပြောဆိုဆုံးမဖို့  ဆိုတာက ငါက အရင်ဦးဆုံး အချိုမစားတဲ့သူ ဖြစ်မှရမယ် လေ....."။


ကဲ..........ဘယ်လိုလဲ သူငယ်ချင်းတို့ ရေ ... ပုံပြင်လေးကပြောထားတာတော့ ရှင်းရှင်းလေးပါပဲနော်


သူများကို ဆုံးမပြုပြင်ပေးချင်ရင် အရင်ဦးဆုံး ကိုယ့်ကိုယ်ကိုပြုပြင်ဆုံးမထားဖို့  မိမိကိုယ်ကိုယ်မိမိ ဆုံးမတတ်ဖို့ လိုအပ်တယ်ဆိုတဲ့ အကြောင်းလေးပေါ့......
ဒါကြောင့်....သူငယ်ချင်းတို့ရေ.......မိမိကိုယ့်မိမိ ရိုသေလေးစားပါ။ မိမိကိုယ်ကိုယ်မိမိ ဆုံမပေးပါ။ ကိုယ့်ကိုယ်ကိုရိုသေလေးစားမှုနဲ့ တခြာသူကကိုယ့်ကိုရိုသေလေးစားလာဖို့ဆိုတာ ဥာဏ်ပညာထူးချွန်ထက်မြက်နေဖို့ ဒါမှမဟုတ် နာမည်ကြီးသရုပ်ဆောင်တစ်ယောက် ဖြစ်နေဖို့ မလိုအပ်ဘူးဆိုတာ .................




မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။
Sunday, July 17, 2011 | 0 comments | Labels:
အပိုင်း (၃)

ကုန်းဘောင်ခေတ်မှာ ထူးခြားတဲ့ အကြောင်း ခြင်းရာ တစ်ခုကတော့ မင်းဝတ် ဘုရားဆင်းတုများ တည်ထား ကိုးကွယ် လာခြင်းပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဘုရင်တွေ လှူဒါန်း ကိုးကွယ်တဲ့ ဘုရား ဆင်းတုတော် တွေဟာ မင်းမြှောက်တန်ဆာ ငါးပါး ဆင်ယင် ထားတဲ့ မင်းဝတ် ဘုရား ဆင်းတုတော်တွေ ဖြစ်နေ တတ်တယ်။
အလောင်းမင်းတရား တည်ထား ကိုးကွယ်တော် မူတဲ့ ရွေချက်သို ဆင်းတုတော်၊ စန္ဒမုနိ၊ သကျရံသီ၊ သကျသီဟ၊ သကျမာရဇိန်၊ မဟာမုနိ ဆင်းတုတော်များ အားလုံးဟာ မင်းဝတ် ဘုရားများ ဖြစ်ပါတယ်။ အချို့ ဆင်းတုတော် တွေက စတင် ထုလုပ် ကတည်းက မင်းဝတ် တန်ဆာကို တပါတည်း ထည့်သွင်း ထုလုပ်တယ် (ရွေချက်သို)၊ အချို့ ဆင်းတုတော် တွေကတော့ သင်္ကန်းရုံဘုရား ထုလုပ် ပြီးမှ မကိုဋ်၊ နကင်း၊ စလွယ် တတ်ကြတယ်။
ဘာကြောင့်များ ဒီလို ထုလုပ် လှူဒါန်း ကိုးကွယ် ကြရသလဲ ဆိုတဲ့ အကြောင်းရင်းကို သုံးသပ် ကြတဲ့အခါ ဒီဆင်းတုတော် မျိုးကို ထုလုပ် ကိုးကွယ်စေတဲ့ မင်းဟာ သူဝတ်တဲ့ အဝတ်နဲ့ အဆောင် အယောင်တွေကို ဘုရားဆင်းတုမှာ ဆင်ပေး လိုက်ရင် မင်းနဲ့ ဘုရား တထပ်တည်း ဖြစ်လေတယ်လို့ အနည်းဆုံး ပြည်သူတွေ စိတ်ထဲ ဝင်သွား လေအောင် စိတ်ဆွဲဆောင်မှုကို လိုချင်လို့ လုပ်တယ်လို့ ပထမဆုံး အနေနဲ့ သံသယ ရှိစရာ ဖြစ်လာ ပါတယ်။
အချို့ ကတော့ ဒုတိယ မုံရွေး ဇေတဝန် ဆရာတော်နဲ့ တောင်ခွင် သာသနာပိုင် ဆရာတော်တို့က ဒီဃနိကာယ် မဟာဝဂ ပါဠိတော် ပရိနိဗ္ဗာန်သုတ်ကို ကိုးကားပြီး ဘုရားကို ကြည်ညိုတဲ့ သူဟာ သူမြင်ချင်တဲ့ပုံ၊ ကြားချင်တဲ့ အသံနဲ့ ဘုရားကို မြင်ရ ကြားရတယ်၊ ဒါကြောင့် ကိုယ်ကိုးကွယ်တဲ့ ဘုရားကို မင်းရဲ့ တင့်တယ်ခြင်းနဲ့ မြင်ချင်ရင် မင်းအဝတ် ဆင်ပေးခွင့် ရှိတယ်လို့ မိန့်ကြား ကြတာကို အတည်ယူ ကြတယ်။
မင်းဝတ်ဘုရား ဘာကြောင့် ထုလုပ် ကိုးကွယ်သလဲ ဆိုတဲ့ အမေးကို ဖြေကြပုံ နောက်တစ်မျိုး ကတော့ ဘုရားရှင် လက်ထက်မှာ အလွန်အင်မတန်မှ တန်ခိုးလည်းကြီး၊ မာနလည်း ကြီးလှတဲ့ ဇမ္ဗုပတိမင်း ဆိုတာ ရှိသတဲ့။ ဒီမင်းက ဗိမ္မိသာရမင်းကို သူ့ကို မရိုသေ၊ မကျိုးနွံလို့ ရန်လုပ် စစ်ပြုမယ် တကဲကဲ လုပ်နေတဲ့အခါ ဘုရားရှင်က သူ့တကာကြီးကို ဝင်ကူညီတဲ့ အနေနဲ့ ဇမ္ဗုပတိမင်းထက် ပိုတင့်တယ်၊ ပိုတန်ခိုး ကြီးတဲ့ မင်းအသွင် ယူပြီး ဟောပြော ဆုံးမ ကျွတ်တန်း ဝင်စေတယ် ဆိုပဲ။ တကယ်တော့ သမိုင်းမှာ ဂေါတမဗုဒ္ဓနဲ့ ခေတ်ပြိုင် ဇမ္ဗုပတိ အမည်နဲ့ တန်ခိုးကြီးမင်း မရှိပါဘူး။ ရာဇဝင်လာ ကိစ္စ မဟုတ်ပေမဲ့ ဒီဇာတ်ကြောင်းကို အင်မတန် လူသိများလို့ မင်းဝတ် ဘုရားအကြောင်း မေးလာရင် အမေးခံရတဲ့ သက်ကြီး ဝါကြီးများက အထက်ပါ အကြောင်းအရာ တွေကို ခပ်တည်တည် ဖြေချ လိုက်တာပါပဲ။

ကိုးကား

1. သန်းထွန်း၊ ဒေါက်တာ။ နယ်လှည့်ရာဇ၀င်



မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။
Tuesday, July 12, 2011 | 0 comments | Labels:
အပိုင်း (၂)

တရုတ်နိုင်ငံ တောင်ပိုင်းက နေနန်ကျောင်နဲ့ မွန်ဂို နှိပ်စက်လို့ ပြေးလာ ကြရင်း၊ ရေကြည်ရာ မြက်နုရာမှာ အခြေချကြ ရာက ဗမာ ဖြစ်လာတယ် ဆိုတဲ့ သမိုင်း ယူဆချက်ကို ကျွန်တော်တို့ မြန်မာတွေ အင်မတန် နားခါးတယ်။ ကိုယ့်အမျိုး ကိုယ့်အဆွေကို အောက်ခြေ လွတ်အောင် မဟားတရား မြှောက်ပင့် ပေးရာမှာ ထူးချွန်လှတဲ့ အတွက် သကျသာကီဝင် မင်းမျိုးတွေ တကောင်း ရောက်ရာက မြန်မာမျိုး စခဲ့တယ် ဆိုပြီး ဘုရားနဲ့ အတင်းအဓမ္မ ဆွေမျိုးစပ်ရတာမျိုးကို သိပ် သဘော ခွေ့တာပေါ့။
ဒါတောင် ဗြဟ္မာကြီး လေးဦး လူ့ ပြည်ကို အလည် လာရာက မြေဆီ သြဇာတွေ စားပြီး ဗြဟ္မာ့ပြည် မပြန်နိုင်ပဲ လူအသွင် ပြောင်းလာ ရာက မြန်မာ စဖြစ်တယ် ဆိုတာမျိုး ပြောချင် သေးတာ။ ယုတ္တိ မတန်လွန်းလို့ သာ မပြောတာ။ မှန်နန်း ရာဇဝင်က ရှင်ဘုရင် ကိုယ်တိုင် ပါဝင်ပြီး ရာဇဝင်ကို သုတ်သင် ပြုစုတော် မူ၍ အမှားကို အမှား၊ အမှန်ကို အမှန်၊ မဖောက် မပြန် မှတ်သားရ ပေသည်လို့ ခပ်တည်တည် ပြောပြီး ရှင်ဘုရင်မင်းဆက် စာရင်းကို ချရေးရာမှာ-

* မဟာသမတမင်းမှ ဥက္ကာကရာဇ်အထိ မင်းပေါင်း- ၂၅၂၅၅၆
* ဥက္ကာမုခမင်းမှ သကျသီဟ ဂေါတမအထိ မင်းပေါင်း- ၈၂၀၁၃
* မဇ္ဈိမဒေသ မင်းပေါင်း- ၃၃၄၅၉၆
* အဘိရာဇာမှ ဘိဒ္ဒကရာဇာထိ မင်းပေါင်း- ၃၃
* ဓဇရာဇာမှ သတိုးမဟာရာဇာထိမင်းပေါင်း- ၁၇
* ပျူစောထီးမှ မင်းယဉ်နရသိင်္ခထိမင်းပေါင်း- ၃၀
* ထိုမှ အလောင်းဘုရားထိ မင်းပေါင်း- ၁၇
* မဟာသမ္မတမှအလောင်းဘုရားထိမင်းပေါင်း- ၃၃၄၆၆၉ ဆိုပြီး တွယ်ထည့် လိုက်ပါတယ်။

ဒို့ မြန်မာတွေ ကလည်း ဒါမျိုးကို အများ ရှေ့မှာ ကြီးကြီး ကျယ်ကျယ် ပြောတတ်အောင် သင်ပေး ထားတဲ့ ရှေးစကားလို့ နှလုံး ပိုက်ပြီး “ဟယ်-အံ့သြစရာကြီး ပါလားနော်” လို့ မြည်တမ်းရင်း အံ့သြ ချင်ယောင် ဆောင်ရင်း လက်ခံ ခဲ့ကြပါတယ်။ ဒီလို ပြောနေရင် လူတွေ မယုံမှာ စိုးပြန်တော့ ပွဲကျောင်း ဆိုတဲ့ လောကီပညာသင် ဘုန်းကြီးများ ကနေ တဆင့် “အာဒိစ္စကုလသမ္ဘူ တောသုဝိသုဒ္ဓဂုဏကာရော” စတဲ့ ပါဠိ ဂါထာလေးတွေ ထွင်ခိုင်းပြီး သကျသာကီဝင် အစစ် အမှန်ဆိုတာကို ဘုရားကပဲ ဟောထား သလိုလို ဘုရားကို သက်သေ လုပ်ခိုင်းပြန်ပါတယ်။

* အာဒိစ္စကုလသမ္တူတော-နေမင်း၏အဆက်အသွယ်ဖြစ်တော်မူထသော
* သုဝိသုဒ္ဓဂုဏကာရော-စင်ကြယ်သောဂုဏ်၏တည်ရာဖြစ်ထသော
* မဟာသမ္မတနာမကော-မဟာသမ္မတဟူသော အမည်ရှိထသောရာဇမင်းသည်
* အာသိ-ဖြစ်၏

ဆိုပြီး မဟာသမ္မတ၊ သုဒ္ဓေါဓနနဲ့ အလောင်းမင်းတရား ဦးအောင်ဇေယျတို့ ကို တစ်အူတုံဆင်းတွေ ဖြစ်အောင် လုပ်ပစ် လိုက်ကြတယ်။ ဒါမျိုးကို ကုန်းဘောင်ခေတ် ကျမှ မြိုင်မြိုင် ဆိုင်ဆိုင် တွေ့ ရတယ် ဆိုပေမဲ့ ပုဂံခေတ် ကတည်းက ထိလိုင်မင်း ခေါ် ကျန်စစ်သားတို့ လုပ်ခဲ့ပြီးတဲ့ လမ်းရိုး ကြီးပါ။ ကျန်စစ်သား ခမျာ မတော့ ပါဠိပါတ်သားတွေ၊ အကိုး အကားတွေ သိပ် မပြည့်စုံ ရှာတော့ ဆရာဘုန်းတော်ကြီး တွေကို ကြော်ငြာခိုင်းတဲ့ ဓလေ့လဲ မထွန်းကား သေးတော့ “ငါ့အဖေက နေမျိုး၊ ငါ့အမေက ဥသျှစ်သစ်မျိုး ကနေ ငါ ပေါက်ဖွားလာတယ်။ ငါကိုယ်တိုင်က ပိဿနိုး နတ်မင်းကြီး ဝင်စားတာ ပေါ့သေးသေး မမှတ်နဲ့ ”လို့ သူကိုယ်တိုင် ကျောက်စာ ထွင်းပြီး ကြော်ငြာ ခဲ့ရရှာတယ်။ အိန္ဒိယမှာ ရှိတဲ့မိထ္ဘိလာ၊ ရာဇပြိုလ်၊ သာဝထ္ဘိ၊ အာယုဒ္ဓိယ စတဲ့ နာမည်တွေကို မြန်မာ ပြည်တွင်းမှာ ယူမှည့် ပြီးတော့ အိန္ဒိယက အဖြစ်အပျက် တွေကို ဒီမှာ ဖြစ်ခဲ့ တာလို့ အာပေါင် အာရင်း သန်သန် ဇွတ်ပြောပြီး ဇွတ်ယုံ လာကြပါတယ်။ ကျန်စစ်သား အကြောင်း နှုတ်ပြော ရာဇ၀င်မှာ အမြဲ ပါလေ့ရှိတဲ့ သားလေးမွေးရင် ပေးခဲ့တဲ့ လက်စွပ်တော်နဲ့ နန်းတော်ကို လိုက်ခဲ့ဆိုတာ ကလည်း ငါးရာ့ငါးဆယ် နိပါတ်တော်က ဇာတ်နံပါတ် (၇) ပါ။ ဘုရင့်နောင် ကိုလည်း အဲဒီလို ဇာတ်လမ်းမျိုး ထွင်ပြော ခဲ့ကြတာပဲ။ အနိရုဒ္ဓရဲ့ စီမံခန့် ခွဲမှု ကောင်းမွန်ပြီး တိုင်းပြည် စီးပွားရေး ကောင်းလာလို့ ပုဂံနေပြည်တော်မှာ သာသနိက အဆောက် အဦတွေ တိုးတက် များပြား လာပြန်တော့ ရှင်အစ္စဂေါဏရဲ့ ရွေဖြစ်ငွေဖြစ် အဂိရတ် စွမ်းကြောင့် မုဆိုးမေ တွတောင် စေတီ တည်ကုန်လို့  ပုဂံမှာ စေတီ ပုထိုးပေါင်း၄၄၄၆၀၃၃ လေးသန်းကျော် ရှိတယ်ကွ။ မမေ့အောင် “လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း”လို့ မှတ်ကြကွ ဆိုပြီး လုပ်လာ ပြန်ပါတယ်။ ၁၅ မိုင် ပတ်လည်လောက် ရှိတဲ့ မြို့ကလေးမှာ စေတီပုထိုး လေးသန်း လေးသိန်းကျော် စိတ်နဲ့ ပဲ မှန်းပြီး နေရာ ချကြည့် ကြစမ်းပါ။ လူနေဖို့ နေရာရော ကျန်နိုင် သေးရဲ့ လား။ ဒါနဲ့ ပဲ လေးသန်း လေးသိန်းကျော် ကတော့ နည်းနည်း များလွန်းတယ်။ လေးထောင်လောက် လုပ်လိုက် ဆိုပြီး အဖတ်ဆည် ပြန်တယ်။ သုတေသန လုပ်ကြည့်လို့ စေတီ နှစ်ထောင်ကျော်သာ ရှိပါတယ်လို့ အဖြေ ထွက်လာတော့ ရေတိုက်စားပြီး ကမ်းပြိုရာမှာ ပါသွားပြီလို့ လုပ်ကြ ပြန်ပါရော။ တတ်လည်း တတ်နိုင် ကြပါပေတယ်ဗျား။


ကိုးကား

1. ကုလား၊ ဦး။ မှန်နန်းရာဇ၀င်
2. ညိုမြ။ ကုန်းဘောင်ရှာပုံတော်
3. သန်းထွန်း၊ ဒေါက်တာ။ ပါးစပ်ရာဇ၀င်
4. သန်းထွန်း၊ ဒေါက်တာ။ နယ်လှည့်ရာဇ၀င်




မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ဆက်သည်။
Monday, July 11, 2011 | 0 comments | Labels:
အပိုင်း (၁)

“တကောင်း အဘိရာဇာ ဒို့ ဗမာ သာကီမျိုး ဟာမို့၊ မညှိုးဂုဏ်တေဇာ” ဆိုပြီးတော့ ရေးတဲ့ သူကလည်း ရေး၊ ဆိုတဲ့ သူတွေ ကလည်း အားပါးတရ ဆိုခဲ့ကြတယ်။ ဇာတိသွေး၊ ဇာတိမာန်ကို တက်ကြွ စေတယ် ဆိုတာ ကောင်းတာပေါ့။ သို့သော် တကယ်တမ်း မှာတော့ အလိုလို နေရင်း သွေးနထင် ရောက်ပြီး ဘ၀င် လေဟပ်တဲ့ အယူအဆ မျိုးတွေပဲ ဖြစ်လာခဲ့တယ်။ တကယ်တော့ ရှေးဗမာ တွေဟာ ဆင်းရဲတယ်၊ ရိုးသားတယ်၊ ရှေး အစဉ်အလာ ပါရာဒိုင်း ဘောင်အတွင်းမှ ရုန်းထွက် ခြင်းငှာ မစွမ်းသာ လောက်အောင် နာခံ သေ၀ပ် တတ်တယ်။ တင်းတိမ် ရောင့်ရဲ ကြတယ်။

တချိန်တည်း မှာပဲ မိုက်တယ်၊ အတယ်၊ ခေတ်နောက် ကျတယ်၊ ရိုင်းတယ်၊ ၃၈ ဖြာ မင်္ဂလာ တရားတော်ကို ဦးထိပ်ထား အကြောင်း ပြပြီး အအားနေ အပျင်းထွေ တတ်သေးတယ်။ ဝတ်ဖို့ စားဖို့ ဖျင်ထည် ရက်လုပ်တဲ့ ၀ါဂွမ်း စိုက်ပျိုးမှု နည်းပါးတော့ အင်္ကျီ မကပ်ပဲ ကျောပြောင် ကြီးတွေနဲ့  နေလေ့ ရှိကြတယ်။ ရာသီဥတု ကလည်း ပူအိုက်တော့ အတော်ပဲ ဖြစ်သွား သပေါ့။ လေလည် မိရင် သေမလောက် ရှက်ကြပြီး သားသည် အမေတွေ ကျတော့ ရင်တုံးလုံး နဲ့ မရှက် မကြောက် နေကြ ပြန်သေးတယ်။ ယောင်္ကျား ထိုးကွင်း၊ မိန်းမညှင်း၊ ဒါကိုပဲ အလှတပါး လို့ ယူဆ ကြပြန်တယ်။

သုံးဖက်က တောင်စဉ် တောင်တန်း၊ ကျန် တစ်ဖက်က ပင်လယ်၊ ကာဆီး ခံထား ရတဲ့ မြေကို ပိုင်ဆိုင် ကြတယ်။ နည်းနည်းလောက် အပင်ပန်း ခံပြီး ထွန်ယက် စိုက်ပျိုး လိုက်ရုံ နဲ့ စားဝတ် နေရေး တစ်နှစ် ပါတ်လုံး အတွက် လုံလောက် လွယ်ကူစွာ ရရှိ နိုင်တယ်။ စားရေ ရိက္ခာ အတွက်ကြောင့် ရပ်ဝေး သွား ရှာဖွေဖို့ မလို။ မသွားရင် မဖြစ်တဲ့ အကြောင်းကိစ္စ တစ်စုံတစ်ရာ မရှိရင် ကိုယ်နေထိုင် တဲ့ နေရာ ကနေ ရေခြား မြေခြား၊ တိုင်းတပါးကို သွားရောက် ချင်စိတ် မရှိ၊ တကယ်လို့ သွားချင် ဦးတော့၊ သွားဖို့ရန် လွယ်ကူတဲ့ လမ်းကြောင်းလည်း မရှိပါ။ ဒီအကြောင်း တွေကြောင့် ခေတ်နောက်ကျ၊ ယဉ်ကျေးမှု၊ တိုးတက်မှု၊ လူနေမှု စနစ်တွေ နိမ့်ကျခဲ့ရရှာတယ်။ ဗမာ မဟုတ်ပဲ အခြား လူမျိုး တစ်မျိုးမျိုး ဒီဒေသမှာ လာရောက် အခြေစိုက် ခဲ့ရင်လည်း ဒီလိုပဲ ခေတ်နောက်မှာ ကျန်ရစ် ခဲ့မှာ ပါပဲ။ ကာလံ၊ ဒေသံ ကြောင့်ပေါ့။ အကြောင်း အမျိုးမျိုးနဲ့ လူမျိုးခြား တွေဟာ ပင်လယ် နဲ့ တောင်တန်း တွေကို ဖြတ်ကျော် လာပြီး ဒေသခံ မြန်မာတို့ ဆီ ရောက်ခဲ့ ကြတယ်၊ စီးပွား ရှာဖို့၊ ကုန်သွယ်ဖို့ အဓိက ဆိုပေမဲ့ လို့ သူတို့ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံ တွေလည်း တနွယ်ငင် တစင်ပါ,ပါလာတာပေါ့။ အထူးသဖြင့် တော့ ဗုဒ္ဓရဲ့ တရားတော် တွေကို မြန်မာတို့ သဘောကျ နှစ်ခြိုက် ခဲ့ကြတယ်၊ အတူယူတယ်၊ လိုက်နာ ကျင့်သုံး တယ်။ မြန်မာ့လူ့ဘောင် အဖွဲ့ အစည်းရဲ့ မူပိုင် အရာလို့ တောင် ထင်လာ ကြတယ်။

ဒီလို နဲ့ပဲ သက်ဦးဆံပိုင် ဘုရင် စနစ်ကို အများ နည်းတူ ထူထောင် ကြတဲ့ အခါ ရှင်ဘုရင် လုပ်တဲ့ သူက ဘာသာရေး တရားတွေထဲ ပါနေကျ ဇာတ်လိုက် ကျော်ကြီးတွေ ဖြစ်တဲ့ ဘုန်းကံ ကြီးမားတဲ့ လူမျိုးတွေ၊ အမျိုးမြတ်သော ဘုရင် မင်းတရား တွေနဲ့ ဇွတ်အတင်း ဆွေမျိုး စပ်ကြ တော့တယ်။ အထူးသဖြင့် ဆွေစဉ် မျိုးဆက် မဟုတ်ပဲ ကြားက ဖောက်ပြီး ဘုရင် ဖြစ်လာတဲ့ ငတပါး မင်းတွေ ဆိုရင် ပိုပြီး ပြောတတ် ကြတယ်။

“ငါက ဘုရား ဗျာဒိတ် ရတဲ့ သာသနာပြု မင်းပေါ့။ မျိုးရိုး ကလည်း အင်မတန် ကြီးတယ်။ ဂေါတမဘုရား နဲ့ တိုက်ရိုက် ဆက်တဲ့ အမျိုးပဲ။ မစ္ဆိမ ဒေသက သာကီဝင် ကွဲ့ ။ သာကီဝင် ဆိုတာ ကလည်း ကမ္ဘာမှာ ပထမဆုံး ပေါ်တဲ့ မဟာ သမတမင်း ရဲ့ အဆက်ပေါ့” ဆိုပြီး လုပ်ဇာတ်ထွင် ပြောရ ရှာတဲ့ မင်းမျိုး တွေကို ငတပါးမင်း ခေါ်တယ်။

ထိလိုင်မင် ခေါ် ကျန်စစ်သား၊ မင်းကြီး စွာစော်ကဲ၊ ဟံသာဝတီ ဆင်ဖြူရှင် နဲ့ အလောင်းဘုရား ဦးအောင်ဇေယျ တို့ဟာ ဘုရင် မျိုးရိုး မဟုတ်ပဲ မင်းတက် ဖြစ်တော့ ငါ့ အမျိုးဟာ ပြာမှေး မီးခဲလို ခဏ တိမ်မြုပ် နေရှာတာ။ အရင်း စစ်တော့ ဘုရားမျိုးကွ လို့  ကောင်းသည်ထက် ကောင်းအောင် ရှာကြံ ကြွေးကြော် ရရှာတယ်။ ဒါမှ လူလေးစား မှာလို့ ထင်ကြ တာကိုး။ ရာဇ၀င် ဆရာများ လည်း ရှင်ဘုရင့် မျက်နှာ ကြည့်ပြီး ထမင်းစား ရတဲ့ လူတွေ ဆိုတော့ ဘုရင် လုပ်သမျှ ဟုတ်သပ ပေါ့လေ။
တကယ် တော့လည်း ရှေး မြန်မာကြီး တွေဟာ လူက ဖြစ်တဲ့ လူသားတွေ ပီပီ တခါတလေ တော့လည်း ချစ်ဖွယ်၊ မြတ်နိုးဖွယ်၊ သနားဖွယ်၊ အချင်းချင်း ရိုင်းပင်း ကူညီ စောင့်ရှောက် ပြီး ကြင်နာ သနားစိတ် ရှိကြမှာ မြေကြီး လက်ခတ် မလွဲ။ တခါတလေ လောဘမုန်တိုင်း၊ ဒေါသမုန်တိုင်း၊ မာနမုန်တိုင်း ထန်လာရင် ရက်စက်၊ ကြမ်းကြုတ်၊ မိုက်မဲ၊ ရိုင်းစိုင်း၊ အကျင့်ပျက် ကြမှာလည်း သေချာပေါက် ပေါ့။မြေကြီးကို မှီခို စားသောက်သော လူပီသသော လူသားကြီးတွေ ကိုးဗျာ။

ကိုးကား။

* ဖိုးစိန်၊ ပညာဝန်၊ အပါတ်စဉ်အညာဆောင်းပါးများ
* ဘဆွေ၊ ရန်ကုန်၊ မြန်မာပြည်သား
* သန်းထွန်း၊ ဒေါက်တာ၊ နယ်လှည့်ရာဇ၀င်




မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။
| 0 comments | Labels: