twitter

Showing posts with label poem. Show all posts
Showing posts with label poem. Show all posts

အိပ်မရဘူးကွယ်။
ကယောင်ချောက်ခြားနဲ့
အတွေးထဲကိုဝင်ရောက်လာတဲ့ ဗိုင်းရပ်စ်ပိုးနာမည်က
အလွမ်းတဲ့ ......

  ပထမဆုံး မဖြစ်ခဲ့ရင်တောင်
နောက်ဆုံးဖြစ်ချင်ပါတယ်ဆိုတဲ့ စကားသံက
ကောင်းကင်မှာ ရိုက်ခတ်
ငါ့ညတွေ အနားသတ်မလှခဲ့ပြီ။
သေရဲလား ရှင်ရဲလား ဘ၀မှာလဲ ရှင်သန်ခဲ့ဖူးရဲ့
မိတ်ဆွေ ဆိုတာတွေက
နောက်ကျောကို ဓါးနဲ့ထိုးတာလဲ ခံခဲ့ဖူးရဲ့
မမြင်ရတဲ့ မိုးကုပ်စက်ဝိုင်းကို
မျော်ကြည့်ဖူးတာလဲအကြိမ်ကြိမ်
ပြန်တွေးကြည်တော့
လာရာလမ်းက
ကောက်ကွေ့နေလို့ပဲလား......
ကံကြမ္မာကပဲ 
မတူညီတဲ့ ဘ၀နှစ်ခုကိုဖန်ဆင်းပေးခဲ့လေရော့သလား....

  ဆက်ဆက် မဆုံပါရစေနဲ့
နာကျင်မှုရယ်
ငါ့နှလုံးသားမှာ
နာကျင်မှုတွေများလှပါပြီ

  ဒီတစ်ခါ နာကျင်မှုက
ရှည်လျားလှသော သံသရာထဲ
အမြင့်မားဆုံးကို အလံထူရသလိုပါပဲကွယ်.. 
ငါ့အတွေးတွေချာချာလည်နေတယ်
ငါသိတာတစ်ခုက အလွမ်းပဲရှိတယ်

လွမ်းတယ်
လွမ်းတယ်
လွမ်းတယ်

ရန်သူစစ်စစ်ကိုလည်းလွမ်းတယ်
မိတ်ဆွေစစ်စစ်ကိုလည်းလွမ်းတယ်
ချစ်သူစစ်စစ်ကိုတော့ ပိုလွမ်းတာပေါ့။

တကယ်တမ်း 
တိုင်တည်ပြောကြစတမ်းဆိုရင် 
ကြယ်စင်တွေ သက်သေရှိတယ်
လေလှိုင်းကြားက သံစဉ်တွေ သိကြတယ်
တကယ်ကို အလွမ်းညတွေက
ကိုယ့်အတွက် အဖော်မွန်ကောင်းတွေ ဖြစ်ခဲ့မယ်ဆိုရင်
ဟိုး...အဝေးက မလေးကို ဆက်ပြီးလွမ်းနေဦးမှာပါကွယ် 
တကယ်ကိုလွမ်းခဲ့ရတာပါ မလေးရယ် မောင်မောင်မညာပါဘူး
အသေချာဆုံးတစ်ခုကတော့
မောင်မောင်
 အိပ်မရဘူးကွယ် မလေးရယ်.....







သတိရစွာဖြင့် 
စလင်းဇင်ယော် 
စုစည်းခံစားတင်ပြသည်။ 
Saturday, September 10, 2011 | 0 comments | Labels:
အမေရေ.....................

လက်ဝိုင်းလို့ နှိုင်းပြမရတဲ့ အမေ့မေတ္တာ 
ကမ္ဘာကို ကိုင်စိုး အုပ်မိုးနေခဲ့တာ ယနေ့ထိတိုင်ပါပဲ အမေ

မြင့်မိုရ်တောင်ကြီးဘယ်လောက် ကြီးနေပါစေ
ကြီးမြတ်တဲ့ အမေ့မေတ္တာကို မကျော်လွန်ပါဘူး အမေ
အမြင့်ဆုံးဆိုတဲ့ ဧ၀ရတ်တောင်ကြီး သော်မှ
မြင့်မားတဲ့ အမေ့မေတ္တာ အောက်မှာပဲ နေရတယ် အမေ 
စမ်းရေးအေးတွေလဲ အမေ့မေတ္တာ တေးတွေအောက်မှာပဲ ၀င်ရောက်ခဲ့ရတာပါ အမေ
အမေ့မေတ္တာ ဘယ်လောက်ကြီးမားတယ်ဆိုတာ 
နှိုင်းပြဖို့  သား မတတ်ပေမယ့်
စာရွက်ပေါ်မှာ အမေလို့ ရေးမိရင်တောင်
ရင်ထဲမှာ နွေး.......နေတယ်အမေ.....။

အမေးရေ.......
အိမ်အိုဟောင်းနဲ့ အမေ့ ဈေးတောင်းလေးလည်း
ပြင်သူမဲ့လို့
အမိုးတွေပေါက် အကွပ်တွေပြေ
အနားတွေ စုပ်နေရော့ပလား   အမေ........?
 

မမြင်တာကြာ အမေ့ရုပ်လွှာ 
ဆံဖြူသွားကြွေ ပါးရေတွန့်လို့
သားပြန်လာမယ့်  ရွာအဝင် တမာတန်းမှာ
ဝေဝါးတဲ့ မျက်ဝန်းတွေနဲ့
စောင့်ကြို နေတုန်းပဲလား အမေ..................?

အမေရေ..............

ကုန်ဆုံးသွားတဲ့ (နှစ်) (လ)အချိန်တွေ ရေတွက်ကြည့်ရင်
ဖုန်းထဲမှာကြားရတဲ့ အမေ့ အသံလေးတောင်မှ
ဟိုးအရင်    အမေ့သား ရေမြေခြား
မလေးရှား မသွားခင် ကြားနေကြ
စွာငေါက်ငေါက်နဲ့

အမေ့  အသံလေးမဟုတ်တော့သလိုပဲ နော် အမေ.........။

အမေရေ...............

ဇာတိချက်ကြွေ မွေးရပ်မြေကို
ဒီမိုးအကုန် ဟေမာန်နှောင်းရင်
နွေဦးရဲ့ လေရူးတွေနဲ့အတူ
အမေရှိရာ ဌာနေဟောင်း 

ပြန်ညောင်းမယ့် ဒီသားဟောင်းကို
ရွာအဝင် တမာတန်းမှာ အလွမ်းများနဲ့ ဆီးကာကြို 
မျက်ရည်တွေစိုးလို့ 
သားလာမယ့် ဒီလမ်းလေးမှာ
လှမ်းလင့်လို့ စောင့်ကြိုနေတုန်းပဲလား အမေရယ်.....
 

နှစ်ကုန်ရင် တစ်ခေါက်လောက်တော့ ပြန်လာပေးပါ
မှာဆိုတယ် အမေ့ရဲ့ စကား
ဒီအချိန်ဆို အခါခါကြားမိ..
လွဲခဲ့ပြန်ပြီး ၀ါဆိုဦး 
အမေပြောဖူးတဲ့  အိမ်ပြန်မှာတမ်း  
ညချမ်းဆို  ပို၍လွမ်းသည်
နှောင်နှစ်ဆန်းရင်တော့ ငွေထမ်းကာ သားပြန်လာမည်
ခွန်ချိုသာနှုတ်စကားနဲ့  ကျွန်းညိုက အမေကြားပါစေသား......





မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။
Sunday, July 31, 2011 | 0 comments | Labels:
အတိုင်းအဆမဲ့  လွမ်းရပါသော
အနှိုင်းမဲ့ အမေ.....
အထာလေးတွေနဲ့ စာရေးကာ
သားအမေ့ဆီသို့ သတိရစွာဖြင့်..
ပေးပို့လိုက်ပါတယ် အမေ.......

သားလေ မကြာသေးမှီအချိန်ကဘဲ
လိုတာလေးတွေ မရသေးလို့
မလေးရှားမှာ သား
အိုဗာစတေးလိုက်တယ်.....အမေ
ဒါမှလည်း   သားအတွက်
အတိုအထွာလေးတွေ ဆွဲပြီး
ပိုတာလေးတွေ ထုခွဲရောင်းချ
အခြေမလှတဲ့ ဘ၀ကို
ဆွဲတင်ပေးခဲ့တဲ့ အမေ့ဆီသို့
လုံလောက်ငှစွာ ပေးပို့နိုင်မှာမိုလို့ပါ... အမေ


တစ်ခါတစ်လေကျတော့
ငွေမက်တဲ့လူတွေရဲ့   နောက်မှာ
သားလို  အနှိမ်ခံလူတစ်ယောက်  အနေနဲ့
အမေရှိတဲ့  အိမ်ကိုပဲ  ပြန်လာချင်မိတယ်....အမေ
ခွဲခြားတဲ့ လူတန်းစားတွေကြားမှာ
ဆွဲစားတဲ့ ပွဲစားတွေကလည်း ပေါလိုက်တာ....အမေရယ်

ဒီကြားထဲ ရေတွက်ထားတဲ့ ငွေလေးတွေစုပြီး
မမျှော်လင့်ဘဲ ရဲကားနဲ့ တွေ့လို့ကတော့
ကျွန်တော်ဖြင့် လွဲမှားတဲ့ ညတစ်ခုလိုဘဲ..အမေ
ပါတာလေးတွေ ပေးပြီ အသာအယာလေး
ပြန်ခဲ့ရတယ်....အမေ
ဒါဟာ ကိုယ့်တိုင်းပြည်မှ မဟုတ်တာ....

အရိပ်မတူတဲ့ တစ်နေရာမှာ ရောက်နေပေမဲ့
အမေ သားအတွက် ဘာမှစိတ်မပူပါနဲ့ .....အမေ
အနေဝေးနေပေမဲ့
အမေ မွေးလိုက်တဲ့သားရဲ့  ကိုယ်ထဲမှာ
အမေပေးလိုက်တဲ့ သတ္တိသွေးတွေ လည်ပတ်နေတယ် အမေ

အထာအပိုတွေ  မမြင်နိုင်ဘဲ
မနာလိုသူတွေ အထက်မှာ
သား ဘာမဆို ရင်ဆိုင်ပြီး အမေရှိမဲ့
အညာမြေကိုပဲ ပြန်ခဲ့တော့မယ်....အမေ

စာလည်းရှည်နေပြီမိုလို့..
ဒါဘဲနော်အမေ........


အနာဂတ်လမ်းမှာ အမေစိတ်ချမ်းသာဖို့
ငွေအိတ်ထမ်း ပြန်မလာနိုင်သေးတဲ့
အမေ့ရဲ့ အဝေးရောက်သား.....
Wednesday, July 20, 2011 | 0 comments | Labels:
 မည်သို့ပင်ဖြစ်ပါစေ…….

လူတွေသည်
အကျိုးအကြောင်းလဲ မသိ
ကျိုးကြောင်းဆင်ခြင်ခြင်းလဲ မရှိ
အတ္တစိတ်လဲ များလှသည်။
မည်သို့ပင်ဖြစ်စေ မေတ္တာထား လိုက်ပါ။

-

လူတွေသည်
ကောင်းသောအမှု့ကို
သင်မည်မျှပြုသော်လည်း
မရိုးမသား
ကိုယ်ကျိုးစီးပွားရေးအတွက်ပါဟု
စွပ်စွဲကြလိမ့်ဦးမည်။
မည်သို့ပင်ဖြစ်စေ
ကောင်းသောအမှု့ကို ပြုမြဲပြုပါ။

-
သင်အောင်မြင်ပြီဆိုလျှင်
သင်၌ မိတ်ဆွေအတုအယောင်များရော
ရန်သူစစ်စစ်များရော
ရရှိလာလိမ့်မည်။
မည်သို့ပင်ဖြစ်စေ
အောင်မြင်ရန်သာ အားထုတ်ပါ။

-
ရိုးဖြောင့်ခြင်း၊ပွင့်လင်းစွာ
စကားပြောဆိုခြင်းကြောင့်
သင့်မှာ ထိခိုက်စရာတွေ
ကြုံကောင်းကြုံရလိမ့်မည်။
မည်သို့ပင်ဖြစ်စေ
ရိုးဖြောင့်ပွင့်လင်းစွာသာ
ပြောဆိုဆက်ဆံပါ။

-
ယနေ့ သင်ပြုသော
ကောင်းသောအမှု့ကို
မနက်ဖြန်
သူတို့ မေ့ကောင်းမေ့လျော့ကြလိမ့်မည်။
မည်သို့ပင်ဖြစ်စေ
ကောင်းသောအမှု့ကို ပြုမြဲပြုပါ။

-
အကြီးကျယ်ဆုံး
စိတ်ကူးဉာဏ်ရှိသည့်
အမြင့်မားဆုံးပုဂ္ဂိုလ်သည်လည်း
အနုံချာဆုံး စိတ်ထားရှိသည့်
အသေးမွှားဆုံးပုဂ္ဂိုလ်ထံမှ
ဝေဖန်ခြင်း၊
ကဲ့ရဲ့အပုပ်ချခြင်း ခံချင်ခံရနိုင်သည်။
မည်သို့ပင်ဖြစ်စေ
ကြီးကျယ်မြင့်မြတ်စွာသာ
စဉ်းစားကြံစည်ပါ။

-
လူတွေသည်
နိမ့်ပါးသူ အောက်လူများကို
စေတနာပိုတတ်ကြသည်ဆိုလဲ
လက်တွေ့၌
အပေါ်စီးရသူ၊ ထိပ်ဆုံးလူများ
နောက်သို့သာ လိုက်ပါကြသည်။
မည်သို့ပင်ဖြစ်စေ
နိမ့်ပါးသူ အောက်လူတို့အတွက်သာ
ရပ်တည်တိုက်ပွဲဝင်ပေးပါ။

-
နှစ်ပေါင်းများစွာ
သင်တည်ဆောက်ခဲ့သောအရာသည်
နေချင်းညချင်းပြိုလဲ
ဖျက်ဆီးခြင်း ခံချင်ခံရလိမ့်မည်။
မည်သို့ပင်ဖြစ်စေ
တည်ဆောက်စရာရှိတာကို
ဆက်၍သာတည်ဆောက်ပါ။



'' အရာရာတိုင်းအပေါ် သင်ပြုမူဆောင်ရွက်ဆောင်သမျှ ကိစ္စတိုင်းသည်
  သင်၏ ကိုယ်ကျင့်တရားပင် ဖြစ်သည် ''။ 



မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။
Sunday, July 17, 2011 | 0 comments | Labels:
အမေ......

မလာသေးတဲ့..လောကဓာန်..ကို ရင်ဆိုင်ဖို့ပြင်ဆင်ရင်း...

အဓိကကျကျ......အမေ့ဆီသို့....

သား..သတိရစွာဖြင့်စာရေးလိုက်ပါတယ်....



နွေ...တွေပြောင်းလို့..

အမေရော..နေကောင်းရဲ့လား..



သားအခုလျှောက်တဲ့လမ်းက

ပင်ပန်းတယ်အမေ....ဒါပေမဲ့..

အမေ့မျက်နှာသာ ရွှင်လန်းနေမယ်..ဆိုရင်..

အသေသတ်မဲ့..နွေရက်တွေဖြစ်နေပါစေ..

သားကျေနပ်တယ်အမေ.....



အဖေမရှိတဲ့နောက်....

အမေကြည့်တဲ့အရိပ်အောက်မှာ...

အမေ.မသိအောင်မျက်ရည်တွေကျခဲ့ဖူးတယ်..

အဲဒီ..သားမျက်ရည်တွေက...

အခုသားလက်တွေနဲ့ချရေးတဲ့...

သက်သေအဖြစ်....

ကဗျာတွေဖြစ်ခဲ့ပြီအမေ.....



မယုံဘူးလား...

ကုန်ကူးပြီးစားသောက်ခဲ့ရတဲ့..ဘ၀မှာ..

ရှိသမျှလေး ရောင်းစားပြီး....

အသိရအောင်ကျောင်းထားပေးခဲ့တဲ့ရက်တွေကို

သတိရတယ်အမေ...

သား..အသက်ပင်သေပါစေ.

အမေမျက်နှာမငယ်စေရဘူး....အမေ...



အမေ့ကျေးဇူးတွေ..ယနေ့တိုင်မက..

သေအထိတိုင်...မမေ့နိုင်ပါဘူးအမေ...

..

စာလည်းရှည်နေပြီ...မိုလို့..

ဒါပါဘဲအမေ......



အနာဂတ်လမ်း..မှာ...အမေစိတ်ချမ်းသာဖို့....

ငွေအိတ်ထမ်းပြန်မလာနိုင်သေးတဲ့...အဝေးရောက်သား....
Wednesday, July 13, 2011 | 0 comments | Labels: