twitter

သမ္မတဖြစ်လာသူတိုင်း ခေါင်းဆောင်မဟုတ်ကြချေ။



Franklin D. Roosevelt
32nd President of the United States
March 4, 1933 – April 12, 1945

သို့ဖြစ်စေကာ ကျနော်တို့သည် သမ္မတတယောက်ကို ရွေးချယ်ရသည့်အခါတိုင်း ခေါင်းဆောင်တယောက်ရရှိရန် မျှော်လင့်ကြသည်ချည်း ဖြစ်သည်။ အထူးသဖြင့် မရေရာ မသေချာမှုများ ဖုံးလွှမ်းနေသည့် အကျပ်အတည်းကာလများတွင် ခေါင်းဆောင်တယောက်ရရှိရန် မျှော်လင့်တောင့်တတတ်သည်။
အပူအပင်ကင်းမဲ့သော ကာလများတွင်ကား ခေါင်းဆောင်ကို လိုချင်သလိုလို မလိုချင်သလိုလို ဒွိဟ ဖြစ်နေတတ်သည်။

စင်စစ် ခေါင်းဆောင်ဟူသည်ကား ပင်ပန်းခက်ခဲသောအလုပ်တို့ကို လုပ်ဆောင်ရန် လှုံ့ ဆော်တွန်းထိုးတတ်သည်။ တည်ဆဲအနေအထားကို ဆန်းစစ်စိန်ခေါ်တတ်သည်။ အရေးပါသော ပြောင်းလဲမှုကြီးများကို ဖြစ်ထွန်းစေတတ်သည်။


Vladimir Lenin
Chairman of the Council of People's Commissars of the Soviet Union
30 December 1922 – 21 January 1924

ခေါင်းဆောင်မှုကိစ္စရပ်သည်လည်း အခြားနည်းတူပင် သူ့ အချိန်နှင့်သူ ပေါ်ထွန်းလာရပါသည်။ ပြည်သူလူထုက သူတို့အားခေါင်းဆောင်မှုပေးရန် လိုလားတောင့်တနေသည့်အချိန်မှာမှ ခေါင်းဆောင်လည်း ပေါ်ထွန်းလာရသည်။ ၁၉၄၀ ခုနှစ်တွင် အင်္ဂလန်ပြည်၌ ချာချီပေါ်ထွန်းလာရသလိုမျိုး။ ၁၉၃၃ ခုနှစ်တွင် အမေရိကန်နိုင်ငံ၌ ရုစ်ဗဲ့လ်ဒ် ပေါ်ထွန်းလာရသလိုမျိုး။ ၁၉၁၇ ခုနှစ်တွင် ရုရှားပြည်၌ လီနင် ပေါ်ထွန်းလာရသလိုမျိုး။


Sir Winston Churchill
Prime Minister of the United Kingdom
26 October 1951 – 7 April 1955

ထိုသို့ ပေါ်ထွန်းလာသော ခေါင်းဆောင်သည် ရိုးစင်း၍ လိုရင်းရောက်သော စကားကို ထိထိမိမိ ပြေ နိုင်ရမည်။ ကြီးကျယ်သော ခေါင်းဆောင်ဟူသမျှသည် အခက်ကိုလွယ်စေပြီး အရှုပ်ကို ရှင်းသွားစေနိုင်သည့် သူများ ဖြစ်သည်။
ခေါင်းဆောင်သည် ဆန့်ကျင်ဝေဖန်မှုများ၊ အချေအတင်ငြင်းခုန်မှုများ၊ ဇဝေဇ၀ါသံသယများကို ဖောက်ထွက်ဖြတ်ကျော်ပြီး လူတိုင်းနားလည်သဘောပေါက်ကာ စိတ်ထဲစွဲသွားစေမည့် ဖြေရှင်း ချက်မျိုးကို ပေးတတ်သည်။

သွေး ချွေး မျက်ရည်နှင့် ပင်ပန်းဆင်းရဲမှုတို့ကိုသာ မျှော်လင့်ထားရန် ချာချီက ဗြိတိသျှလူမျိုးတို့အား သတိပေးခဲ့သည်။ ငါတို့မှာ ငါတို့ ရဲ့ ကြောက်စိတ်တခုပဲ ကြောက်စရာ ရှိတယ်ဟု ရုစ်ဗဲ့လ်ဒ်က အမေရိကန်နိုင်ငံသားတို့ကို ပြောခဲ့သည်။ လယ်မြေနှင့် ပေါင်မုန့်ကို ပေးမည်ဟု လီနင်က စစ်ပန်းနေသော ရုရှားလယ်သမားတို့ကို ကတိပြုခဲ့သည်။ ဖြောင့်စင်းရိုးရှင်းသော စကားများ ဖြစ်ပါဧ။် သို့သော် အလွန်ခွန်အားရှိသော စကားများလည်း ဖြစ်ပေသည်။


1967 Portrait of Mao Zedong
1st Chairman of the Communist Party of China

ကျနော်တို့ ဧ။်စိတ်ကူးထဲတွင် ခေါင်းဆောင်အရည်အချင်း၊ ခေါင်းဆောင်ဂုဏ်ရည် နှင့်ပတ်သက်သော ရုပ်ပုံလွှာတခု ရှိနေသည်။ ရုပ်ပိုင်းဆိုင်ရာ အမှတ်လက္ခဏာပင် ရှိနေသည်။ ခေါင်းဆောင်တို့ အနေနှင့် အရပ်အမောင်းရှည်ဖို့ မလိုအပ်သော်လည်း မျက်လုံးမျက်ဖန် နှာတံပါးစပ် စသည့် အင်္ဂါရပ်တို့ သည် သာမန်ရှိရိုးရှိစဉ်ထက် ကြီးမားပေါ်လွင်ပြီး ခန့် ညားသည့်အသွင်ကို ဆောင်နေရမည်။ ဂျွန်ဆင်ဧ။် နှာခေါင်းမျိုး၊ အီကေဧ။် ပါးစပ်မျိုး။
ထူးခြားသည့် အပြင်အဆင် အ၀တ်တန်ဆာသည်လည်း ခေါင်းဆောင်တယောက်ဧ။်ရုပ်ပုံလွှာအတွက် အသုံးဝင်ပါသည်။ လင်ကွန်းဧ။် ဦးထုပ်ပုံမျိုး။


Abraham Lincoln at age 54, 1863
16th President of the United States
March 4, 1861 – April 15, 1865

ကျနော်တို့ သည် မိမိဧ။်ခေါင်းဆောင်ကို သာမန်လူထက် ထူးခြားသာလွန်စေချင်သည်။ သမတဖို့ဒ်ဧ။် ချို့ယွင်းချက်တခုမှာ ရုပ်ရည်သွင်ပြင်နှင့် အ၀တ်အစားတွင် ဘာမှမထူးခြားသည့်အချက်ဖြစ်သည်။ ထိုချို့ယွင်းချက်ကြောင့် ပြည်သူလူထုက သူ့ အပေါ် မစွဲငြိ။ ခေါင်းဆောင်တယောက်တွင် မြင်လိုက်သည်နှင့် စိတ်ထဲစွဲငြိသွားစေမည့် ဥပဓိမျိုး ရှိရမည်။ အလွယ်တကူ မေ့ပျောက်၍ မရနိုင်သော ဥပဓိမျိုး ရှိရမည်။

သာမန်လူများစု မတတ်နိုင်သော ကိစ္စရပ်မျိုးကို စွမ်းဆောင်နိုင်ခြင်းသည် ခေါင်းဆောင် တယောက်ဧ။် ဂုဏ်ရည် ဖြစ်သည်။ အမေရိကန်သမတ ရုစ်ဗဲ့လ်ဒ်သည် ပိုလီယိုရောဂါကို ကျော်လွှား လွန်မြောက်ခဲ့ သည်။ မော်စီတုန်းသည် အသက်ခုနစ်ဆယ်နှစ်နှစ်အရွယ်တွင် ယန်စီမြစ်အတွင်း ရေကူးခဲ့သည်။


John F. Kennedy
35th President of the United States
January 20, 1961 – November 22, 1963

ကျနော်တို့ သည် မိမိခေါင်းဆောင်ကို ကိုယ်နှင့်မရိုးမစွဲ မဖြစ်စေချင်ကြ။ အရည်အသွေး အနှစ်သာရအားဖြင့် များစွာထူးခြားသာလွန်စေချင်သည်။ သို့ ဖြစ်စေကာ မိမိနှင့် အလွန်အမင်းကွဲပြားခြားနား လွန်းပြန်လျှင်လည်း လက်သင့်မခံ ငြင်းဆန်ချင်ပြန်သည်။ အက်ဒ်လိုင်း စတီဗင်ဆင်သည် ပညာတတ် ဆန်လွန်းသည်။ နယ်လ်ဆင်ရော့က်ဖဲလားသည် ချမ်းသာကြွယ်ဝလွန်းသည်။

တကယ်ရှိသည့် အရည်အချင်းထက် ပိုရှိသည်ဟု ထင်လာရအောင် ဖန်တီးတင်ပြတတ်သော ရုပ်မြင်သံကြားသည်ပင် ကျနော်တို့ သိမှတ်ထားသည့် ခေါင်းဆောင်မှုအရည်အသွေးတို့နှင့် ပတ်သက်လျှင် အရှိကို မရှိဖြစ်အောင်၊ မရှိကို အရှိဖြစ်အောင် မလုပ်တတ်။ ရုပ်မြင်သံကြားသည် နစ်ကဆင်ဧ။် စိုးရိမ်ကြောင့်ကြ စိတ်မချဖြစ်မှုကို ဖော်ပြခဲ့သည်။ ဟန်ဖရေဧ။် ကိုယ့်အသံကိုယ် စွဲလန်းလွန်းနေပုံကို ဖော်ပြခဲ့သည်။


Richard Nixon
37th President of the United States
January 20, 1969 – August 9, 1974

ခေါင်းဆောင်တယောက်သည် အာဏာအသုံးပြုပုံကို သိရမည်။စင်စစ် ခေါင်းဆောင်မှုလုပ်ငန်းသည် အာဏာသုံးခြင်းလုပ်ငန်းပင် ဖြစ်သည်။ ထိုကြောင့် ခေါင်းဆောင်တယောက်အနေနှင့် အာဏာသုံးပုံ သုံးနည်းကို သူသိကြောင်း ပြသနိုင်ရမည်။ တည်ငြိမ်ခိုင်မာမှုကို ထုတ်ဖော်ပြသနိုင်စွမ်းရှိရမည်။ ဖို့ဒ်ကဲ့သို့  ပုံမကျပန်းမကျ ရုပ်ခန္ဓာမျိုး မရှိရ။ ကာတာကဲ့သို့  မျက်စေ့ ကစားလွန်းခြင်းမျိုး မရှိရ။ တည်ကြည်လေးနက်သော ရာဇအိနြေ္ဒမျိုး ရှိရမည်။

ခေါင်းဆောင်တယောက်သည် ကချေသည်တယောက်ဧ။် တင့်တယ်လှပမှုမျိုး ရှိရမည်ဟု တရုတ် တွေးခေါ်ရှင် တယောက်က ကောက်ချက်ချဖူးသည်။ အလွန်ပညာပါသောစကား ဖြစ်ပါသည်။
ခေါင်းဆောင်တယောက်သည် စိုးရိမ်ကြောင့်ကြမှုကင်းရှင်းပြီး ယုံကြည်မှုအပြည့်အ၀ရှိသော အသွင်အပြင်မျိုး ဆောင်နိုင်အောင် မည်သို့ လုပ်ရမည်ကို သိသည်။ သူဧ။်လမ်းလျှောက်ဟန်သည် ခိုင်မာရမည်။ ရည်ရွယ်ချက် ရှိရမည်။ ကယိမ်းကယိုင် မဖြစ်ရ။ ပေါ့တီးပေါ့ဆ မဖြစ်ရ။

လင်ကွန်း၊ ရုစ်ဗဲ့လ်ဒ်၊ ထရူးမင်း၊ အီကေ၊ ကနေဒီတို့  ရယ်မောသလိုမျိုး ကြည်ကြည်နူးနူး ဟက်ဟက်ပက်ပက် ပြုံးရွှင်ရယ်မောနိုင်ရမည်။ သူတပါး ပြက်ရယ်ပြုချင်စရာကောင်းသော နစ်ကဆင်နှင့် ကာတာ တို့ဧ။် မအီမသာ အပြုံးမျိုးကို ရှောင်ရှားနိုင်ရမည်။ ရိုနယ်လ်ရီဂင်သည် ရုပ်ရှင်မင်းသားအဖြစ် သရုပ် ဆောင်ခဲ့ဖူးရာ ယင်းသရုပ်ဆောင်အတတ်ပညာကို သုံး၍ ကာတာနဲ့ စကားစစ်ထိုးရာ၌ အသာစီးရခဲ့သည်။ တည်ငြိမ်အေးဆေးသော အမူအရာနှင့် ဖော်ရွေရည်မွန်သော ဟန်ပန်တို့ ကြောင့် ပရိသတ်က သူ့ ကို သမ္မတအဖြစ် မြင်လာပြီး ကာတာကိုတော့ စိန်ခေါ်သူတယောက်အဖြစ်သာ မြင်သွားစေခဲ့သည်။

ခေါင်းဆောင်မှုဆိုင်ရာတွင် အမှန်တရားတခု ရှိသည်။ ပြည်သူလူထုကို သူတို့ သွားချင်သည့်နေရာသို့သာ ဦးဆောင်ခေါ်ယူ သွားနိုင်လိမ့်မည်ဟူသော အမှန်တရား ဖြစ်ပါသည်။ ခေါင်းဆောင်တို့သည်လည်း ပြည်သူလူထု သွားချင်သော နေရာဆီသို့သာ သွားရပါလိမ့်မည်။ သို့သော် ခေါင်းဆောင်က ခြေတလှမ်း စောရမည်။
အမေရိကန်နိုင်ငံသားတို့သည် စီးပွားရေးဆုတ်ကပ်ကြီးအတွင်းမှ ရုန်းထွက်ချင်နေသည့်အချိန်တွင် ရုန်းထွက်နိုင်ကြောင်း ရုစ်ဗဲ့လ်ဒ်က ပြောခဲ့သည်။

၁၉၄၀ ခုနှစ်တွင် အရှုံးပွဲများရင်ဆိုင်နေရသော်ငြား စစ်ကြီးကို နိုင်နိုင်သည်ဟု ဗြိတိသျှလူမျိုးတို့  ယုံကြည်နေသည့်အချိန်တွင် ချာချီက ယင်းယုံကြည်ချက် မှန်ကန်ကြောင်း ပြောခဲ့သည်။


Aung San
13 February 1915- 19 July 1947 (aged 32)

ခေါင်းဆောင်တယောက်သည် ပြည်သူလူထုဧ။် အလိုဆန္ဒလှိုင်းလုံးကြီးများကို စီးဧ။်။ ပြည်သူလူထုဧ။်
မျှော်လင့်ရည်မှန်းချက် ဒီရေနှင့်အတူ စီးမျောရွေ့ လျားဧ။်။ ပြည်သူလူထုဧ။် အနက်ရှိုင်းဆုံး လိုလား တောင့်တချက်များကို နားလည်သဘောပေါက်ဧ။်။

ခါင်းဆောင်တယောက်အနေနှင့် ငြိမ်းချမ်းရေးလိုလားသော နိုင်ငံတခုကို စစ်ပွဲဆင်နွှဲလာအောင် မည်သို့မျှ မလုပ်နိုင်။ စစ်တိုက်ရန် ဆုံးဖြတ်ထားသော နိုင်ငံတခုကိုလည်း ဘယ်လိုမှ မတားမြစ်နိုင်။

ခေါင်းဆောင်တယောက်ဧ။်ရည်မှန်းချက်သည် နိုင်ငံဧ။် စိတ်ခံစားမှုအနေအထားနှင့် တသားတည်း ကျနေရမည်။ ခေါင်းဆောင်ဧ။် အလုပ်မှာ ပြည်သူလူထုဧ။် စွမ်းရည်စွမ်းအားနှင့် လိုအင်ဆန္ဒများကို စုစည်းပေးဖို့ ဖြစ်သည်။ ယင်းစွမ်းရည်စွမ်းအားနှင့် လိုအင်ဆန္ဒတို့ ကို အရိုးရှင်းဆုံး စကားလုံးတို့ ဖြင့် အဓိပ္ပါယ်ဖွင့်ဆိုဖော်ပြပေးဖို့ ဖြစ်သည်။ ပြည်သူလူထုကို တက်ကြွရှင်သန်အောင် လှုံ့ ဆော်ပေးဖို့ ဖြစ်သည်။ ပြည်သူလူထု အလိုရှိသောအရာတို့ကို   အရေးကြီးသောအရာ လက်ဆုပ်လက်ကိုင် အရယူ နိုင်သောအရာအဖြစ် မြင်လာအောင် လုပ်ဆောင်ပေးဖို့ ဖြစ်သည်။

အရေးအကြီးဆုံးအချက်မှာ ခေါင်းဆောင်လုပ်သူသည် ကျနော်တို့ဧ။် လိုအင်ဆန္ဒများကို ဂုဏ်တင် ချီးမြှောက်ရပါမည်။ ပြည်သူလူထုသည် ကြီးကျယ်သော သမိုင်းကို ဖန်တီးရာတွင် ပါဝင်နေကြောင်း သဘောပေါက်လာအောင် ရှင်းပြရပါမည်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိသူများအဖြစ် မြင်လာအောင် အရေးပါသူများအဖြစ် ဂုဏ်ယူလာအောင် လုပ်ပေးရပါမည်။

ချာချီသည် သူဧ။်စကားတို့ ဖြင့် ဗြိတိသျှလူမျိုးတို့ ရင်ဆိုင်နေရသောအရှုံးကို မဟာအောင်ပွဲဆီသို့ လှည့်ပြောင်းပေးခဲ့သည်။ ရုစ်ဗဲ့လ်ဒ်ဧ။် စကားတို့ သည် ပုလဲဆိပ်ကမ်း၌ အမေရိကန်သင်္ဘောများ နစ်မြုပ် ဆုံးရှုံးမှုကို ချောက်ချားသိမ်ငယ်စရာအဖြစ်မှ အမျိုးသားစည်းလုံးညီညွတ်ရေးအဖြစ်သို့  ပြောင်းလဲပေးခဲ့သည်။ ခေါင်းဆောင်တယောက်သည် ကျနော်တို့ ဧ။် ဆင်ခြင်တုံဥာဏ်ကို ဆွဲငင်ရမည် မဟုတ်ဘဲ ကျနော်တို့ဧ။် အတွေးများကို ဆူပွက်လာအောင် လှုံ့ ဆွပေးရမည်။


Mohandas Karamchand Gandhi
2 October 1869 - 30 January 1948 (aged 78)

ကြီးကျယ်သော ခေါင်းဆောင်တယောက်သည် ကြောင်းကျိုးမညီသော ဂုဏ်ရည်တခုကို ပိုင်ဆိုင်နေရမည်။ လက်တွေ့ အချက်အလက်တို့ကို လက်သင့်မခံ ရင်မဆိုင်သော ခေါင်းမာသည့် ငြင်းဆန်မှုမျိုး ရှိရမည်။ သူတပါးကို ကူးစက်သွားစေနိုင်သည့် အကောင်းမြင် စိတ်ဓာတ်မျိုး ရှိရမည်။ ပြည်သူလူထုအနေနှင့် ဘာမှမကျန်အောင် ဆုံးရှုံးသွားလေပြီဟု ခံစားနေရသည့်တိုင် အကုန်မဆုံးရှုံးသေးပါဟု လက်ခံလာအောင် လုပ်နိုင်စွမ်းရှိရမည်။

ကြီးကျယ်သောခေါင်းဆောင်တယောက်ဧ။် အကြံပေးပုဂ္ဂိုလ်များသည် ရေခဲတုံးတမျှ အေးစက်နေသော်လည်း ကြီးကျယ်သောခေါင်းဆောင်သည်ကား တေဇောဓာတ်အပူမီးကို ဆက်လက် ပိုင်ဆိုင်ထားရမည်။ မြင့်မြတ်သော ရူးသွပ်မှု မီးပွားကလေးကို ဆက်လက် ပိုင်ဆိုင်ထားရမည်။

ခေါင်းဆောင်တယောက်သည် ကျနော်တို့  အဆင်သင့်မဖြစ်သေးသရွေ့ ရောက်လာမည်ကား မဟုတ်။ ခေါင်းဆောင်ဟူသည်ကား ကျနော်တို့ဧ။် စိတ်ကူးအိပ်မက်များနှင့် မျှော်လင့်ချက်များကို စကားလုံးများဖြင့် ပုံဖော်ပေးခြင်း၊ ကျနော်တို့ ဧ။် လိုအပ်ချက်များနှင့် စိုးရိမ်ကြောက်လန့် မှုများကို မူဝါဒများ စီမံချက်များ အဖြစ်သို့ ပြောင်းလဲပေးခြင်း စသည့် လုပ်ဆောင်ချက်တို့ ဖြင့် ကျနော်တို့ ဧ။် ရည်ရွယ်ချက်များကို ကျနော်တို့ဖာသာ ပြန်မြင်လာအောင် လုပ်ပေးသည့် ကြေးမုံမှန်ပြင်တခုသာ ဖြစ်သောကြောင့်တည်း။

ကျနော်တို့ဧ။် အင်အားသည် ခေါင်းဆောင်ကို သန်မာစေဧ။် ကျနော်တို့ဧ။် သန္နိဋ္ဌာန်သည် ခေါင်းဆောင်ကို ခိုင်မာစေဧ။် ကျနော်တို့ဧ။် ရဲစွမ်းသတ္တိသည် ခေါင်းဆောင်ကို သူရဲကောင်းအာဇာနည် ဖြစ်စေဧ။်


Aung San Suu Kyi
19 June 1945 (age 66)

ခေါင်းဆောင်ဟူသည် ကျနော်တို့၌ ရှိသော အကောင်းမြတ်ဆုံး စံပြဂုဏ်ရည်တို့ဧ။် သင်္ကေတဖြစ်ဧ။်
ထိုကြောင့် ကျနော်တို့တွင် ယင်းဂုဏ်ရည်များ ချို့ယွင်းနေသည့်အခါ ခေါင်းဆောင်ကို ကျနော်တို့  မမွေးထုတ်ပေးနိုင်။ ကျနော်တို့ဧ။် ကျွမ်းကျင်မှုများ၊ နည်းပရိယာယ်များ အားလုံးဖြင့်လည်း ခေါင်းဆောင်တယောက်ကို မွေးထုတ်၍ မရနိုင်။ စင်စစ်သော်ကား ခေါင်းဆောင်ဟူသည် ကျနော်တို့  အားလုံးကို စုပေါင်းထားသော အရာသာ ဖြစ်ပါဧ။်။         ။

မောင်သာမည
Saturday, March 17, 2012 | 0 comments | Labels:


ဒီခေတ်မှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ ကွန်ပျူတာတွေခေတ်စားနေတော့ နိုင်ငံရေးဆိုတာကို မေ့ထားကြတာ များတယ်။ နိုင်ငံရေးကိုမေ့နေတော့ နိုင်ငံရေးသမားတွေ လုပ်ချင်တာလုပ် ခေါင်းငုံ့ခံရတယ်။
နိုင်ငံရေးကို သိစရာမလိုဘူးလို့ သဘောထားတော့ သူများပြောသမျှ အဟုတ်ထင်တတ်တယ်။ နိုင်ငံရေးကို ငါတို့နဲ့ မဆိုင် ပါဘူးလို့ထင်တော့ ကိုယ်တိုင်ခေါင်းဆောင်နိုင်တဲ့ အရည်အချင်းတွေ ပျောက်ကုန်ပြီး ဟိုလူ့နောက် လိုက်ရ နိုးနိုး၊ သည်လူ့နောက်လိုက်ရနိုးနိုး၊ ဟိုလူပြော ကောင်းနိုးနိုး သည်လူပြော ကောင်းနိုးနိုးဖြစ်လာကြတယ်။
တိုင်းပြည်တစ်ပြည်မှာ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ အိုင်တီပညာရှင်တွေချည်း လိုအပ်တာ မဟုတ်ပါဘူး၊ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပညာရှင်တွေ၊ နိုင်ငံရေးဝေဖန်ဆန်းစစ်သူတွေ၊ နိုင်ငံရေး လေ့လာသူတွေ အများကြီး လိုပါတယ်။ အနာဂတ် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက် ရာမှာ နိုင်ငံရေအကြောင်း ကောင်းကောင်း သိသူတွေ လိုအပ်ပါတယ်။
ခေါင်းဆောင်ကောင်းဖြစ်ရေး၊ နိုင်ငံတော်တည်ဆောက်ပြုပြင်ရေးမှာ နိုင်ငံရေးအကြောင်း သိသူ တွေ မွေးထုတ်ပေးဖို့လိုပါတယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုမှာ ပညာသွားရောက် သင်ကြားဖို့ အခွင့် အရေးလည်းရမယ်၊ နိုင်ငံရေးသိပ္ပံဘာသာရပ်ကိုလည်း စိတ်ပါဝင်စားတယ်၊ သင်ကြားလိုပါတယ် ဆိုတဲ့သူတွေအတွက် အမေရိကန်မှာရှိတဲ့ နိုင်ငံရေးသိပ္ပံကျောင်းတွေကို ဖော်ပြလိုက်ပါတယ်။

1.    Harvard University

တစ်နိုင်ငံလုံးက နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ ပတ်သက်ပြီး အကောင်းဆုံးသင်ကြားနိုင်တဲ့ ကျောင်း လို့ သတ်မှတ်ထားကြပါတယ်။  ဟားဗတ်သင်ရိုးတွေမှာ သမိုင်းရေးဆိုင်ရာအမြင်နဲ့ ချဉ်းကပ်မှု၊ လူ့ဘောင်အဖွဲ့ အစည်းနဲ့ ယဉ်ကျေးမှုဆိုင်ရာအမြင်နဲ့ ချဉ်းကပ်မှု၊ ဒဿနိကဗေဒ ဆိုင်ရာ အတွေး အမြင်နဲ့ချဉ်းကပ်မှုဆိုပြီး နိုင်ငံရေးသိပ္ပံဘာသာရပ်ကို သင်ကြားပါတယ်။
ဒီနှစ်ပိုင်းတွေမှာ Government Department ဆိုတာ ထပ်ဖွင့်ပြီး နိုင်ငံရေးကို အရေအတွက်အရ တိုင်းတာမှု၊ အပြုအမူအရတိုင်းတာမှု၊ အစဉ်အလာသဘောတရား အရတိုင်းတာမှုဆိုတာတွေကို ထပ်မံတိုးချဲ့ သင်ကြားပေးနေတယ်။ နိုင်ငံရေးကို သမိုင်းရေးအမြင်၊ ခေတ်ရေးအမြင်နှစ်ရပ် ပေါင်းစပ်သင်ကြားတာကြောင့် ဘွဲ့ရကျောင်းသားတစ်ယောက်အနေနဲ့ လုံလောက်တဲ့ အခြေခံ တွေ ပါသွားနိုင်ပါတယ်။ ဟားဗတ်မှာကျောင်းတက်သွားပြီး အမေရိကန်နိုင်ငံသမ္မတဖြစ်နေသူ (၇)ဦးလောက်ရှိပါတယ်။
ဟားဗတ်တက္ကသိုလ်ရဲ့ထူးခြားချက်တစ်ခုက ကမ္ဘာ့အကြီးဆုံး တက္ကသိုလ်စာကြည့် တိုက်ကြီးကို ထူထောင်ထားနိုင်တာပါ။ အဲဒီကျောင်းလောက် နိုင်ငံရေးနဲ့ပတ်သက်တဲ့ program တွေ၊ seminar တွေပေါတာလည်း မရှိပါဘူး။ နိုင်ငံရေးသိပ္ပံကိုသင်ရင်း ကျောင်းသားတွေဟာ လူတစ်ဦးချင်း လိုက်နာစောင့်ထိန်းအပ်တဲ့ စည်းမျဉ်းတွေနဲ့ အသားကျသွားမှာဖြစ်လို့ သိပ်ပြီးပူပင်စရာမလိုတဲ့ နေရာတစ်နေရာ လည်းဖြစ်ပါတယ်။ ငွေကြေးဆိုင်ရာအထောက်အပံ့တွေ၊ ပညာသင်ဆုတွေ၊ ဂုဏ်သတင်း ကျော်စောမှုတွေကြောင့် နိုင်ငံရေးသိပ္ပံကို စိတ်ဝင်စားတဲ့သူတွေ ဟားဗတ်ကျောင်း ကိုသာ ဦးစားပေးအနေနဲ့ ရွေးချယ်လေ့ ရှိကြတယ်။
2.    Yale University
 
ယေးလ်တက္ကသိုလ်ရဲ့ ဂုဏ်သတင်းကတော့ ကမ္ဘာအနှံ့ ကျော်ကြားပြီးသားပါ။ နိုင်ငံရေးသိပ္ပံကို ဒဿနိက ဘာသာရပ်နဲ့ တွဲဖက်ထားပြီး ခေါင်းဆောင်နိုင်သူတစ်ယောက်ရဲ့ အတွေးအမြင် တွေကို ရင့်ကျက်အောင်လေ့ကျင့် သင်ကြားပေးနေတဲ့ နေရာတစ်နေရာလည်းဖြစ်ပါတယ်။ 
နိုင်ငံရေးသိပ္ပံမှာ Health Policy, Globalization, Social and Policy Studies ဆိုတဲ့ ဘာသာရပ် တွေ ကို ထပ်မံတိုးချဲ့သင်ကြား ပေးနေတဲ့အပြင် Ethics, Politics, Economics ဘာသာရပ်တွေကို လည်း မလပ်အောင် သင်ကြားပေး နေတယ်။ ပညာသင်ထောက်ပံ့ကြေးတစ်နှစ်ကို ဒေါ်လာ ၂၅၀၀၀၀ လောက်ပေးဖို့အစီအစဉ်တွေလည်း ရှိတာကြောင့် ကျောင်းသားအများစု စိတ်ဝင်စား ကြ တယ်။ အမေရိကန် သမ္မတ ၅ ဦးဟာ ယေးလ် ကျောင်းထွက်တွေဖြစ်ပါတယ်။
3.    Princeton University
 
အမေရိကန်ပညာရေးသမိုင်းမှာ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို အကောင်းဆုံးသင်ကြားနိုင်တဲ့ ကျောင်း တစ်ကျောင်းအဖြစ် နာမည်ကြီးတယ်။ အစဉ်အလာကြီးတဲ့ နိုင်ငံရေးသိပ္ပံဌာနကိုလည်း ဖွင့်လှစ်ထားတယ်။ နိုင်ငံရေးသိပ္ပံဌာနမှာ ဆရာ ၆၀ လောက်ရှိတယ်။ အကြီးဆုံနိုင်ငံရေး သိပ္ပံဌာန လို့လည်း ပြောနိုင် တယ်။ နည်းပညာနဲ့ သင်ကြားမှုအပိုင်းမှာလည်း ထိပ်တန်းရောက်နေတဲ့ တက္ကသိုလ်ပါ။ Seminar တွေ၊ ဆွေးနွေးပွဲတွေ၊ သုတေသနတွေအများကြီး လုပ်ပေးနေတဲ့အတွက် ကျောင်းသားတွေအတွက် အခွင့် အလမ်းကောင်းတွေ အများကြီးရနိုင်တဲ့ နေရာတစ်နေရာလို့ ပြောနိုင်တယ်။
4.    Stanford University
 
စတန်းဖို့ဒ်တက္ကသိုလ်က ကျောင်းသားတွေကို ပါရဂူဘွဲ့လောက်ယူနိုင်သူတွေဖြစ်အောင် လေ့ကျင့် သင်ကြားပေးနေပါတယ်။ နှစ်စဉ် ပါရဂူဘွဲ့အတွက် ၁၂ ယောက်ကနေ ၁၅ ယောက်လောက်အထိ ပါရဂူဘွဲ့တန်းကို တက်ရောက်ဖို့ ရွေးချယ်ကြတယ်။ ဒီကျောင်းရဲ့ ထူးခြားချက်က ဆရာနဲ့ ကျောင်းသား သင်ကြားမှုအချိုး အရမ်းနည်းတယ်။ ငွေကြေးဆိုင်ရာ အထောက်အပံ့တွေကိုလည်း ရွေးချယ်ခွင့်ရှိ တယ်။ American Politics, Comparative Politics, International Relations, Political Methodology, Political Institutions, Political Theory တွေကို ရွေးချယ်သင် ကြားခွင့် ရှိတယ်။
5.    University of California, Berkeley
 
နိုင်ငံရေးသိပ္ပံဘာသာရပ်သင်ကြားနေတဲ့ကျောင်းတွေထဲမှာ အကောင်းဆုံးစာရင်းဝင်ပါတယ်။ နိုင်ငံရေး သိပ္ပံဌာနမှာ ဆရာ ၅၂ ယောက်ရှိတယ်။ ခေါင်းဆောင်ကောင်း၊ စည်းကမ်းဥပဒေ၊ နိုင်ငံရေးဘာသာရပ် တွေကို သင်ကြားပို့ချပေးနေပါတယ်။ ဒီဌာနကဆရာတွေက အခြား လူမှုဗေဒ၊ ဘောဂဗေဒ၊ ဥပဒေ၊ စီးပွားရေးစတဲ့ဌာနတွေမှာလည်း နိုင်ငံရေးသိပ္ပံနဲ့ ပတ်သက်ပြီး သွားသင်ပေးရတယ်။ ဝေဖန်ဆန်းစစ်တဲ့ အတွေးအမြင်ဆိုင်ရာစာပေတွေလေ့လာဖတ်ရှုစေခြင်း၊ ပိုင်းခြားစိတ်ဖြာတဲ့အမြင်နဲ့ ရေးသားပြုစုစေခြင်း တွေကိုလေ့ကျင့်ပေးလို့ ကျောင်းသားတွေ အတွက် အကျိုးများစေတယ်။ ဆရာကျောင်းသားအချိုးက 18:450 နှုန်းသတ်မှတ်ပြီး သင်ကြား ပေးနေတယ်။ ဆရာတစ်ယောက် ကျောင်းသား ၂၅ ယောက်နှုန်း လောက်ရှိမယ်။
6.    University of Michigan, Ann Arbor
 
နိုင်ငံရေးသိပ္ပံဘာသာရပ် သင်ကြားမှုမှာ အစဉ်အလာကြီးတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ ပထမဦး ဆုံး နိုင်ငံရေးသိပ္ပံကျောင်းတော်သားတွေကို ပညာရှင်ပုံစံမျိုးဖြစ်အောင် ရိုက်သွင်းတယ်။ နောက်ပိုင်း ဒီကျောင်းထွက်တွေဟာ သင်ကြားရေးပိုင်းတွေ၊ သုတေသနအပိုင်းတွေမှာ ထူးချွန်သူ တွေဖြစ်လာတယ်။ ကျောင်းသားတွေအတွက် ဘာသာရပ်ဆိုင်ရာ အခွင့်အလမ်းတွေနဲ့ ရွေးချယ် သင်ယူနိုင်ခွင့်တွေ အများကြီး စီစဉ်ပေးထားတယ်။ ကိုယ်စိတ်ဝင်စားတဲ့ဘာသာရပ်၊ လိုအပ်တဲ့ ဘာသာရပ်ကို လေ့လာသင်ကြား နိုင်တယ်။
7.    University of Chicago
 
ပထမဦးဆုံး နိုဗယ်ဆုရ နိုင်ငံရေးသိပ္ပံပညာရှင်ထွက်ပေါ်ခဲ့တဲ့ ကျောင်းဖြစ်ပါတယ်။ ဟားဗတ် ဆိုင်မွန်ဆိုသူဟာ ဒေါက်တာဘွဲ့ကို ဒီကျောင်းကရပြီး နိုဗယ်ဆုကိုလည်း ရရှိခဲ့တယ်။ ဒီကျောင်းရဲ့ထူးခြားချက်က အစဉ်အလာ ပညာသင်ကြားရေးစနစ်တွေကို ရိုက်ချိုးဖျက်ပြီး ခေတ်သစ် စနစ်သစ်နဲ့ ကိုက်ညီအောင် သင်ကြားတယ်ဆိုတာကို ဂုဏ်ယူနေတယ်။ စည်းကမ်း အကောင်းဆုံး၊ တီထွင်သင်ကြား မှုအကောင်းဆုံးပညာရေးစနစ်ကိုပိုင်ဆိုင်ထားတဲ့ ကျောင်းတစ် ကျောင်းအနေနဲ့ နာမည်ကျော်ပါတယ်။
8.    Duke University
 
အမေရိကန်နိုင်ငံရဲ့ ထိပ်တန်းနိုင်ငံရေးသိပံ္ပဌာနကြီးတစ်ခုရှိတယ်။ ဘွဲ့ရကျောင်းသားတွေရဲ့ သင်ကြားမှု ပရိုဂရမ်အမှတ်ပေးခြင်းမှာ နံပါတ် ၂ အကောင်းဆုံးကျောင်းတစ်ကျောင်းဖြစ်တယ်။ ဘာသာခွဲတွေ အနေနဲ့ American Politics, Comparative Politics, International Relations, Political Theory and Methods ဘာသာရပ်တွေကိုပါ သင်ကြားပေးတယ်။ Race, Ethnicity, Politics ဘာသာရပ်တွေ ကိုလည်း သီးခြားဘာသာရပ်အနေနဲ့ ထပ်မံလေ့လာနိုင်တယ်။ ဘွဲ့ရပြီး ဘွဲ့လွန်တန်းတက်နေသူတွေက ကျောင်းသားတစ်ယောက် ဆရာနှစ်ယောက်နှုန်းလောက်နဲ့ သင်ကြားပေးတယ်။
9.    University of California, Los Angeles
 
နိုင်ငံရေးသိပ္ပံဘာသာရပ်မှာ ဘာသာခွဲတွေအနေနဲ့ Political Theory, International Relations, American Politics, Comparative Politics, Methodology, Race, Ethnicity and Politics ဘာသာ ရပ်တွေကို သင်ကြားရတယ်။ နိုင်ငံရေးဘောဂဗေဒ၊ နိုင်ငံရေးများကို နှိုင်းယှဉ်လေ့လာခြင်း၊ နိုင်ငံရေး သဘောတရားနှင့်လက်တွေ့ပညာရပ်တွေကိုသင်ကြားရာမှာ အထူးနာမည်ကြီးတယ်။
10.    Massachusetts Institute of Technology
 
MIT ဆိုတာကတော့ သုတေသနပြုလုပ်ရာမှာ နာမည်ကျော်တဲ့ ကျောင်းကြီးတစ်ကျောင်း ဖြစ်ပါ တယ်။ ဒီကျောင်းရဲ့ နိုင်ငံရေးသိပံ္ပဌာနမှာ American Politics, Comparative Politics, International Relations, Models and Methods, Political Economy, Security Studies ဘာသာရပ်တွေကို သင်ကြားပေးနေပါတယ်။ ကျောင်းသားကို အနည်းငယ်ပဲ လက်ခံတယ်။ ဘွဲ့ကြိုတန်းရောက်ရင် seminar ပုံစံတွေနဲ့ပဲ သွားတော့တယ်။
နည်းပညာရှင်တွေ အများကြီးထွက်တဲ့ကျောင်းမှာ နိုင်ငံရေးသိပ္ပံကျောင်း တစ်ကျောင်းအနေနဲ့ ထိပ်ဆုံး ၁၀ ကျောင်းထဲစာရင်းဝင်တာကတော့ သာမန်မဟုတ်ဘူးလို့ဆိုရမယ်။




တင်ညွန့်
Thursday, January 12, 2012 | 1 comments | Labels:
ထို့အပြင်၊ သစ်တောပြုန်းတီးခြင်း၊ ပလပ်ထားခဲ့သော မြေများမှာ စိုက်ပျိုးခြင်း၊ စိုက်ပျိုးမြေများမှာ သီးနှံအထွက်ကို ဖြစ်ညှစ် ထုတ်ယူ ခြင်း၊ စားကျက် မြက်ခင်းများမှာ တိရစ္ဆာန်များ အလွန်အကျွံ မွေးခြင်းတို့ကြောင့် မြေဆီခန်းခြောက်မှုများ တိုး၍ ဖြစ်ပွားခဲ့သည်။
အငြင်းပွားစရာဖြစ်ခဲ့သော တိဘက် ရထားလမ်းကြောင့် မီးရထားလမ်း တလျှောက်ရှိ ယခင် ရေခဲ ခဲ့ရာ နေရာများ အရည်ပျော်သွား ကုန်ကြသည်။ ဤသို့ဖြင့် သဘာဝပတ်ဝန်းကျင်ကိုရော၊ မီးရထားလမ်း၏ တည်ငြိမ်မှုကိုပါ အန္တရာယ်ဖြစ်စေပါသည်။ အတွင်းမွန်ဂိုလီးယား နယ်မြေ၌ ဂိုဘီသဲကန္တာရသည် တချိန်က တိရစ္ဆာန် မွေးမြူ၍ ရခဲ့သော စားကျက်မြေများမှာ ယိုယွင်းလာသည့် အဖြစ်သို့ ရောက်အောင် တိုးကျယ်လာနေလျက်ရှိသည်။
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကုန်းမြေ၏ ၂၈  % သည် သဲကန္တာရ အဖြစ်သို့ ရောက်ပြီး ဖြစ်နေပြီး၊ နောက်ထပ် ၁၈ % က လည်း သဲကန္တာရ အဖြစ်သို့ ပြောင်းလဲနေလျက် ရှိသည်။ တရုတ်ပြည်၏ စားကျက်မြက်ခင်းမြေများ အနက် ၉ဝ % သည် အတိုင်းအတာ အမျိုးမျိုးအလိုက် ဆုတ်ယုတ်ပျက်စီး နေလျက်ရှိကာ မြေသြဇာနှင့် လယ်ယာအထွက်ကို ယုတ်လျော့ စေပါသည်။ မြစ်ညာပိုင်း ဒေသများမှ တိုက်ချလာခဲ့သော အနည်အနှစ်များက နောက်ဆုံး၌ မြစ်အကြေပိုင်းနှင့် အင်း၊ အိုင်များမှာ အနည်ထိုင်လေသည်။
မြစ်ဝါမြစ်၏ ဆိုးဝါးလှသော အနံ့အသက်များကို မခံနိုင်သော နွားကျောင်းသားတစ်ဦး မြစ်ဝါမြစ်၏ ဆိုးဝါးလှသော အနံ့အသက်များကို မခံနိုင်သော နွားကျောင်းသားတစ်ဦး
ဟီနနHenan ပြည်နယ်၌ ဒေသနေလူများက မြစ်ဝါမြစ်ကို ရှောင်ဟီ (ပူလောင်နေသော မြစ်) ဟု ခေါ်ကြသည်။ သိပ်သည်းသော အနည်အနှစ်များကြောင့် လေရှုရန် အငန်းမရ ဖြစ်နေသော ငါးများ ပွက်နေကြခြင်းကို အကြောင်းပြု၍ ဤသို့ ခေါ်ကြခြင်းဖြစ်သည်။ အနည်အနှစ်များကြောင့် မြစ်ကြမ်းပြင် မြင့်တက်ခြင်းနှင့် အင်းအိုင်များထဲရှိ ရေပမာဏ လျော့နည်းသွားခြင်းများ ဖြစ်ပွားသည်။ သဲမုန်တိုင်း များလည်း ပို၍ ကြီးလာပြီး၊ ဖြစ်ပွားမှု ပိုများလာသည်။ (၂ဝဝ၂) ခုနှစ်၊ နွေဦးပေါက် ရာသီ၌ ဘေဂျင်းမြို့တွင် ဤကဲ့သို့သော သဲမုန်တိုင်းတခု ကြောက်မက်ဖွယ်ရာ တိုက်ခတ် သွားခဲ့သည်။ (၂ဝဝ၄) ခုနှစ်ကလည်း ဤမုန်တိုင်းမျိုး နောက်ထပ်တခု တိုက်ခတ်ခဲ့ပြန်ကာ၊ နံနက်ခင်း ကောင်းကင်သည် ပြာရာမှ နီသွားခဲ့သည်။ မွန်းလွဲချိန်ရောက်တော့ မည်းသွားပြန်ခဲ့သည်။ အဝေးမြင်နိုင်စွမ်းသည် (၁ဝ) မီတာ အကွာအဝေး လောက်အထိသာ ရှိတော့သည်။ တိုင်းပြည်၏ အခြားနေရာများတွင် ဆောင်ရွက်နေကြသော မြေငလျင် ကယ်ဆယ်ရေး လုပ်ငန်းများမှာ နှောင့်နှေး ကြန့်ကြာ ခဲ့ရချေသည်။
မြစ်ကြမ်းပြင် မြင့်တက်လာသော အခါ၌ ရေကြီးမှုများ ပို၍ အဖြစ်များလာသည်။ မြစ်ဝါမြစ်၏ အခြေအနေသည် တရုတ်ပြည်၏ ကြေကွဲစရာအဖြစ် ဆက်လက် ဖြစ်ပွားနေဆဲပင် ရှိသည်။ သမိုင်းတလျှောက်မှာ ရာစုနှစ်များ နှစ် အချို့ကြာ၊ ကြာပြီးမှသာ ဖြစ်ပွားလေ့ရှိသော မြစ်ဝါမြစ်၏ မြစ်ကြောင်း ပြောင်းလဲမှုသည် မကြာသေးမီ ရာစုနှစ်များမှာ ခပ်စိပ်စိပ် ဖြစ်လာခဲ့သည်။ (၁၉၉ဝ) ခု လွန်နှောင်းပိုင်းနှစ်များ အရောက်တွင် မြစ်ဝါမြစ်ရေသည် ခန်းစပြုလာခဲ့သည်။ စက်ရုံအလုပ်ရုံသုံးနှင့် လူသုံးအတွက် မြစ်ရေကို (၂) ဆင့် ထား၍ စုပ်တင်ရသည်။ ဆိုးရွားနေသော အခြေအနေမှ နေ၍ ပိုကောင်းလာအောင် ကြိုးပမ်းအားထုတ်မှုများ လုပ်ခဲ့သော်လည်း ပို၍ ဆိုးလာမြဲဆိုးလာ နေလျက်ပင် ရှိသည်။
(၁၉၉ဝ) ခု လွန်နှစ်များ အတွင်းက မြစ်ဝါမြစ်ရေ၏ ၄ဝ % ကို သောက်သုံး၍ ရခဲ့သော်လည်း (၂ဝဝ၇) ခုနှစ် အရောက်တွင် မူ (၃) ပုံ(၁) ပုံသာ သောက်သုံး၍ ရတော့သည်။ ရေကြီးလာလျှင် ပြေး၍ မလွတ်နိုင်သလို၊ မြစ်ရေကလည်း ခမ်းခြောက် လာတော့မည် သဘောရှိ နေသည်။ နေရာဒေသ အချို့မှာ ရေကြီးမှုများ ပို၍ အဖြစ်များ လာသလို၊ အခြား နေရာဒေသများမှာ သဲကန္တာရအဖြစ်သို့ ပြောင်းလဲ မှု များ ပို၍ အဖြစ်များလာနေလျက်ရှိသည်။
အထိမ်းအကွပ်မဲ့စွာ သဘာဝပတ်ဝန်းကျင် ယိုယွင်း ပျက်စီးနေသည်ကို ပို၍ပို၍ သတိပြုမိလာသည့် သဘောဖြင့် နိုင်ငံတော် ကောင်စီ က  (၁၉၈၄) ခုနှစ်တွင် သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေးရုံးကို အေဂျင်စီအဆင့်သို့ တိုးမြှင့် လိုက်ပြီး၊ ထိုမှတဖန် (၁၉၈၈) ခုနှစ်တွင် နိုင်ငံတော် သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး အေဂျင်စီ  (SEPA) အဖြစ်သို့ တိုးမြှင့်ခဲ့သည်။ ထို့အပြင် (၁၉၈၈) ခုနှစ်မှာပင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စံမှတ်ချက်များကို နယ်ပယ် (၅) ခုတွင် စတင် ကျင့်သုံးခဲ့သည်။ ၄င်းနယ်ပယ် (၅) ခုမှာ လေညစ်ညမ်းမှု၊ ရေညစ်ညမ်းမှု၊ အသံညစ်ညမ်းမှု၊ ထုထည်ရှိသော အညစ်အကြေးများ ပြန်လည် သန့်စင် အသုံးပြုမှုနှင့် စွန့်ပစ်မှု၊ မြို့ပြ စိမ်းလန်းစို ပြည်ရေး ဆောင်ရွက်မှုတို့ ဖြစ်သည်။ ဤစံသတ်မှတ်ချက်များကို မြို့ကြီးပေါင်း (၃၂) မြို့မှာ ကျင့်သုံးခဲ့သည်။ ထိုမြို့ကြီးများရှိ အာဏာပိုင်များ၏ တနှစ်တာ လုပ်ငန်း ဆောင်ရွက်မှုကို အကဲဖြတ်ရာ၌ အဆိုပါ နယ်ပယ် (၅) ခု အတွင်း ဆောင်ရွက်မှု များကို ထည့်သွင်း စဉ်းစားမည်ဖြစ်ကြောင်း သတိပေးထားသည်။ တကယ့် လက်တွေ့၌မူ လုပ်ငန်း ဆောင်ရွက် မှု ရလဒ်များကို လိမ်ညာဖေါ်ပြ၍ လွယ်ကြောင်း တွေ့ရှိရသည်။ (၂ဝဝ၆) ခုနှစ် အကုန်မှာ ထုတ်ပြန်ခဲ့သော (SEPA) ၏ အစီရင်ခံစာ၌ ဖေါ်ပြထားသည်မှာ ဓါတ်ငွေ့ ထုတ်လွှတ်မှုကို ၂ % လျှော့ချခဲ့သည်ဟု နယ်မြေဒေသဆိုင်ရာ အချက် အလက်များက ဖေါ်ပြထားသော် လည်း၊ အမှန်တကယ်၌ ဓါတ်ငွေ့ထုတ်လွှတ်မှုသည် ၂ % တိုးခဲ့သည်ဟူ၍ ဖြစ်သည်။
သဘာဝပတ်ဝန်းကျင် ဗြူရိုအဖွဲ့၏ လုပ်ငန်းနယ်ပယ် တိုးချဲ့ရေး၊ ဝန်ကြီးဌာနများ၊ အဆင့်ဆင့်သော အစိုးရဌာနများ အတွင်းမှာ တာဝန် ခွဲဝေမှု ရှင်းရှင်လင်းလင်း ပြတ်ပြတ်သားသား ရှိရေးတို့အတွက် ကြိမ်ဖန်များစွာ ကြိုးပမ်းခဲ့သည်။ (၂ဝဝ၂) ခုနှစ်တွင် ဘေဂျင်းသည် ဖန်လုံအိမ် ဓါတ်ငွေ့ထုတ်လွှတ်မှု ထိန်းချုပ်ရေးဆိုင်ရာ တိုကျိုသဘောတူစာချုပ်ကို လက်မှတ် ရေးထိုးခဲ့သည်။ ရေထိန်းသိမ်းမှုအတွက် ရည်ရွယ်သော ပြည်တွင်းဥပဒေသစ် တရပ်ကို ပြဌာန်းခဲ့သည်။ ထို့အပြင် ညစ်ညမ်းမှု၊ စွမ်းအင်သုံးစွဲမှု၊ ပြန်လည်သန့်စင် အသုံးပြုမှုတို့နှင့် ဆိုင်သော စည်းမျဉ်း စည်းကမ်းသစ်များကိုလည်း ထုတ်ပြန်ခဲ့သည်။ ဤသို့လုပ်ခြင်းကြောင့် မည်မျှ ကောင်းလာမည်နည်း ဆိုသည်ကိုမူ စောင့်ကြည့် ရပေဦးမည်။ ဗဟို အစိုးရ၏ စည်းမျဉ်းစည်းကမ်းများ အာဏာတည်အောင် တာဝန်ယူ ဆောင်ရွက်ပေးရသော နယ်မြေဒေသ ဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ဗြူရိုအဖွဲ့များသည် ဝန်ထမ်း မလုံမလောက် ဖြစ်နေသည့် အပြင်၊ မိမိတို့ စည်းကမ်းကွပ်ညှပ်ရမည့် စက်မှု လုပ်ငန်း များနှင့်လည်း မကင်းရာ၊ မကင်းကြောင်း အဆက်အဆံ ရှိနေတတ်ကြသည်။ နယ်မြေဒေသဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ဗြူရိုအဖွဲ့ များထက် အုပ်ချုပ်ရေး အာဏာ ပိုမြင့်သော အစိုးရပိုင် စက်ရုံအလုပ်ရုံများသည် သတိပေးချက် များကို အရေးမစိုက်ဘဲ နေသာကြသည်။ ညစ်ညမ်းမှုကို အဆိုးရွားဆုံး ဖြစ်ပွားစေသူများအနက် အများစုသည် အမှန် တကယ် လုပ်ငန်း အပိတ်ခံ ရစရာမရှိ (သို့မဟုတ်) ကြီးလေးစွာ အပြစ်ပေး ခံရစရာ မရှိသော နိုင်ငံပိုင် စက်ရုံ အလုပ်ရုံများ ဖြစ်သည်။ နယ်မြေအာဏာပိုင်များက ညစ်ညမ်းမှု ဖြစ်စေသော စက်မှုလုပ်ငန်း များကို အကာအကွယ် ပေးခြင်းများ ရှိတတ်သည်။ အကြောင်းမှာ ဤလုပ်ငန်းများက အခွန်တော် ဝင်ငွေကို ဖြည်တင်းပေးသည့်အပြင်၊ အလုပ် နေရာလည်း ပေးသောကြောင့်ဖြစ်သည်။
စက်ရုံအလုပ်ရုံ အတော်များများက ဒဏ်ရိုက် ခံရခြင်းအတွက် ကုန်ကျငွေကို ထုတ်လုပ်ရေး ကုန်ကျစားရိတ်ထဲ ထည့်သွင်း ကြသည်။ ညစ်ညမ်းမှု ထိန်းချုပ်ရေး စွမ်းအားကိုတော့မူ တိုးတက်အောင် မလုပ်ကြချေ။ အချို့ကမူ စည်းမျဉ်း စည်းကမ်း များကို အလွယ် လျစ်လျူရှု ထားလိုက်ကြသည်။ လိုက်နာရေးအတွက် ကုန်ကျစားရိတ် ကြီးလေး လွန်းလှသည်ဟု ဆင်ခြေ ပေးကြသည်။ ထို့အပြင် ဖမ်းမိခံရမည့် အန္တရာယ်ကလည်း နည်းလေသည်။ ရေတို အမြတ်အစွန်းနှင့် ရုပ်ဝတ္ထု အကျိုး ကျေးဇူးတို့မှာ စိတ်ဝင်စားမှုက သဘာဝ ပတ်ဝန်းကျင်အတွက် စိုးရိမ်ခြင်းထက် အပုံကြီး သာလွန်နေလေသည်။ တရုတ်ပြည်သည် စွမ်းအင် ထိရောက်စွာ သုံးစွဲရေး (၅) နှစ် စီမံကိန်း၏ ပထမနှစ် ဖြစ်သော (၂ဝဝ၆) ခုနှစ်၏ ရည်မှန်း သတ်မှတ်ချက်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိဟူ၍  အာဏာပိုင်များအတွင်းမှ ညည်းညူသံ ထွက်ပေါ်လာခဲ့သည်။ တရုတ်ပြည်၏ ကျွမ်းကျင်သူ ပညာရှင် အုပ်စုတစုက ပြုစုခဲ့သော တရုတ်ပြည် ခေတ်မှီတည် ဆောက်ရေး အစီရင်ခံစာ (၂ဝဝ၇) Chinese Modernization Report 2007 တွင် သဘာဝ ပတ်ဝန်းကျင် အရေး ကိစ္စ ဆောင်ရွက်ရာ၌ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီး နိုင်ငံပေါင်း (၁၁၈) နိုင်ငံအနက် တရုတ်ပြည်ကို နံပါတ် (၁ဝဝ) အဖြစ် သတ်မှတ် ထားခဲ့သည်။
နိုင်ငံတော် သဘာဝ ပတ်ဝန်းကျင် ကာကွယ် စောင့်ရှောက်ရေး အေဂျင်စီ (SEPA) ကို ဝန်ကြီးဌာန အဆင့်သို့ တိုးမြှင့်ရေး တောင်းဆိုသံ များသည် (၂ဝဝ၇) ခုနှစ်တွင် ခါတိုင်းထက် ပို၍ ကျယ်ကျယ်လောင်လောင် ပေါ်ထွက် လာခဲ့ခြင်းသည် ဤပြဿနာများကို ပြတ်ပြတ် သားသား ဖြေရှင်းမည်ဟူသော စိတ်များ တိုးပွား လာနေလျက်ရှိကြောင်း ဖေါ်ပြ လိုက်ခြင်း ဖြစ်သည်။ ဝန်ကြီးဌာန အဆင့်သို့ မရောက် သေးဘဲနှင့်ပင်  SEPA သည် ပို၍ လှုပ်ရှားလာခဲ့သည်။ (၂ဝဝ၇) ခုနှစ် အစောပိုင်း၌ တိုင်းပြည်ရှိ ထိပ်တန်း လျှပ်စစ်ဓါတ်အား ပေးရေး ကုမ္ပဏီများနှင့် နယ်မြေဒေသဆိုင်ရာ အစိုးရများ၏ စီမံကိန်း အသစ်များသည် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စံသတ်မှတ်ချက် များနှင့် မပြည့်မီသည့်အတွက် SEPA က အားလုံးကို အတည်ပြုချက် မပေးဘဲ ဆိုင်းငံ့ ထားခဲ့သည်။ ယခင်က ဤကုမ္ပဏီများနှင့် လုပ်ငန်းများ ကို မည်သူမျှ ထိဝံ့ခဲ့သည် မဟုတ်ချေ။     
စည်းမျဉ်း၊ စည်းကမ်းများကို အာဏာတည်အောင် ဆောင်ရွက် လိုက်သော အခါ၌ ကြေကွဲဖွယ် အကျိုးဆက်များ ဖြစ်ပွားလာခဲ့သည်။ စက်ရုံ တစ်ရုံဆီမှ ဆာလ်ဖါဒိုင်အောက်ဆိုက်များ ထုတ်လွှတ်သည်ကို နှစ်အတော်ကြာ ကန့်ကွက်ပြီး နောက်တွင် နယ်မြေသူ နယ်မြေ သား များက အနိုင်ရကာ၊ စက်ရုံ ပိတ်လိုက်ရသည်။
အလုပ်လက်မဲ့ ဖြစ်သွားရခြင်းနှင့် ပတ်သက်၍ ဒေါသဖြစ်ကာ၊ စက်ရုံအလုပ်သမားများက နယ်မြေသူ၊ နယ်မြေသားများကို အငြိုးထား၊ မဲကုန်ကြသည်။ လူ ၂ ဦး ရက်ရက်စက်စက် အသတ်ခံရပြီး၊ အတော်များများလည်း ဒဏ်ရာ အနာတရ ဖြစ်သွားခဲ့ကြသည်။ နောက်နယ်မြေ တစ်ခု၌မူ စက္ကူ စက်ရုံ တစ်ရုံကြောင့် မိမိတို့၏ ကောက်ပဲသီးနှံများ ပျက်စီးရပါသည်ဟု ကန့်ကွက်သော လယ်သမား များကို ပုလိပ်က ဖမ်းဆီးကာ တာဝန် ၀တ္တရား နှောက်ယှက်မှုဖြင့် အမှု ဖွင့်ခဲ့သည်။ စီချွန်းပြည်နယ်၌ ပုလိပ်တယောက် သေဆုံးခဲ့သော သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကန့်ကွက် ဆန္ဒပြမှု တစ်မှုမှာ ပါဝင်ခဲ့သူ တဦးသည် မိမိ၏ ရှေ့နေပင်လျှင် အသိပေးခြင်း မခံရသော တခါးပိတ် စီရင် စစ်ဆေးမှုအပြီးတွင် မိမိကိုယ်မိမိ သတ်သေ သွားခဲ့သည်။
အမိန့်အရ ပိတ်လိုက်သော စက်ရုံများက ရက်အနည်းငယ် အကြာမှာ ပြန်လည် ဖွင့်ကြရာ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အာဏာပိုင်များ မခံချိမခံသာ ဖြစ်ကြရလေသည်။ အံ့သြစရာ ကောင်းလှသည် ကား ယခုအချိန်အထိ တရုတ်ပြည်က နိုင်ငံခြားမှ စွန့်ပစ် ပစ္စည်းများကို အမြောက်အမြား တင်သွင်း နေခြင်းပင် ဖြစ်သည်။  တန်နှင့် ချီသော အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းများ (စွန့်ပစ် ကွန်ပြူတာများ၊ တယ်လီဗေးရှင်း များနှင့် လက်ကိုင်ဖုန်းများ) ကို တင်သွင်းကာ ပြန်လည်ပြုပြင်၊ အသုံးပြု နေလျက်ရှိသည်။ ဤသို့ဖြင့် ပြည်တွင်းမှ ထုတ်လုပ်ထားသော အဆိပ်ပုံကြီးမှာ နောက်ထက်အဆိပ်များ ထပ်လောင်းပေး လိုက်လေသည်။
စီးပွားရေး ဖွံ့ဖြိုးမှု နောက်ကွယ်က သဘာဝပတ်ဝန်းကျင် ဝေဒနာများတရုတ်ပြည်သည် ကမ္ဘာ၏ ဧရာမ မြေနေရာ အကျယ်အ၀န်းကြီးကို နေရာယူထားပြီး၊ လူဦးရေကလည်း ဤမျှ များပြား လှသည်ဖြစ်ရာ ၄င်း၏ သဘာဝ ပတ်ဝန်းကျင် အခြေအနေသည် ကမ္ဘာ့ သဘာဝပတ်ဝန်းကျင် တည်ငြိမ် ရေးအတွက် အရေးကြီးနေလေသည်။ တရုတ်ပြည်သည် အမေရိကန် ပြည်ထောင်စုပြီးလျှင် ကမ္ဘာပေါ်တွင် ကာဗွန်ဒိုင်အောက်ဆိုက် ဒုတိယ အများဆုံး ထုတ်လွှတ်သော တိုင်းပြည်ဖြစ်သည်။ ရုရှား၊ ဂျပန်၊ ဂျာမဏီတို့၏ ရှေ့က ပြေးနေသည်။ တရုတ်ပြည်သည် စီးပွားရေး တိုးချဲ့မှုအတွက် လောင်စာကို တိုး၍ တိုး၍ လိုအပ်နေလျက် ရှိခြင်း၊ လောင်စာ သုံးစွဲရာ၌ ဖွံ့ ဖြိုးပြီး တိုင်းပြည်များနှင့် စာလျှင် ထိရောက်မှု အလွန်နည်းခြင်းတို့ကြောင့်၊ အကယ်၍ သည်အတိုင်း လွှတ်ထားလျှင် (၂၀၅၀) ခုနှစ် အရောက်တွင် ၄င်း၏ ဓါတ်ငွေ့  ထုတ်လွှတ်မှု ပမာဏသည် အမေရိကန် ပြည်ထောင်စု ထုတ်လွှတ်မှု ပမာဏ၏ (၂) ဆ ဖြစ်သွားပေလိမ့်မည်။
စီးပွားရေး ဖွံ့ဖြိုးမှု နောက်ကွယ်က သဘာဝပတ်ဝန်းကျင် ဝေဒနာများ ဤအတိုင်းသာ သဘာဝ ပတ်ဝန်းကျင် ဖျက်ဆီးသော တိုင်းပြည် မျိုး ဆက်ဖြစ်နေမည် ဆိုပါက ကမ္ဘာဂြိုဟ်၏ ကျန်သော အစိတ်အပိုင်းများအပေါ် ၄င်း၏ အကျိုးသက်ရောက်မှုများသည် ပို၍ ဆိုးရွား လာနိုင်ပါသည်။ ဤအကြောင်းကြောင့်ပင် နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် လှုပ်ရှားမှု ခေါင်းဆောင်များက တရုတ်ပြည်အား နိုင်ငံစုံ သဘာဝ ပတ်ဝန်းကျင် သဘောတူ စာချုပ်များတွင် လက်မှတ် ရေးထိုးအောင် ကြိုးစား ဆွဲဆောင်ခဲ့ ကြသည်။ တရုတ်ခေါင်းဆောင်များက စာနာမှု ရှိကြသော်လည်း ဤသဘောတူ စာချုပ်များမှာ ပါရှိသော ဥပဒေများ အာဏာ တည်အောင် ဆောင်ရွက်ရေးအတွက် ငွေကြေး မတတ်နိုင်ပါဟု ဆိုကြသည်။

သို့ရာတွင် လျှိုမြောင် ၃ သွယ်ဆည်နှင့်၊ တောင်ပိုင်းမှ မြောက်ပိုင်းသို့ ရေသွယ်ပို့ရေး စီမံကိန်း လုပ်ငန်း ကဲ့သို့သော ငွေကုန် ကြေးကျ လည်း အကြီးအကျယ်များပြီး၊ သဘာဝ ပတ်ဝန်းကျင် မှာလည်း ထိခိုက်ဖွယ်ရှိသော စီမံကိန်းများ ချမှတ်၊ အကောင်အထည် ဖေါ်သည် ကို ကြည့်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင် ကိစ္စသည် တရုတ် အစိုးရ၏ လုပ်ငန်းအစီအစဉ်မှာ အရေးပါ သော ကိစ္စ မဟုတ်ကြောင်း ရှင်းနေပါသည်ဟု အချို့ ပုဂ္ဂိုလ်များက ထောက်ပြကြသည်။ သဘာဝပတ်ဝန်းကျင် ကာကွယ် စောင့်ရှောက်ရေးအတွက် အနိမ့်ဆုံး လိုအပ်သော ငွေကြေး ပမာဏသည် အမျိုးသား ထုတ်ကုန် စုစုပေါင်း တန်ဖိုး၏ ၂% ရှိသည့်အနက် တရုတ်ပြည်သည် လောလော ဆယ်၌ ၀ .၇ % ကိုသာ သုံးစွဲလေသည်။
နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းများက လိုအက်စ်ကုန်းမြင့် ပြန်လည် ကောင်းမွန်လာရေး စီမံကိန်းကဲ့သို့သော စီမံကိန်းများအတွက် ငွေကြေးထုတ်ချေးထားခဲ့ပြီးဖြစ်သည်။ နှစ်နိုင်ငံ ဆိုင်ရာနှင့် နိုင်ငံစုံဆိုင်ရာ အစီအစဉ်များက စွမ်းအင်ကို ပို၍ ထိထိရောက်ရောက် သုံးစွဲမည့် “သင့်မြတ်လျော်ကန်သော အဆောက်အဦးများ”ပုံစံရေးဆွဲရေး ကဲ့သို့ သော အထူးကိစ္စများကို အလေးထားလေသည်။ သို့ဖြစ်သည့်တိုင် တရုတ်ပြည်၏ သဘာဝပတ်ဝန်းကျင် တည်ငြိမ်သွားရေးအတွက် လို အပ်သည့်ငွေကြေးပမာဏသည် ပြည်တွင်း အင်အား ဖြင့်ဖြစ်စေ၊ နိုင်ငံတကာ အင်အားဖြင့်ဖြစ်စေ၊ လိုက်မှီရန် အပုံကြီး ဝေးပါသေးသည်။ လိုအပ်သော ငွေကြေးကို ရနိုင်သည် ဆိုဦးတော့၊ ဤ ငွေကြေးကို မည်မျှမှန်မှန်ကန်ကန် သုံးပါမည်နည်းဟု မေးစရာများ ရှိနေသည်ကတော့ အမှန်ပင်ဖြစ်ပါသည်။ အကျင့်ပျက်ချစားမှုမျးက သည်းသန်လှပါ၏။ သာဓကအားဖြင့် ဖေါ် ပြရမည်ဆိုပါလျှင်၊ ကွန်ကရစ်ဖြင့် တည်ဆောက်ထားခဲ့သော “ပဲပြား (beancuard)”တာတမံများသည် အပိုင်းပိုင်း ကျိုးပြတ် နေကာ၊ ရေလွှမ်းမိုးမှုများ ဖြစ်ပွားနေစေလျက်ရှိသည်။ ထို့ ပြင်၊ ဗဟိုအာဏာပိုင်များနှင့် ပြည်နယ်အာဏာပိုင်များ အကြားတွင် ညှိနှိုင်း ဆောင်ရွက်မှု ညံ့ဖျင်းခြင်းကြောင့် ရေထိန်းချုပ်ရေးမှာ ပို၍ ခက်ခဲလာခဲ့သည်။ ညှိနှိုင်းဆောင်ရွက်မှု ကင်းမဲ့ ခြင်းကြောင့် အခြေအနေ ပိုဆိုးလာခဲ့ကာ၊ သိုလှောင်ထားသော  ရေ အလုံးအရင်းမှ နေ၍ ရေကြီးမှုများ ဖြစ်ပွားလာခဲ့သည်။ စီးပွားရေးလုပ်ငန်း အတော်များများမှ မန်နေဂျာများသည် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ များအား “ပြောက်ကျားစစ်” ဆင်ကြကာ၊ မိမိတို့ လုပ်ထား ခဲ့သမျှကို ရှင်းမပစ်ကြဘဲ၊ ဖုံးဖိ ထားခဲ့ကြသည်ဟုလည်း အာဏာပိုင်များက ဆိုကြသည်။
လူထုထဲမှာ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သော အသိအမြင်များ ပိုရှိလာခဲ့သည်မှာ အစိုးရ၏ ထုတ်ပြန်အသိပေးမှု ကြောင့်လည်း ဖြစ်နိုင်ပါသည်။ တီယန်ဂျင်နှင့် ရှန်ဟိုင်းကဲ့သို့သော မြို့ ကြီး အတော်များများ၌ ညစ်ညမ်းမှု အမျိုးအစားအချို့  ကို ထိန်းချုပ် ရာ၌ အောင်မြင်မှုများ ရနေကြောင်း သတင်းများ ပေါ်ထွက်လာခဲ့သည်။ သန့်ရှင်းသော ပတ်ဝန်းကျင်သည် နိုင်ငံ ခြားရင်းနှီး မြှုပ်နှံမှုများ ဆွဲဆောင်ရေး အစီအစဉ်တွင် အရေးကြီးကြောင်းကို အထူးသဖြင့် ရှန်ဟိုင်း အာဏာပိုင်းများ သိထားကြသည်ဖြစ်ရာ၊ သန့်ရှင်းသော သဘာဝပတ်ဝန်းကျင်  တရပ် ဖန်တီးရေးအတွက် အားတက်သရော ကြိုးပမ်းကြသည်။ အခြားမြို့ ကြီးများ ကလည်း အတိုင်းအတာ အမျိုးမျိုးဖြင့် ကြိုးပမ်းကြသည်။ အခြားမြို့ ကြီးအများစုသည် ရှန်ဟိုင်းနှင့် စာလျှင် ကြွယ်ဝမှုအလွန် နည်းသည်ဖြစ်ရာ သဘာဝ ပတ်ဝန်းကျင်အတွက် ဆောင်ရွက်ရာ၌ ရှန်ဟိုင်းလောက် အရင်းအမြစ်များများ မတတ်နိုင်ကြချေ။ သဘာဝ ပတ်ဝန်းကျင် ပြဿနာမှ
 နေ၍ (ဖြစ်ပေါ်လာဖွယ်ရာ ရှိသော) ဒီမိုကရေစီရေး တိုက်ပွဲအတွက် တွန်းအားများ ဖြစ်ပေါ်လာမည်ကို တရုတ်ခေါင်းဆောင်များက စိုးရိမ်နေကြသည့် ကြားထဲကပင် တရုတ်ပြည်မှာ “အစိမ်းရောင် ” လှုပ်ရှားမှုများ ကြီးထွား လာနေလျက် ရှိသည်။
အမျိုးသမီးတဦးသည် ဒီဗွီဒီ အခွေအတုထဲမှ Erin Brockovich အမည်ရှိ ရုပ်ရှင်ကားကို ကြည့်မိရာမှ နေ၍ ပတ်ဝန်းကျင်အရေး လှုပ်ရှားသူ တဦးဖြစ်လာခဲ့သည်။ ထိုရုပ်ရှင်ကားသည် အမေရိကန်ပြည်၏ နာမည်ကြီး ကော်ပိုရေးရှင်းကြီးတခုမှာ ၀င်ရောက် အလုပ် လုပ်ပြီးနောက် အောင်မြင်မှု ရသွားခဲ့သော အမေရိကန် အမျိုးသမီးတဦး၏ အကြောင်းဖြစ်သည်။ ဆည်များ နှင့်ပတ်သက်သော စိုးရိမ်မကင်းစိတ်များက သဘာဝ ပတ်ဝန်းကျင် လှုပ်ရှားမှုများကို ကြီးထွားစေပါသည်။ မဖြစ်မနေ နေရာရွှေ့ ပြောင်း ပေးရသော သူများအတွက် ကတိပေးထားသော နေအိမ်သစ်များနှင့် အခြား လျော်ကြေးများ မရရှိတတ်သော အဖြစ်များကို သိထားကြသဖြင့် လှုပ်ရှားသူများသည် ပို၍ တက်ကြွလာခဲ့ကြသည်။
နိဂုံးချုပ်
ကျန်းမာရေးစောင့်ရှောက်မှု ပိုကောင်းလာခြင်းနှင့် ကာလ တာရှည်စွာ ငြိမ်းချမ်းနေခြင်းတို့ ကြောင့် တရုတ်ပြည်၏ မူလကတည်းက များပြားလှသော လူဦိးရေသည် သိသိသာသာကြီး တိုးလာခဲ့သည်။ မိသားစု စီမံကိန်းလိုအပ်ကြောင်း တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၏ ကြိုးပမ်း ဆောင်ရွက်ချက်များသည် အောင်မြင်မှုများ သိသိသာသာ ရရှိခဲ့သည် မှန်သော်လည်း လူဦးရေ ပမာဏကို တည်ငြိမ်အောင် မလုပ်နိုင်သေးချေ၊ ဤအချက်က စီးပွားရေးကြီးထွားမှုအပေါ် သက်ရောက်နေလျှက်ရှိသည်။ တချိန်တည်းမှာပင် ပို၍ပို၍ ဦးရေ များပြား လာနေလျက်ရှိသောလူ များ၏ လူနေမှု အဆင့်အတန်း မြင့်မားလာအောင် ကြိုးပမ်း ဆောင်ရွက်မှုများကြောင့် လက်ရှိ သယံဇာတများကို တိုး၍တိုး၍ ထုတ်ယူနေရကာ၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုများသည် လည်း စိုးရိမ်ဖွယ်ရာဖြစ်လာခဲ့သည်။  ဤအချက်များကြောင့်လည်း စီးပွားရေးကြီးထွားမှုမှာ၎င်း၊ အများပြည်သူတို့၏ အထွေထွေ ကျန်းမာရေးမှာ၎င်း ထိခိုက်ခံနေရလျက်ရှိသည်။
ကျန်းမာရေး၊ လူနေမှု အခြေအနေ၊ သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေး ကြီးထွားမှုတို့သည် တခုနှင့် တခု ပွေလီစွာ ယှက်လိမ် နေကြ ကြောင်းကို ပါတီနှင့် အစိုးရခေါင်းဆောင်များ သိကြပါသည်။ ဤအရာကိစ္စများကို တခုနှင့်တခု ညှိနှိုင်းချိန်ဆရသော အလုပ်သည် လွယ်ကူလှသော အလုပ်မဟုတ်သည့် အပြင် လူထု အမြင်အရ ဆိုလျှင် ပေါက်ကွဲမှုများ ဖြစ်လာစရာ ရှိပါသည်။ လုပ်ငန်းတာဝန်က ကြီးလေးလှသည့်အပြင်၊ လက် အောက်ခံအဖွဲ့ အစည်းများနှင့် အများပြည်သူတို့  အတိအကျလိုက်နာအောင် စွမ်းဆောင်အားကလည်း ဗဟိုအစိုးရမှာ ဆုတ်ယုတ်ကျဆင်း နေလျက်ရှိသည်ဖြစ်ရာ၊ ဤဘ၀အရည်အသွေး ဆိုင်ရာ ပြဿနာများကို အလွယ်တကူ သို့တည်းမဟုတ် မကြာမီမှာ ဖြေရှင်းနိုင်မှ ဖြေရှင်းနိုင်ပါ့မလားဟု သို့လော၊ သို့ လော တွေးစရာဖြစ်နေပါသည်။       ။
 
(ပြီးပါပြီ။)
Sunday, October 30, 2011 | 0 comments |
 လေထုညစ်ညမ်းမှုသည်လည်း ကြီးထွားလာနေ လျက်ရှိသော ပြဿနာတရပ် ဖြစ်သည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ အချက်အလက်များ အရဆိုလျှင်၊ လေထု ညစ်ညမ်းမှုကို အဆိုးရွားဆုံး ခံစားနေရသော
ကမ္ဘာ့မြို့ကြီး (၁၀) အနက် (၉) မြို့သည် တရုတ်ပြည်မှ ဖြစ်သည်။ တရုတ်ပြည် စွမ်းအင် လိုအပ်ချက်၏ ၇၅% ကို ကျောက်မီးသွေးဖြင့် ဖြည့်တင်းပေးသည်။ ဤကျောက်မီးသွေးများကား အများအားဖြင့် အရည်အသွေး ညံ့ဖျင်းပြီး၊ သန့်စင်ထားခြင်းလည်း မရှိချေ။ ထို့ပြင် ခပ်နိမ့်နိမ့် ခေါင်းတိုင်များ အောက်မှ မီးရှို့ခြင်းဖြစ်သည်။ ဤသို့ဖြင့် လေထုထဲသို့ ထုတ်လွှတ်သော အညစ်အကြေး ပမာဏကို တိုးစေပါသည်။ မြို့နေ လူဦးရေ အများစုသည် အထူးသဖြင့် ဆောင်းရာသီ၌ ကြက်ညှာ ချောင်းဆိုး ရောဂါ ခံစားရလေသည်။
သဘာဝပတ်ဝန်ကျင် ပြဿနာပိုဆိုးလာနေသော တရုတ်ပြည် သဘာဝပတ်ဝန်ကျင် ပြဿနာပိုဆိုးလာနေသော တရုတ်ပြည်
မော်တော်ကား ပိုင်သူများ ပို၍ များလာခြင်းက မီးခိုးမြူ ဆိုင်းခြင်းကို ပိုဆိုးစေပါသည်။ တရုတ်ပြည်သည် ကမ္ဘာ့ ဈေးကွက်မှ အချဉ် ဓါတ် ပေါက်နေသော ရေနံရိုင်းများကို ဝယ်ယူခဲ့ခြင်းဖြစ်ရာ၊ ဤရေနံများ သည် ဈေးသက်သာသော်လည်း ကန့်ပါဝင်မှု များသည်။ ကန့်သည် လေထု ညစ်ညမ်းမှု ဖြစ်စေသော အဓိက အကြောင်းရင်း တခု ဖြစ်သည်။
(၂၀ဝ၄) ခုနှစ်၊ နွေဦးရာသီက ပြင်သစ်သမ္မတ ရှီရက် (Chirac) ၏ အလည် အပတ် လာရောက်ခြင်းကို ဂုဏ်ပြုသောအားဖြင့် စီစဉ်ထားသော လေယာဉ်ပျံသန်း စွမ်းရည်ပြပွဲကို အဆိပ်သင့် မီးခိုးမြူများကြောင့် ဖျက်သိမ်းခဲ့ရသည်။ ဤအတွက်ကြောင့် (၂၀ဝ၈) ခုနှစ်၊ အိုလံပစ် အားကစားပွဲများ ကျင်းပရေး အတွက် ကြိုတင်ပြင်ဆင်ရာ၌ မြို့တော်၏ ပိုမို သန့်ရှင်းလာသော ပတ်ဝန်းကျင်ကို ပြသရန် စိတ်ထက်သန်နေကြသော တရုတ် အာဏာပိုင်တို့ မျက်နှာပျက်ခဲ့ ရလေ သည်။ ကျောက်မီးသွေးများကို သန့်စင်ခြင်း၊ စက်ရုံ မီးခိုးခေါင်းတိုင်များကို မြင့်မြင့်ထားခြင်း၊ ပို၍ ထိရောက်သော ဘွိုင်လာအိုးများကို အသုံးပြုခြင်း၊ အမျိုးအစား ကောင်းသော ဓါတ်ဆီများကို အသုံးပြုခြင်းနှင့် စွမ်းအင်အတွက် အခြားလောင်စာ အမျိုးအစားများကို ပြောင်းသုံးခြင်းပြုရန် အကြံပြုထားသည်။ အောင်မြင်မှုများ ရခဲ့သော်လည်း နောက်ပိုင်းမှာ ဒုံရင်းအတိုင်း ပြန်ဖြစ်သွားခဲ့သည်။ (၂၀ဝ၂) နှင့် (၂၀ဝ၃) ခုနှစ်တွင် စွမ်းအင် မလုံလောက်မှု ဆိုးဆိုးရွားရွား ဖြစ်ပွားခဲ့ပြီးနောက်၊ ကျောက်မီးသွေး လောင်စာသုံး စက်ရုံများ ပိုများလာခဲ့ရာ အက်စစ်မိုး ရွာစေသော အခိုးအငွေ့ ထုတ်လွှတ်မှုများ ပြန်လည် ဖြစ်ပွားလာခဲ့သည်။
မြေဆီလွှာယိုယွင်း တိုက်စားခြင်းနှင့် သဲကန္တာရအဖြစ်သို့ ပြောင်းလဲခြင်းတို့သည်လည်း နောက်ထပ် ပြဿနာများ ဖြစ်လေသည်။ ဤပြဿနာများ၏ အဓိက အကြောင်းရင်း တခုကား သစ်တော ပြုန်းတီးမှုပင်ဖြစ်သည်။ သစ်ပင်များကို အလွန်အကျွံ ခုတ်လှဲခြင်း၊ ဆင်ခြင်တိုင်းထွာမှု မဲ့စွာ သုံးစွဲခြင်းတို့သည် သစ်ပင်ဦးရေ ဆုတ်ယုတ်စေကြောင်း၊ ရရှိသော သစ်များ၏ အရည်အသွေး ညံ့ဖျင်းစေကြောင်းနှင့် သစ်တောများ ကုန်ခမ်းသလောက် နီးနီးဖြစ်စေကြောင်း သစ်တော ဝန်ကြီးဌာနက ဆိုပါသည်။ ဝန်ကြီးဌာန သတ်မှတ်ထားသည့် (၇) နှစ် (၈) နှစ် သက်တမ်းရှိလာသည်နှင့် သစ်ပင်များကို အပြောင် ခုတ်လှဲ ကြတော့သည်။ (၁၉၉၃) ခုနှစ် အရောက်တွင် သစ်တောမြေသည် စတုရန်းမီတာ (၂) သန်း ပျော့ပျော့လောက်သာ ကျန်တော့သည်။ ဤသစ်တော အားလုံး နီးပါးလောက်သည်လည်း ဝေးလံ သီခေါင်သော အရပ်များ သို့မဟုတ် တောင်ထိပ်များမှာ ရှိနေကြခြင်း ဖြစ်သည်။ (၁၉၉၇) ခုနှစ်က စ၍ နှစ်စဉ် နွေဦးရာသီမှာ သစ်တော ပြန်လည်စိုက်ပျိုးရေး လှုပ်ရှားမှုများ လုပ်ခဲ့သည်။ စိုက်ပျိုးသော သစ်ပင် အရေအတွက်နှင့် ပတ်သက်၍ နှစ်စဉ် အစီရင်ခံစာများ တခမ်းတနား ထွက်ပေါ် လာခဲ့သော်လည်း၊ ရှင်သန်မှုနှင့် ထိန်းသိမ်းမှုနှုန်းကား နိမ့်လှလေသည်။ သဲကန္တာရများ၏ အစပ်များတွင် သစ်ပင် စိုက်ပျိုးသည် ဆိုရာ၌ စိုက်ပျိုးလိုက်သော သစ်ပင်များသည် သဘာဝ မိုးရေဖြင့် ရှင်သန်နိုင်ခြင်းရှိသည် မဟုတ်သဖြင့်၊ ရှားရှားပါးပါး မြေအောက်ရေကို စုပ်ယူကြသည်။ စုပ် ယူသောရေများသည် အရွက်များမှနေ၍ အငွေ့ပျံသွား ကုန်ကြသည်။ သစ်ပင် စိုက်ပျိုးရန်အတွက် ရေတွင်းများ တူးကြရာ၊ နဂိုက ချိုင့်ခွက်များ ထနေသော တောင်ကုန်းမြေများကို ထိခိုက်စေပြန်သည်။ ထို့ပြင် သစ်ပင်များကိုရေပေးရေး အတွက် ကောနေသော မြစ်များနှင့် အင်းအိုင်များမှ တန်ဖိုး ရှိလှသော ရေများကိုလည်း သုံးရလေသည်။ ပြန်လည် စိုက်ပျိုးထားသော သစ်တောများသည် အပင်မျိုးစိတ် တမျိုးတည်းသာ(ပေါ်ပလာ ထင်းရှူးပင်) ပါသဖြင့် ဇီဝ ထိန်းသိမ်းရေးစနစ် (bio-control mechanism) ကင်းမဲ့ လေသည်။ ဤသို့ဖြင့် သစ်တောများသည် အင်းဆက်ပိုးမွှား ဒဏ်ကို ခံရစရာ ရှိနေသည်။ လေ့လာချက် တခု၏ တွေ့ရှိချက် အရဆိုရလျှင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ သစ်တော ဖုံးမြေသည် တိုင်းပြည် အကျယ်အဝန်း၏ ၁၂% မှ ၁၆% အထိသာ ရှိတော့သည်။ အမေရိကန် ပြည်ထောင်စု၊ ယခင် ဆိုဗီယက် ယူနီယံနှင့် အိန္ဒိယတို့၌မူ ၃၃ %၊ ၃၅% နှင့် ၂၆% အသီးသီး ရှိကြသည်။
အပုံကြီး ပို၍ ကြီးသော ပြဿနာ ဖြစ်လာမည့် ကိစ္စတခုကား အငြင်းပွားဖွယ်ရာ လျှိုမြောင်သုံးသွယ် (Three Gorge project) စီမံကိန်း ဖေါ်ဆောင်ရန် အစိုးရ၏ ဆုံးဖြတ်ချက်ပင် ဖြစ်သည်။ ယန်စီမြစ်၏ သာယာလှပဆုံးသော မြစ်ကြောင်း တနေရာကို ဖြတ်လျက် ဧရာမ ဆည်ကြီး တစင်းကို ဆောက်လုပ် ပြီးစီး သွားလေပြီ။ အကောင်းမြင် သူတို့က ဤဆည်ကြီးသည် နှစ်စဉ် ညစ်ညမ်းမှု ကင်းသော လျှပ်စစ်ဓါတ်အား ကီလိုဝပ် (၈၄) ဘီလျံ ထုတ်လွှတ်ပေးမည်၊ မြစ်ကြောင်း တလျှောက် သယ်ယူ ပို့ဆောင်ရေး စွမ်းအား (၄) ဆ မြင့်တက်လာစေပြီး၊ သယ်ယူ ပို့ဆောင်ရေး ကုန်ကျစားရိတ် (၃)ပုံ (၁)ပုံ လျော့ကျ သွားစေမည်။ ယန်စီမြစ်ဝှမ်းမှ ရေကို အမြဲတစေ ရေရှားခဲ့သော မြောက်ပိုင်းသို့ သွယ်ပို့ပေး စေနိုင်လိမ့်မည်ဟု ဆိုကြသည်။ ဝေဖန်သူတို့ကမူ ဆည်ကြီးသည် ယန်စီမြစ်၏ အပိုင်းတပိုင်းမှာ ရေလွှမ်းမိုးမှု သက်သာစေနိုင်မည် ဖြစ်သော်လည်း အခြား အပိုင်းများမှာ ရေလွှမ်းမိုးမှု ပိုဆိုးလာစေလိမ့်မည်ဟု ဆိုကြသည်။ ဆည်ဆောက် လုပ်ရေးလုပ်ငန်းသည် မြို့ကြီး များ၊ ထောင်နှင့်ချီသော ကျေးရွာများ၊ အပြောကျယ်သော လယ်ယာမြေ အကွက်ကြီးများကို ဖြိုလှဲ တိုက်ချ သွားသည့် အပြင် ရှားပါးလှသော ဒေသပေါက် အပင်များနှင့် ဒေသနေ တိရစ္ဆာန် မျိုးများကိုပါ ပျက်စီးဆုံးပါး သွားစေခဲ့သည်။ ဆည်ကြောင့် အိုးအိမ်အခြေ ပျက်ခဲ့ရသော လူဦးရေ (၁ ဒသမ ၄) သန်းမှာလည်း ဆိုးဆိုးရွားရွား ပြဿနာကြီးများ ဖြစ်ပွားခဲ့သည်။ အိုးအိမ်အခြေ ပျက်သွားသူများအား လျော်ကြေးပေးရမည့် ယွမ်ငွေ (၂၈၉) သန်းကို အကျင့်ပျက် အရာရှိကြီးများက အလွဲသုံးစား လုပ်ခဲ့ကြောင်း (၂၀ဝ၇) ခုနှစ် စာရင်းစစ် အဖွဲ့က ဖေါ်ထုတ်ပြခဲ့သည်။ လျော်ကြေးငွေ အချို့ အဝက်ရရှိခဲ့သူများထဲမှာ ပင်လျှင် မူလနေရာထိုင်ခင်းမျိုး မရရှိနိုင်သူကများသည်။ နေရာသစ်မှာ အခြေချနေထိုင်သူများသည် ထိုနေရာသစ်များ ရှိ ဒေသခံလူများ၏ ခွဲခြား ဆက်ဆံခြင်းကိုလည်း ခံကြရလေသည်။
ဆည်ရေလွှမ်း နယ်မြေထဲတွင် အမှိုက်ပုံရာ နေရာများ၊ ညစ်ညစ်မှု ဖြစ်ပွားခဲ့သော စက်ရုံ နေရာများ၊ သင်းချိုင်းမြေများ ပါသွားခဲ့သည်။ ဤနေရာများကို ကြိုတင်၍ လောက်လောက်လားလား သန့်စင်ထားခဲ့ခြင်း မရှိချေ။ သို့ဖြစ်ရာ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ထပ်တိုး၍ ဖြစ်ပွားစေခဲ့သည်။ ရေလွှမ်းမိုးမှု ရန်မှ ထွက်ပြေး တိမ်းရှောင်သောအားဖြင့် ကြွက်အုပ်ကြီးများက နီးရာ မြို့များဆီသို့ ပြေးဝင်ကုန်ကြသည်။ ထို့ပြင် မြေပြိုမည့် ဘေးရန်ကလည်း ကြီးလှစွာ၏။ ဆည်ပိုင်နက် နယ်မြေ၏ အစိတ်အပိုင်းဖြစ်သော ရေလှောင် ကန်ကြီး၏ ပတ်ဝန်းကျင် နယ်မြေသည် မြေဆီမြေသား မွခြင်း၊ ရေကြီးလေ့ရှိခြင်း၊ မိုးသက်မုန်တိုင်း ကျတတ်ခြင်းတည်း ဟူသော ထူးခြားချက်များရှိသည်။ ရေလှောင် ကန်ထဲရှိရေမြင့် တက်လာသည်နှင့် အမျှမြေပြိုမှု အကြိမ်နှင့် ထုထယ်သည် လည်းမြင့်တက်လာပေမည်။ ဤကဲ့သို့သော ဧရာမ ဆည်ကြီးများကို တည်ဆောက်ခြင်းအားဖြင့် အခြားနေရာ ဒေသများမှာ ဖြစ်လေ့ဖြစ်ထရှိသည့် နည်းတူပင် မြေငလျင်များ ဖြစ်ပွားလာဖွယ် ရှိသည်။ အကယ်၍ ဤသို့မဖြစ်သည့်တိုင် ဂေဟစနစ်ဆိုင်ရာ အကျိုးဆက်များက ကြီးလေးပေလိမ့်မည်။ ဤစီမံကိန်း၏ သောက်သောက်လဲ ကုန်ကျစားရိတ်(အမေရိကန်ဒေါ်လာ သန်းပေါင်း ၁ သန်း) ကို အခြား လုပ်ငန်းများမှာ သည့်ထက်ပို၍ အကျိုးရှိစွာ အသုံးချနိုင်ပါသည်။  

| 0 comments |

တရုတ်ပြည်သည် ရှေးယခင် ကတည်းကပင် လူဦးရေက မြေနှင့် အရင်းအမြစ် အများအပေါ် နာနာ ဖိစီးလာ ခဲ့သော တိုင်းပြည် တစ်ပြည် ဖြစ်သည်။ အကျိုးဆက်ကား သဘာဝပတ်ဝန်းကျင် ယိုယွင်းမှု သိသိသာသာ ဖြစ်ပွားခဲ့ခြင်းပင်တည်း။
လိုအက်စ်ကုန်းမြင့် (loess Plateau) သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးနှင့် အဆိုးရွာဆုံး ယိုယွင်းခဲ့ရာ နေရာ ဒေသအဖြစ် ယူဆရသည်။ ဤသို့ယိုယွင်းရခြင်း၏ အကြောင်းရင်း များ ကို ပိုမိုနားလည် လာခဲ့ကြသည့်တိုင် လောလောဆယ် အသက်ရှင် ရပ်တည် ရေးတိုက်ပွဲနှင့် ရင်ဆိုင်နေရသော အများပြည်သူတို့ အဖို့ အနာဂတ် မျိုးဆက်များ အပေါ် ကျရောက်မည့် ဒဏ်ခတ်မှုကို ဆင်ခြင်ခြင်း မရှိသေးချေ။
တရုတ်ပြည် ကွန်မြူနစ်ပါတီသည် အလျှင်အမြန် စက်မှုထွန်းကားရေး ရည်မှန်းချက်ကို ဦးထိပ်ပန်ဆင်လျက် အာဏာ ရရှိလာခဲ့သည် ဖြစ်ရာ။ သဘာဝပတ်ဝန်းကျင် ပြဿနာကို ဂရုစိုက် ခဲ့ပုံမရချေ။ ဆယ်စုနှစ်ပေါင်းများစွာပင်၊ ပါတီနှင့် အစိုးရ အာဏာပိုင်တို့သည် ဤပြဿနာမျိုးများ ရှိသည်ဟုပင် အသိအမှတ်ပြုဖေါ် မရခဲ့ချေ။ ဖြေရှင်းပေးဖို့ကား အပုံကြီး ပို၍ပင် ဝေးခဲ့ချေသေးသည်။ ဟိုးယခင် (၁၉၇၂) ခုနှစ်လောက်က စက်ရုံ မီးခိုးခေါင်းတိုင် ဒါဇင်ပေါင်း များစွာတို့မှ ကျပ်ခိုးများ သွန်ထုတ်နေခြင်းနှင့် ပတ်သက်၍ အနောက်တိုင်း သတင်းထောက် တစ်ယောက် က မိမိ၏ ထင်မြင်ချက်ကို ပြောပြခဲ့ရာ၌ ညစ်ညမ်းမှုသည် ပတ်ဝန်းကျင် ဘာဖြစ်ဖြစ် ဂရုမစိုက်သည့် လောဘသား အရင်းရှင်တို့၏ လက်ချက် သာဖြစ်သည်ဟု တဖက် က သူ့ကို ပြန်ပြောခဲ့သည်ဟု ဆိုသည်။ လောဘသား အရင်းရှင်တို့ မရှိတော့သည် အချိန်မှ စ၍ တရုတ်တို့ သည် ပတ်ဝန်းကျင် ညစ်ညမ်းမှုကို စိုးရိမ်စရာ မရှိခဲ့တော့ချေ။
တကယ်တော့ စိုးရိမ်မှု ရှိခဲ့ရိုး အမှန်ပင် ဖြစ်သည်။ သာဓကအားဖြင့် ဖေါ် ပြရမည် ဆိုပါလျှင်၊ အကြီးအကျယ် ခုန်ပျံ ကူးပြောင်းရေး လှုပ်ရှားမှု (Great Leap Forward) ကြောင့် ဧရာမ သဘာဝ ပတ်ဝန်းကျင် ပြဿနာ ကြီးများ ဖြစ်ပွားခဲ့ကြောင်းကို လူအတော် များများက မျက်ဝါး ထင်ထင် မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ (၁၉၅၈) ခုနှစ်က အိမ်ခြံတွင်း သံရည်ကျိုဖိုများတွင် သံမဏိ ထုတ်လုပ်ရာ၌ တိုင်းပြည်၏ ကျောက်မီးသွေး များကို ဘုန်းပေါလအော သုံးခဲ့ရာ၊ အချို့နယ်မြေ ဒေသများရှိ လယ်သမားများအဖို့ ဆောင်းရာသီ ဒဏ်ခံနိုင်အောင် အနွေးဓါတ်ပေးမည့် လောင်စာအတွက် သစ်တောနှင့် ချုံပင်များကို အပြောင်ရှင်းခဲ့ရသည်။ (၁၉၇၀) ခု လွန်နှစ်များအတွင်းကလည်း တိဘက်ပြည်နယ်မှာ ဘာလီအစား ဂျုံကို အစားထိုး စိုက်ပျိုးရေး ကရော်မယ် စီမံကိန်းကြောင့် မြေဆီ ခန်းခြောက်ပြီး၊ အငတ်ဘေး ဆိုက်ခဲ့ဖူးသည်။ မီးခိုလုံးကြီးများ တအူအူ ထွက်နေသော စက်ရုံများ၏ အနီးအနားတွင် နေထိုင်ကြသူများက ကျပ်ခိုးဒဏ်ကို ခံနေရကြောင်း တိုင်တန်း ခဲ့ကြသည်။
ဤပြဿနာများကို ရော၍ အခြား ပြဿနာများကိုပါ ဖြေရှင်းရန် ကြိုးပမ်းသော အားဖြင့် (၁၉၇၃) ခုနှစ်၊ သြဂုတ်လတွင် နိုင်ငံတော် ကောင်စီက သဘာဝ ပတ်ဝန်းကျင် ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းနှင့် ပတ်သက်၍ ပြည်လုံးကျွတ် ကွန်ဖရင့်တရပ် ခေါ်ဆိုခဲ့သည်၊
သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် အစိမ်းရောင် ရေညှိများ အဆမတန် ပေါက်ဖွားရှင်သန်ပြီး Qindao မြစ်ကို ဖုံးလွှမ်းနေစဉ်(၁၉၇၄) ခုနှစ်တွင် နိုင်ငံတော်ကောင်စီ၏ လက်အောက်၌ သဘာဝ ပတ်ဝန်းကျင် ကာကွယ် စောင့်ရှောက် ရေး ရုံး (Office of Environmental Protection) ကို တည်ထောင်ခဲ့သည်။ တိုင်းပြည် အနှံ့အပြားလည်း ပြည်နယ် အဆင့် ရုံးများကို တည်ထောင်ခဲ့သည်။ နိုင်ငံတော် အဆင့် ရုံးသည် ဝန်ကြီးဌာန သို့မဟုတ် ကော်မရှင်တို့ လောက် လက်အောက်ခံရုံးများ အပေါ် အာဏာ မရှိခဲ့ချေ။ နိုင်ငံတော် အဆင့် ရုံးသည် ညှိနှိုင်းပေးခြင်း၊ စီမံကိန်း ချခြင်းတို့ကိုတော့ လုပ်နိုင်ခဲ့သည်။ သို့ရာတွင် အာဏာတည်အောင်တော့ မလုပ်နိုင်ခဲ့ချေ။ အမျိုးသား ပြည်သူ့ကွန်ဂရက် (NPC) သည်  (၁၉၇၉) ခုနှစ်က၊  တရုတ်ပြည်သူ့ သမတနိုင်ငံ၏ ပထမဦးဆုံး သော သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေး ဥပဒေကို အတည်ပြု ပေးခဲ့သည်။ သို့ဖြစ်သည့်တိုင် ဘဏ္ဍာငွေ ထောက်ပံရေး၊ လူအင်အားနှင့် စည်းရုံးရေးတို့တွင်မလုံလောက် မှုများ ရှိနေခဲ့ရာ၊ ဥပဒေ ပြဌာန်းချက်များ အာဏာတည်ရေးမှာ အခက်အခဲ ရှိနေခဲ့သည်။
သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် အစိမ်းရောင် ရေညှိများ အဆမတန် ပေါက်ဖွားရှင်သန်ပြီး Qindao မြစ်ကို ဖုံးလွှမ်းနေစဉ် သဘာဝ ပတ်ဝန်းကျင် ယိုယွင်းမှုသည် (၁၉၉၀) ခုနှစ် အရောက်တွင် အများပြည်သူ စိုးရိမ်ပူပန်စရာ ပြဿနာတရပ် ဖြစ်လာခဲ့ပြီး၊ ယခုလည်း ဆက်ဖြစ် နေဆဲပင်ရှိသည်။ ရေညစ်ညမ်းမှုကို တရုတ်ပြည်၏ အဓိက ပြဿနာကြီးအဖြစ် သဘောထားကြသည်။ ဤရေညစ်ညမ်းမှုသည် အများ ပြည်သူ တို့၏ ကျန်းမာရေးအဖို့ အကြီးမားဆုံး အန္တရာယ်ကြီးဖြစ်သည်။ (၂၀ဝ၅) ခုနှစ်က စ၍ တရုတ် ပြည်မကြီး၏ အကြီးဆုံးမြို့ (၆၆၉) မြို့အနက် (၄၀ဝ) ကျော်မှာ ရေ မလုံလောက် မှုဖြစ်ပွားနေခဲ့သည်။ နှစ်စဉ်လိုလိုပင် မြစ်ရေများ နိမ့်သည်ထက် နိမ့်ဆင်းလာကြောင်း သတင်း များ ကြားနေရသည်။ တရုတ်ပြည် မြောက်ပိုင်းသည် (၁၉၈၀)ခု လွန်နှစ်များကစ၍ မိုးခေါင်သည့်ဒဏ်ကို တလျှောက်လုံး ခံလာခဲ့ရသည်။
တရုတ်ပြည် မြောက်ပိုင်း၌မူ ရေကြီးမှုများ ပို၍ ဆိုးဆိုးရွားရွား ဖြစ်ပွားလာခဲ့သည်။ (၂၀၃၀) ခုနှစ် အရောက် တွင် လူဦးရေသည် (၁.၆) ဘီလီယံ ရှိလာမည်ဟု တွက်ထားရာ၊ လူတဦးချင်း အတွက် ရေရှိမှု ပမာဏသည် (၁, ၇၆၀) ကုဗမီတာသာ ရှိလိမ့်မည် ဖြစ်ပြီး၊ ကျွမ်းကျင်သူ ပညာရှင်များ သတ်မှတ်ထားသော အနိမ့်ဆုံး ပမာဏ (၁, ၇၀ဝ) ၏ အထက်မှာ သီသီလေးသာ ရှိတော့မည်။ လူတဦးချင်း အတွက် ရရှိသော လက်ရှိ ရေပမာဏ (၂, ၂၀ဝ) ကုဗမီတာ သည် ကမ္ဘာ့ ပျမ်းမျှနှုန်း၏ (၄) ပုံ (၁) ပုံမျှသာရှိသည်။ တနှစ်တာ၏ ရေရှား ရာသီများ၌ မြို့ကြီးများတွင် ရေ မလုံလောက်မှုသည် ရိုးနေသော ကိစ္စဖြစ်သည်။ စက်ရုံများတွင်လည်း ရေ မရသဖြင့် လုပ်ငန်း ရပ်ထားကြရသည်။

ဆိုးဆိုးရွားရွား ရေ ညစ်ညမ်းမှုကြောင့် သောက်၍ ရသော ရေ အကျန် နည်းရခြင်း ဖြစ်သည်။ စီးပွားရေး ကြီးထွားမှုသည် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို အဆတိုး နှုန်းဖြင့် ဖြစ်ပွားစေပါသည်။ ကျေးလက် နယ်မြေ ဒေသသည်လည်း ဓါတ်မြေသြဇာများ၊ အဆိပ် ပိုးသတ်ဆေးများဖြင့် ညစ်ညမ်း နေသော စိုက်ပျိုးရေး စွန့်ပစ်ရေများ၏ ဒဏ်သင့် ခံရလေသည်။ အချို့သော နယ်မြေ ဒေသများ၌ သတ္တုဓါတ်နှင့် အော်ဂဲနစ် အညစ် အကြေးများ၏ ပါဝင်မှုနှုန်း မြင့်မားခြင်းက လူသားများမှာရော၊ ရေသတ္တဝါများမှာပါ ကင်ဆာရောဂါနှင့် ပုံပျက် သန္ဓေသား မွေးဖွားမှု များကို ဖြစ်ပွားစေပါသည်။ နယ်မြေဒေသ အတော်များများ၌ ရာစုနှစ်ပေါင်းများစွာ အသုံးပြုလာခဲ့သော သောက်ရေတွင်းများကို စွန့်ပစ်နေ ရတော့သည်။ အချို့သော မြစ်များနှင့် အင်းအိုင်များ၌ ငါးများ နေ၍မရတော့ပြီ။ ထုံ့ပိုင်း၊ ထုံ့ပိုင်းတက်လာတတ်ပြီး၊ ပင်လယ်ထွက် စားစာရာ များမှာ အဆိပ်သင့်မှု ဖြစ်ပွားစေသော “ဒီရေနီများ” က ကမ်းရိုးတန်း မြို့ကြီးများကို ခြိမ်းခြောက် နေလျက်ရှိသည်။ ညစ်ညမ်းမှု ဖြစ်ပြီးသော သောက်ရေသည် အသည်းရောင်ရောဂါ၊ အစာအိမ်ကင်ဆာ၊ အသည်းကင်ဆာ၊ အူကင်ဆာ ဖြစ်ပွားမှုနှုန်း မြင့်လာခြင်းနှင့် ဆက်စပ်နေသည်။ ရှိနေသော ရေကို ဆင်ခြင် တိုင်းထွာမှုမဲ့စွာ သုံးစွဲနေကြ ရမည် လားဟု တရုတ် ကျွမ်းကျင်သူ ပညာရှင်များက အပြစ်ဖို့ကာ၊ အိမ်ထောင်စုများ နှင့် စီးပွားရေးလုပ်ငန်း များ သုံးစွဲသော ရေ၏ ယူနစ်အလိုက် ငွေပေးဆောင်စေပါက အခြေအနေ သိသိ သာသာကြီး ပိုကောင်းလာ လိမ့်မည်ဟု အကြံပြုကြသည်။ ပင်လယ်ရေကို ရေချိုအဖြစ်သို့ ကျိုချက်ခြင်း လုပ်ငန်းကိုလည်း အကြံပြု တင်ပြ ကြသည်။ သို့ရာတွင် လောလောဆယ် အချိန်၌ ဤလုပ်ငန်းက အလွန် ငွေကုန်ကြေးကျ များသည်။
  
အလွန်ငွေကုန်ကြးကျများသော နောက်လုပ်ငန်းတကား တောင်ပိုင်းမှ မြောက်ပိုင်းသို့ ရေသွယ်ပို့ရေး စီမံကိန်း လုပ်ငန်းဖြစ်သည်။ ဤစီမံကိန်း နှင့် ပတ်သက်၍ သို့လော သို့လော တွေးစရာ အများအပြား ရှိနေသည်။ ပို့ဆောင်ပေးမည့် ရေက အလွန် ညစ်ညမ်းနေသောကြောင့် မိမိတို့ မြောက်ပိုင်းမြို့များမှာ အကျိုးရှိသည်ထက် ရေသန့်စင်ရသည့် ကုန်ကျစားရိတ်က ပိုလိမ့်မည်ဟု ရေရှားသော မြောက်ပိုင်းဒေသမှ အာဏာပိုင်များက ထောက်ပြကြသည်။ (၂၀ဝ၄) ခုနှစ်၊ နှောင်းပိုင်းရောက်ချိန်၌ ဤစီမံကိန်း အတွက် ကုန်ကျထားသည့် စားရိတ် က သတ်မှတ်ထားသော ဘတ်ဂျက်ထက် ပိုနှင့်နေပြီ ဖြစ်သည်။ သွယ်ပို့မည့် ရေသည် ရှန်ဒေါင်းမြို့သို့ (၂၀ဝ၇) ခုနှစ်တွင် ၄င်း၊ ပီကင်းမြို့သို့ (၂၀၁၀) ခုနှစ်တွင် ၄င်း ရောက်ရန်ဖြစ်သည်။
တရုတ်ပြည်၏ ကမ်းရိုးတန်းဒေသမှာ လူဦးရေ အကြီးအကျယ် တိုးမှုကြောင့် မြေပေါ်ရေ မလုံလောက်မှု ဖြစ်ပွားရခြင်း ဖြစ်သည်။ ရေ လုံလောက်ရေး အတွက် မြေအောက် ရေကို အသုံးပြုခြင်းသည် မြေပြင် နိမ့်ဆင်း မှု ဖြစ်ပွားစေပါသည်။ မြေပြင် နိမ့်ဆင်းမှုသည် နေအိမ်များ နှင့် လုပ်ငန်းများ၏ တည်ဆောက်ပုံ အနေအထား ကို ထိခိုက်စေသည့် အပြင် (အထူးသဖြင့် ပင်လယ် ရေမျက်နှာပြင်က ကြိုတွက်ထားသည့် အတိုင်း မြင့်တက် လာမည်ဆိုပါက)  ကမ်းရိုးတန်းမြို့ ကြီးများမှာ ရေကြီးခံရမည့် အန္တရာယ်ကို ပို၍ ခံရစေနိုင်ပါသည်။ မြို့ကြီးများမှာ အိမ်ယာ ဆောက်လုပ်ရေး စီမံကိန်းများ ရေးဆွဲရာ၌ ဤအချက်ကို ထည့်သွင်း စဉ်းစားရန် တရုတ် သိပ္ပံ အကယ်ဒမီ အဖွဲ့(Chinese Academy of Science) က သတိပေးထားသည်။
ရှန်ဟိုင်းမြို့၏ အလွန်အမင်း ငွေကုန်ကြေးကျ များပြီး၊ ကြွားလုံးထုတ်ရုံ သက်သက်မျှ အသစ် တည်ဆောက် ထားသော မြေအောက် သံလိုက် ဓါတ်အားသုံး ရထားလမ်းသည် ယခု နိမ့်ဆင်း နေလျက်ရှိသည်။ အီတလီနိုင်ငံ၏ ဗင်းနစ်မြို့ သည် လွန်ခဲ့သော ရာစုနှစ် အတွင်းမှာ (၂၄) စင်တီမီတာသာ နိမ့်ဆင်း ခဲ့သော် လည်း အရှေတိုင်း၏ ဗင်းနစ်ဟု ခေါ်ဆိုနေကြသော ဆူဇူမြို့(Suzhou) သည် (၁၉၅၀) ခုနှစ်များ နောက်ပိုင်း မှာ (၁.၅)မီတာ နိမ့်ဆင်း သွားခဲ့ပြီ ဖြစ်သည်။ အဓိကရ ပင်လယ်ဆိပ်ကမ်း မြို့ကြီး တမြို့ဖြစ်သော နင်းဘို (Ningbo)  မြို့သည် (၂၀၃၀)ခုနှစ် အရောက်တွင် ပင်လယ်ရေ မျက်နှာပြင်ထက် နိမ့်သွားဖွယ်ရှိသည်။ မြေပြင်ပေါ်သို့ ဆားငန်ရေတက်ခြင်းသည် မြေဆီလွှာကို ဆားငန်ဓါတ် ပေါက်စေပြီး၊ သီးနှံကိုလည်း အထွက် လျော့စေသည့် အပြင် ယိုယွင်း တိုက်စားမှုကိုလည်း ဆက်လက် ဖြစ်ပွားစေပါသည်။ ပုလဲ မြစ်ဝကျွန်းပေါ် ဒေသ၏ တည်ဆောက်ရေး လုပ်ငန်းများသည် ဒေသနေ ပြည်သူအတော်များများ အတွက် မကြုံစဖူး ကြွယ်ဝမှု များကို ဆောင်ကျဉ်းပေးခဲ့သည် မှန်သော်လည်း လွန်ခဲ့သော (၁၅) နှစ် အတွင်း တံတားများ၊ ဆိပ်ခံ ဘော တံတား များနှင့် ဆပ်ကမ်း သိုလှောင်ရုံကြီးများ တည်ဆောက်မှု ကြောင့် ဂေဟစနစ်မှာ ပျက်စီး ထိခိုက်ခဲ့ ရသည်။ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာရှင်များက တရုတ်ပြည်၏ ရေ အရင်းအမြစ်နှင့် စိုက်ပျိုးမြေ များသည် မနိုင်ဝန်ကို ထမ်းနေကြရသည်ဟု သတိပေးထားသည်။ ဂေဟစနစ်အား တရုတ်ပြည် လူ့အဖွဲ့ အစည်း. ကျားကန်ပေးမှု သည် ချိနဲ့လှပါပေသည် ဟုလည်း စိုးရိမ် ပူပန်နေကြသည်။
(ဆက်လက်ဖေါ် ပြပါမည်)

မောင်မောင်သန်း
Dreyer,June Teufel."Quality-of -life: Health, Demography, and the Environment", in China`s Political System: Modernization and Tradition(6th Edition),  New York: Pearson Longman,2008), pp.250-252 ကို ပြန်ဆိုပါသည်။
Tuesday, October 4, 2011 | 0 comments |

ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံတွေဟာ တနေ့တခြား ကြီးထွားလာနေတဲ့ သူတို့ရဲ့စွမ်းအင် လိုအပ်ချက် ပြည့်မှီအောင် ရရှိရေးအတွက် နည်းမျိုးစုံနဲ့ ကြိုးပမ်းလာတာကို ၂၁ ရာစု အစပိုင်း နှစ်တွေမှာ တွေ့လာရတယ်။
အဲဒီလို အင်အားကြီးထွားလာနေတဲ့ အထဲမှာ အာရှနဂါး အဖြစ်နာမည် ကြီတဲ့ တရုတ်ဟာ ကမ္ဘာ့ စီးပွားရေး နေရာမှာ နံပါတ်နှစ်ကို ရောက်ရှိလာခဲ့ပါတယ်။ စီးပွားရေး ကြီးထွားလာမှုနဲ့အတူ စွမ်းအင် လိုအပ်ချက်က လည်း ကြီးထွားးလာခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ စွမ်းအင်သုံးစွဲတဲ့ နေရာမှာ ကမ္ဘာ့ နံပါတ် (၃) နေရာကိုရောက် ရှိလာခဲ့တယ်။စွမ်းအင်အတွက် လိုအပ်တဲ့ လောင်စာအများစု ကိုတော့ အရှေ့အလယ်ပိုင်းကနေ သင်္ဘောကြီးတွေနဲ့ သယ်ယူပါတယ်။
အဲဒီလို သင်္ဘေတွေနဲ့ သယ်ယူရာမှာ လမ်းခရီးရှည်လျားမှု အချိန်ကာလကြန့်ကြာမှု ငွေကြေးကုန်ကျမှု မြင့်မားခြင်းနဲ့ အန္တရာယ်ကြီးမားခြင်းတို့ဟာ ရေရှည်မှာ တရုတ်နိုင်ငံရဲ့ စီးပွားရေး အင်အားကြီးထွားမှုကို အကြီးအကျယ် ခြိမ်းခြောက်လာနိုင်တဲ့ အချက်ဖြစ်နေပါတယ်။
တရုတ်နိုင်ငံရဲ့ အနာဂတ် လောင်စာသယ်ယူရေးကို အဓိကခြိမ်းခြောက်လာနိုင်တဲ့အချက်ကတော့ တောင်တရုတ်ပင်လယ် အတွင်းရှိတဲ့( စပရယ်တလီ) ကျွန်းစု အငြင်းပွားမှုပဲ ဖြစ်ပါတယ်။ အဲဒီကျွန်းစုတွေက ရေနံနဲ့ သဘာဝဓာတ်ငွေ့သိုက်တွေ ရှိနေတော့ တရုတ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား နဲ့ ဗီယက်နာမ်နိုင်ငံတွေက သူပိုင်ကိုယ်ပိုင် အငြင်းပွားနေ ကြခြင်း ဖြစ်ပါတယ်။
ဒီကျွန်းစုပိုင်ဆိုင်မှုအငြင်းပွားတွေကြောင့် တခါတလေမှာ စစ်ရိပ်စစ်ငွေ့တွေ တောင်သန်းခဲ့ဘူးပါတယ်။ အငြင်းပွားမှုထဲမှာပါတဲ့ နိုင်ငံတွေကလည်းလျော့ပေးမယ့် နိုင်ငံတွေရယ်လို့ မရှိပါဘူး။
ဒါကြောင့်တရုတ်ဟာ အနာဂတ်မှာ သူရဲ့လောင်စာ သယ်ယူရာလမ်းကြောင်း လုံခြုံရေးအာမခံချက် ရှိရေးဟာ အဓိကအချက် ဖြစ်လာခဲ့ပါတယ်။ မလက္ကာရေလက်ကြား ကိုအစားထိုးမယ့် လမ်းကြောင်းသစ်များကို စတင် ရှာဖွေလာခဲ့တယ်။
ရှေးခေတ် တရုတ်နိုင်ငံထွက် ပိုးထည်းနဲ့ ကြွေထည် ပစ္စည်းတွေကို အရှေ့အလယ်ပိုင်းနဲ့ အနောက်နိုင်ငံ တွေမှာ ရောင်းချရေးအတွက် ပိုလမ်းမ (Silk Road)- မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန် နဲ့ အာဖဂန်ကို အသုံးပြုခဲ့ ပါတယ်။
၂၁ ရာစု တရုတ်နိုင်ငံရဲ့ စွမ်းအင်လုံခြုံရေး ကအဓိက ကျသလို တရုတ်နိုင်ငံရဲ့ ကုန်တွင်းပိုင်းပြည်နယ်တွေဟာ ဆင်းရဲချမ်းသာ ကွဟမှုဒဏ်ကို အဓိကခံနေရတဲ့ ပြည်နယ်တွေဖြစ်နေတယ်။ ဒီပြည်နယ်တွေရဲ့ ဖွံ့ဖြိုးမှုက လည်း တရုတ်ပြည်ရဲ့ တည်ငြိမ်မှုကို အထောက်အပံ့ဖြစ်စေမှာ ဖြစ်တယ်။ဒါကြောင်းဒီပြည်နယ် ထွက်ကုန် ပစ္စည်းတွေကို အာဖရိကနဲ့ဆင်းရဲတဲ့အနောက်အာရှ၊ အိန္ဒိသမုဒ္ဒရာ တွင်းရှိနိုင်ငံ တွေဆီ မြန်မာနိုင်ငံကိုဖြတ်ပြီး အနောက်ဖက် ရခိုင်ပြည်၊ ကျောက်ဖြူဆိပ်ကမ်းမှ တဆင့် ဖြန့်ဖြူးလိုတယ်။
ရခိုင်ပြည်ကျောက်ဖြူရေနက် ဆိပ်ကမ်းနဲ့ တရုတ်နိုင်ငံ ယူနနပြည်နယ်ထိ တည် ဆောက်နေတဲ့ရေနံပိုက်လိုင်း စီမံကိန်းဟာ တရုတ်အစိုးရရဲ့ သားရွေအိုးထမ်းလာတဲ့အစီအစဉ်ဘဲ ဖြစ်ပါတယ်။တရုတ်နိုင်ငံဟာ စွမ်းအင် လိုအပ်ချက် ၅၀ ရာခိုင်နှုန်းကို အရှေ့အလယ်ပိုင်း၊ အာဖရိကနိုင်ငံ တွေဆီက ရေနံတင် သင်္ဘေကြီးတွေနဲ့ အိန္ဒိယသမုဒ္ဒရာ ကိုဖြတ်ပြီး မလက္ကာရေလက်ကြားကတဆင့် တောင် တရုတ် ပင်လယ် ဆိပ်ကမ်းမြို့တွေဆီကို သယ်ယူရပါတယ်။
အဲဒီခရီးရဲ့ အကွာအဝေးဟာ မိုင်ပေါင်း ၃၀၀၀ ကျော် ခရီးရှိပါတယ်။ မိုင်ပေါင်းသုံးထောင်ခရီး အန္တရာယ် ရောပြွန်းနေတဲ့ မလက္ကာရေလက်ကြား ကိုရှောင်ရှားပြီး လမ်းခရီးတိုတို အချိန်တိုတိုနဲ့ စရိတ်သက်သာစွာနဲ့ ခေတ်သစ်ပိုးလမ်းမကို ဖောက်လုပ်လိုက်တာဟာ တရုတ်နိုင်ရဲ့ အနာဂတ်စွမ်းအင် ဖူလုံမှုအတွက် အောင်မြင်မှုကြီးတခု ဖြစ်ပါတယ်။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဆင်းရဲတဲ့ပြည်နယ်ရှိ စက်မှုလုပ်ငန်းတွေရဲ့ လောင်စာလိုအပ်ချက်ကို ရခိုင်ပြည်က ထွက်လာမယ့် ရေနံနဲ့သဘာဝ ဓာတ်ငွေ့တွေက နှစ်ပေါင်းသုံးဆယ် အထိ ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်တယ်။
တရုတ်အစိုးဟာ သူ့နိုင်ငံရဲ့ လောင်စာဖူလုံရေးအတွက် ခေတ်သစ်ပိုးလမ်းမနှစ်ခုကို စဉ်းစာခဲ့တယ်။ ရခိုင်ပြည် ကျောက်ဖြုရေနက်ဆိပ်ကမ်းနဲ့ ယူနန် ပြည်နယ်ထိ သွယ်ယူမယ့် ရေနံပိုက်လိုင်း။ နောက်တစ်ခုက ပါကစ္စတန် အာရေဘီးယားပင်လယ် ကမ်းခြေရှိ ဂွန်ဒါ ရေနက်ဆိပ်ကမ်းနဲ့ ပါကစ္စတန်ကို ဖြတ်ပြီး ဖောက်လုပ် မည့် ရေနံပိုက်လိုင်း ဖြစ်ပါတယ်။
ဒါပေမဲ့ ဂွန်ဒါရေနက်ဆိပ်ကမ်းဟာ မူဆလင် စစ်သွေးကြွ တိုင်းရင်းသားတွေ ကြီးစိုးတဲ့နယ်မြေ ဖြစ်တာကြောင့် ရေနံပိုက်လိုင်းတည် ဆောက်မှုကို စွန့်လွှတ်ခဲ့ပါတယ်။တရုတ်အစိုးရအနေနဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ ဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်မှုက မဟာဗျူဟာမြောက် အရေးပါနေတယ်။ ဒီနှစ်အတွင်းတက်လာတဲ့ သတင်းတွေအရ တရုတ်လူမျိုးတွေ ကျောက်ဖြူမြို့နယ်အတွင်းမှာ မြေဧကပေါင်း မြောက်မြားစွာဝယ်ယူပြီး ရင်းနှီး မြုတ်နှံနေပါတယ်။ တရုတ်နိုင်ငံ အကျိုးစီးပွားအတွက် မဟာစီမံကိန်းတွေပဲ ဖြစ်ပါတယ်။သြဂုတ်လ ၂၈ ရက်နေ့က ထုတ်ပြန်တဲ့ သတင်းအရ ဆိုရင် တရုတ်အစိုးရဟာ မူဆယ်ကနေ ကျောက်ဖြူရေနက် ဆိပ်ကမ်းအထိ မိုင် ၅၀၀ ကျော် ရှည်လျားမယ့် လျပ်စစ်မီးရထားလမ်းကို ဒီနှစ် အကုန်မှာ စတင်ဖေါက်လုပ်မှာ ဖြစ်ပါတယ်။ ဒေါ်လာ ဘီလီယံ ၂၀ ကုန်ကျမယ့် စီမံကိန်းဟာ ဧရာဝတီ မြစ်ပေါ်မှာ ဆောက်လုပ်မယ့် မြစ်ဆုံရေကာတာ စီမံကိန်းထက် အဆ ၁၀ ပိုကြီးပါတယ်။
တရုတ်နိုင်ငံအနေနဲ့ ပြည်ပနိုင်ငံတွေမှာ ရင်းနှီးမြုတ်နှံတဲ့ အထဲမှာ အကြီးမား ဆုံးစီမံကိန်းအဖြစ် တွေ့မြင်ရမှာ ဖြစ်ပါတယ်။ စီမံကိန်းတခုထဲမှာ အဲဒီလောက်ငွေကြေး အမြောက်အမြားရင်းနှီးမြှုတ်နှံတာ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး ရင်းနှီးမြှုတ်နှံမှု ဖြစ်ပါတယ်။ အဲဒီလောက်ပမာဏ များပြားတဲ့ ရင်းနှီးမှုကို ကြည့်ရင် တရုတ်နိုင်ငံ ခေါင်းဆောင်တွေနဲ့ မဟာဗျူဟာ ရေးဆွဲသူတွေက ကျောက်ဖြူရေနက်ဆိပ်ကမ်းကို ဘယ်အထိမျှော်မှန်းချက် ဆိုတာ သိသာလှပါတယ်။ ဒီလိုရင်းနှီးမြှုတ်နှံတာ အချက်အများအပြား ရှိနိုင်ပါတယ်။ အချက်နှစ်ချက်က ပထ၀ီအနေအထားအရ အချက်အခြာကျမှုနဲ့ လာမယ့်နှစ် ၂၀ အတွင်းမှာ မြန်မာနိုင်ငံရေး အပြောင်းအလဲ မရှိနိုင်ဘူးဆိုတာ တရုတ်ခေါင်းဆောင်တွေ သုံးသတ်ထားပုံရတယ်။ တနည်း အားဖြင့် နှစ်၂၀ အတွင်းမှာ တရုတ်သြဇာလွမ်းမိုးမှုကို အံတုမယ့် ခေါင်းဆောင်မရှိနိုင်ဘူးဆိုတဲ့ သဘောပါ။ ဘယ် ကော်ပေါ်ရိတ်ကြီးမဆို ကြီးမားတဲ့ ရင်းနှီး မြှုတ်နှံမှုလုပ်တော့မယ် ဆိုရင် အဲဒီ နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကို သုံးသပ်လေ့ ရှိပါတယ်။ တနည်းအားဖြင့် ဒီနေ့ စစ်ခေါင်းဆောင်တွေ နောက်နှစ် ၂၀ ထိ အာဏာကို ဆက်ထိမ်းထားနိုင်တယ်ဆိုတဲ့ သဘောလည်းပါတယ်။
တရုတ်သမိုင်းထဲမှာ အရေးပါဆုံးဖြစ်တဲ့ မဟာတံတိုင်းတည်ဆောက်မှုကို ဘီစီ ၅ ရာစုမှာ စတင်ခဲ့ပါတယ်။ မဟာတံတိုင်း ဆောက်ရတဲ့ အဓိကအကြောင်းရင်က အနောက်ဘက်ဒေသက တရုတ်ပြည်ထဲကို မကြာခဏ ကျူးကျော်နေတဲ့ နော်မက် ( Nomad) လူမျိုးတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့ဖြစ်ပါတယ်။
ခေတ်အဆက်ဆက် တည်ဆောက်ခဲ့တဲ့ ဒီတံတိုင်းရဲ့ ရည်ရွယ်ချက်က တရုတ်ပြည်ကြီး လုံခြုံရေးဖြစ်ပါတယ်။ ကမ္ဘာ့သမိုင်းမှာ အဲဒီလောက် ကြီးမားတဲ့ အဆောက်အဦကို ဘယ်လူမျိုးမှ တည်ဆောက်နိုင်ခဲ့ခြင်း မရှိပါဘူး။
မြန်မာ့နယ်မြေကို ဖြတ်ပြီးဖောက်လုပ်မယ့် ရေနံပိုက်လိုင်း၊ လျပ်စစ်ရထားလမ်းနဲ့ ကျောက်ဖြူရေနယ် ဆိပ်ကမ်းတွေကတော့ မော်စီတုန်းတည်ထောင်ခဲ့တဲ့ တရုတ်အင်ပါယာကြီးအတွက် ၂၁ ရာစု စွမ်းအင် လုံခြုံ ရေး၊ တရုတ်ထွက်ကုန်ပစ္စည်းတွေ အာဖရိက၊ အာရှဒေသတွေမှာ အင်အားကြီးနိုင်ငံတွေနဲ့ ယှဉ်ပြိုင်တဲ့ အခါ အသာစီးရရေးနဲ့ တရုတ်ရေတပ် အနေနဲ့ အိန္ဒိယသမုဒ္ဒရာအတွင်း တရုတ်အင်အားကို ထိမ်းထားရေးတို့ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

လှရွေ
စာရေးသူသည် ရခိုင်သတင်းစဉ် အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ရခိုင်ပြည် အမျိုးသားကောင်စီ နိုင်ငံခြားရေး ကော်မတီအဖွဲ့ဝင်၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီရုံးတွင် လက်ထောက် ဒါရိုက်တာ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် မဲဆောက်မြို့ CDC အထက်တန်းကျောင်း Post Ten တွင် သမိုင်းသာသာရပ် သင်ကြားလျက် ရှိသည်။
Thursday, September 29, 2011 | 1 comments |
ပြည်ထောင်စု မြန်မာနိုင်ငံတော် အတွင်း ကချင် လူမျိုးတို့ နေထိုင်ရာ အချက်အခြာဒေသမှာ ချင်းတွင်းမြစ်ဖျား နှင့် ဧရာဝတီမြစ်ဖျားတို့ ဖြတ်သန်း စီးဆင်းရာ ဒေသတ၀ိုက် ဖြစ်သည်။ မြောက်လတ္တီကျု ၂၃ံ ၃၇' နှင့် ၂၈ံ ၂၅' အကြား ၊ အရှေ့လောင်ဂျီကျု ၉၆ံ နှင့် ၉၈ံ ၄၇' ကြားဖြစ်သော အာသံပြည် အရှေ့မြောက်ပိုင်းနှင့် မြန်မာနိုင်ငံ မြောက်ပိုင်း တရုတ် - မြန်မာ နယ်စပ်အလွန် ဒေသများတွင် ပျံ့နှံ နေထိုင်ကြသည်။ ၁၉၃၁ ခုနှစ် မြန်မာနိုင်ငံ သန်းခေါင်စာရင်းအရ ကချင်လူမျိုး ဦးရေမှာ ၁၅၃၀၀၀ ကျော် ရှိသည်။ ထိုအရေအတွက်တွင် သန်းခေါင်စာရင်း မကောက်ယူနိုင်ခဲ့သော ဒေသများလည်း ရှိခဲ့သည်။ ကချင်ပြည်နယ်တွင် မူလ အရင်းခံ နေထိုင်ခဲ့ကြသော စုစုပေါင်းလူမျိုး ၆ မျိုးပေါင်းကာ ကချင်လူမျိုး ဟုခေါ်ဆိုသည်။ ၄င်းလူမျိုး ၆မျိုးမှာ ဂျိမ်းဖော၊ လီဆူး၊ ဇိုင်ဝါ၊ လောေ်ဝါ်၊ လချိပ် နှင့် ရဝမ် လူမျိုးတို့ ဖြစ်ကြသည်။

ကချင်တို့၏ မူလဇစ်မြစ်

ကချင်လူမျိုးတို့မှာ တိဗက် - မြန်မာ အနွယ်ဝင်များ ဖြစ်ကြ၍ မြန်မာလူမျိုးတို့နှင့် ဘိုးစဉ် ဘောင်ဆက်မှစ၍ မျိုးရိုး တစ်ခုတည်း ဆင်းသက်လာခဲ့ကြသူများ ဖြစ်ကြသည်။ သူတို့၏ မူရင်းဒေသမှာ မဂျွိုင်းရှင်ဂရဘုံ ဖြစ်သည်ဟု မိရိုးဖလာ မှတ်သားထားကြသည်။ ထိုစကား၏ အဓိပ္ပါယ်မှာ သဘာဝအားဖြင့် ပြန့်ပြူးနေသော တောင်ထိပ်ဖြစ်သည်။ ဤပြန့်ပြူနေသော တောင်ထိပ်မှာ တိဗက်ပြည် အရှေ့ဘက်နှင့် စီချွန်နယ်(မကြာမှီက ငလျင်အပြင်းအထန်လှုပ်ခဲ့သည့်ဒေသ) အကြားရှိ ကုန်းမြင့်ဒေသပင် ဖြစ်ဟန်တူပေသည်။

ရွှေ့ပြောင်းနေထိုင်လာပုံ

ကချင်မျိုးနွယ်တို့သည် တိဗက်တိုဘားမန်း(တိဗက်မြန်မာ)အနွယ်ဝင်များအနက် မြန်မာနိုင်ငံ နယ်နိမိတ် အတွင်းသို့ နောက်အကျဆုံး ၀င်ရောက်လာသည့် လူမျိုးစုဖြစ်သည်ဟုခန့်မှန်းရသည်။ ထိုသို့ဝင်ရောက်ရာတွင် မြန်မာအများစုကဲ့သို့ အရှေ့ဖက် ရှမ်းပြည်နယ် မြောက်ပိုင်း နှင့် အနောက်ဖက် စစ်ကိုင်းတိုင်း အနောက်ဖက် ဒေသများမှ ၀င်ရောက်လာခြင်းမျိုး မဟုတ်ပဲ မြောက်ဖက်စူစူးမှ ၀င်ရောက် လာသည်ဟုဆိုကြပါသည်။ ထိုဒေသမှာ တောတောင်ထူထပ်သည့်အတွက် အုပ်စုများအကြား အချင်းချင်း ဆက်သွယ်မှု နည်းပါးခဲ့ကြသည့်အတွက် လူမျိုးစုများ၊ ဘာသာအယူအဆများ နှင့် ယဉ်ကျေးမှုဆိုင်ရာများ ပါ အနည်းနှင့်အများဆိုသလိုကွဲပြားခဲ့ကြရပါသည်။ကချင်မျိုးနွယ်စုများအတွင်း လူဦးရေအများဆုံးမှာ ဂျိန်ဖော် ဖြစ်သည်။ တောင်ဘက် ဒေသများသို့ ရွှေ့ပြောင်းလာကြရာတွင် ကချင်တို့သည် တရုတ် ၊ မြန်မာ ၊ တိဗက်နှင့် အာသံပြည်တို့၏ နယ်စပ်များ ဆုံရာ တောတောင် ထူထပ်လှသော ဒေသတ၀ိုက်သို့ ရောက်ရှိလာပြီးနောက် ထိုဒေသမှ အခွင့်သာလျှင် သာသည့်အလျှောက် တောင်ဘက် မြန်မာနိုင်ငံအတွင်းသို့ တဖြည်းဖြည်း ရွှေ့ပြောင်းလာခဲ့ကြဟန်တူသည်။ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်ခဲ့ပြီးနောက် တြိဂံနယ်မြေ (မေခနှင့် မေလိခ မြစ်နှစ်သွယ် စပ်ကြားရှိ သုံးထောင့်ဒေသ) သို့ ရောက်သောအခါတွင် ရှေ့သို့ ဆက်လက် ရွှေ့ပြောင်းခြင်း  မပြုပဲ ကာလအတန်ကြာ အခြေစိုက်ခဲ့ကြဟန်တူသည်။ မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိ ပြီးနောက် တောင်တန်းများတလျှောက် တောင်ဘက် ဆွမ်ပရာဘွမ်သို့ ၊ ဆွမ်ပရာဘွမ်မှသည် တောင်ဘက် တောင်ရိုးအတိုင်း၎င်း ၊ အနောက်တောင်ဘက် ဒရုချက်သို့၎င်း ၊ ထပ်မံခွဲသွားသည့် လမ်းတစ်သွယ် ၊ တြိဂံနယ် အတွင်းရှိ တောင်တန်းအတိုင်း ဆက်လာ၍ မေခမြစ်ရိုးတစ်လျှောက် တောင်ဘက်သို့ ဆင်းလာသည့် လမ်းတစ်သွယ် ဤသို့ လမ်းနှစ်သွယ် ကွဲပြားကာ ရွှေ့ပြောင်း ပျံ့နှံ့ခဲ့ကြသည်ဟု ယူဆကြလေသည်။

အမည်

ကချင်ဟူသော ဝေါဟာရမှာ အမှန်စင်စစ် မြန်မာတို့ခေါ်သော ဝေါဟာရသာ ဖြစ်သည်။ ကချင်လူမျိုးတို့၏ ဝေါဟာရ မဟုတ်ချေ။ ကချင်လူမျိုးများသည် မိမိတို့ကိုယ် မိမိ “ ဂျင်းဖောလူမျိုး ” ဟုသာ ခေါ်ဝေါ်ကြသည်။ လူတစ်ယောက် ဟု အဓိပ္ပါယ် ရှိသည်။ တရုတ်တို့ကမူ ကချင်တို့ကို “ ယေဂျင် ” ဟု ခေါ်ကြသည်။ အဓိပ္ပါယ်မှာ “ လူရိုင်း ” ဟု ရရှိသည်။ ယဉ်ကျေးသော နောက်ထပ် တရုတ်တို့၏ အခေါ်အဝေါ်တစ်ခုမှာ “ ရှန်ထို ” ဟု ဖြစ်သည်။ တောင်ထိပ်သား ဟု အဓိပ္ပါယ်ရသည်။ အလွန်ရှေးကျသော မြန်မာ ကျောက်စာများတွင် ကချင် ဆိုသောစကား သုံးနှုန်းထားသည်ကို မတွေ့ရပေ။ သက္ကရာဇ် (၈၀၄) ခုတွင် ရေးထိုးသော ညောင်ဦး ရွှေစည်းခုံ ဥညံန၀ ကျောက်စာတွင် “ကခြင်” ဟု ရေးထိုးထားသည်ကို ပထမဦးဆုံး တွေ့ရှိရသည်။

ကချင် အုပ်စုကွဲများ

ဂျင်းဖောဆိုသော စကားမှာ ယေဘုယျအားဖြင့် ကချင်များကို ခေါ်ဝေါ်သော်လည်း ဒေသအလိုက်ဆိုလျှင် တောင်ဘက် အောက်ဘက်တွင် နေထိုင်ကြသော ကချင်များကို ဂျင်းဖောဟု ခေါ်၍ အထက်ဘက် (မြစ်ဖျားဘက်) တွင် နေထိုင်သော ကချင်များကို “ ခခု ” ဟု ခေါ်ကြသည်။ ခခု ဟူသော ကချင်စကားမှာ မြစ်ဖျားဟု အဓိပ္ပါယ် ရလေသည်။ ကချင်လူမျိုးတို့၏ အစဉ်အလာအားဖြင့် သူတို့သည် “ ၀ချက်ဝ ” ဆိုသော ရှေးဦး ဖခင်ကြီးမှ ဆင်းသက် ပေါက်ဖွားလာကြသည်ဟု ယုံကြည်ကြသည်။ ဖခင်ကြီး ၀ချက်ဝမှာ သားငါးဦး ရှိရာ ထိုသားငါးဦးမှ ကြီးစဉ်ငယ်လိုက် ထင်ရှားသော လူမျိုး အုပ်စုကြီး (၅) ခု ဖြစ်ပေါ်လာသည်ဟု အဆို ရှိသည်။ 
ထိုသူတို့မှာ မရစ် လထော လဖိုင် အင်ခုမ် နှင့် မရမ် တို့ ဖြစ်ကြသည်။ အစ်ကို အကြီးဆုံးမှ ပေါက်ဖွား ဆင်းသက်လာကြသော မရစ်အုပ်စုမှာ ၄င်းတို့ လူမျိုးစုထဲတွင် ၀ါအရင့်ဆုံး ဖြစ်၍ လဖိုင်အုပ်စုမှာ အင်အား အကြီးဆုံး ဖြစ်သည်။ ဤလူမျိုးအုပ်စု (၅) စုတို့သည် ရှေးယခင်အခါက လူမျိုးချင်း ရောယှက်ကာ အတူတကွ နေထိုင်လေ့ ရှိခဲ့ကြသည်။ အဆိုပါ အုပ်စုကြီး (၅) ခုအပြင် ဖခင်ကြီး ၀ချက်ဝ၏ ညီငယ်(၇) ဦးမှ ဆင်းသက် ပေါက်ဖွားလာကြသည်ဆိုသော အခြား လူမျိုးအုပ်စု (၁၅) လည်း ရှိသေးသော်လည်း ထင်ရှားခြင်း မရှိကြချေ။

ဓလေ့ထုံးစံများ

ကချင်လူမျိုးတို့သည် အစဉ်အလာအားဖြင့် နတ်ကိုးကွယ်သော လူမျိုးများ ဖြစ်ကြသည်။ ကျေးရွာများတွင် ဒုမ်ခဆိုသော နတ်ဆရာမှာ အထူးအရေးပါ အရာရောက်သော ပုဂ္ဂိုလ်ဖြစ်သည်။ မင်္ဂလာဆောင်သော အခါတွင်၎င်း ၊ တစ်စုံတစ်ယောက် သေဆုံး၍ သဂြိုံဟ်မည့်အခါတွင်၎င်း ဒုမ်ခ နတ်ဆရာက ညွှန်ပြ ရှေ့ဆောင်ရသည်။ ကျေးရွာတိုင်း ကျေးရွာတိုင်းတွင် ဆလိုင်း ဟုခေါ်သော ကျေးရွာလူကြီးများ ရှိသည်။ ဆလိုင်းကို ပေါမှိုင်းဟု အခေါ်များသည်။ ထိုသူတို့သည် မိမိကျေးရွာအတွင်း အမှုအခင်း ၊ သာရေးနာရေး ကိစ္စများ၌ ဦးဆောင်ကြလေသည်။ ဒူးဝါးဟုခေါ်သော အကြီးအကဲများမှာ ကျေးရွာပေါင်း (၂၀) မှ (၁၀၀) အထိ အသီးသီး အုပ်ချုပ်ကြသည်။ ကိုလိုနီခေတ်တွင် တောင်အုပ် ဆိုသူများကိုလည်း ခန့်ထားလေသည်။ တောင်အုပ်မှာ ဆလိုင်း နှင့် ဒူးဝါးတို့ ကြားတွင် ရှိလေသည်။ တောင်အုပ်၏ တာဝန်ဝတ္တရားမှာ အုပ်ချုပ်မှုတွင် ပြေပြစ်လွယ်ကူစေရန် ကျေးရွာလူထုနှင့် ဒူးဝါးတို့ကို ဆက်သွယ်ပေးရသူ ဖြစ်သည်။ ကချင်လူမျိုးတို့တွင် မူရင်းစာပေ မရှိကြချေ။ ခရစ်ယာန် သာသနာပြု ပုဂ္ဂိုလ်များက ရောမအက္ခရာများဖြင့် ကချင်စာကို တီထွင်ပေးခဲ့ကြသည်။ ကချင်လူမျိုးတို့သည် မိမိတို့ ဘာသာစကားဖြင့် ပြော၍ မဖြစ်သောအခေါ်အဝေါ်များကို မြန်မာစကားဖြင့်၎င်း ၊ ရှမ်းစကားဖြင့်၎င်း ခေါ်ဝေါ်ကြသည်။

အဆိုအကနှင့် တူရိယာများ

ကချင်လူမျိုးများသည် ကခုတ်ခြင်း ၊ သီဆိုခြင်းများတွင် အထူး ၀ါသနာထုံသော လူမျိုးများ ဖြစ်ကြသည်။ မင်္ဂလာ ပွဲများတွင်၎င်း ၊ အသုဘကြုံသည့် အခါတွင်၎င်း ၊ အခြားနတ်ပွဲများတွင်၎င်း အစုလိုက် အပြုံလိုက် သီဆိုကခုန်လေ့ ရှိကြသည်။ တစ်ယောက်တည်း ကခုန်ခြင်းကား နည်းပါးလှသည်။ ယောက်ျားနှင့် မိန်းမ တွဲဖက်၍ ကကြသော်လည်း တစ်ဦးကိုတစ်ဦး ကိုင်တွယ်ခြင်း မရှိကြချေ။ တစ်ဦးကိုတစ်ဦး သားမွေး ယပ်တောင်များဖြင့်သာ ဆက်သွယ်လေ့ ရှိကြသည်။ ကချင်ပြည်နယ်တွင် ထင်ရှားကျော်ကြားလှသော ပွဲတော်ကြီး တစ်ခုမှာ “ မနောပွဲ” ခေါ် နတ်ပူဇော်ပွဲကြီးပင် ဖြစ်သည်။ ကချင်လူမျိုးတို့သည် မိရိုးဖလာအားဖြင့် မောင်း ၊ လင်းကွင်း ၊ ဗုံရှည် နှင့် ပလွေတို့ကို တီးမှုတ်လေ့ရှိသည်။

မနောပွဲ

မနောပွဲတော်ကို မြန်မာပြည်တွင် မှီတင်းနေထိုင်သည့် လူမျိုးများစွာမှ လူမျိုးတစ်မျိုးဖြစ်သာ ကချင်လူမျိုးများ နှင့် ယှဉ်တွဲသိရှိကြသည်။ အဆိုပါ ပွဲတော်ကျင်းထင်ရှားသော ပွဲတော်တစ်ခုဖြစ်သည်။ ပွဲတော်ကို ဇန်န၀ါရီလ တွင် ကျင်းပလေ့ရှိသည်။ ပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက် (၃) ခုရှိသည်။ နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ကျင်းပခြင်း၊ တိုက်ပွဲများကိုအောင်နိုင်ခြင်းနှင့် လူမျိုးစုပြန်လည် စည်းလုံးညီညွတ်ရေးအတွက် ကျင်းပခြင်းဟူ၍ ဖြစ်သည်။ မနောပွဲတော်ကို ကျယ်ဝန်းသော ကွင်းပြင်အလယ်တွင် မနောတိုင်ထောင်ထား၍ကျင်းပသည်။ အဆိုပါ မနောတိုင်ထောင်ထားရာကွင်းလယ်သို့ ရိုးရာဝတ်စုံများဝတ်ဆင်ထားသော ကချင်အမျိုးသား အမျိုးသမီး တို့သည် မတ်တပ်ရပ်၍ လှည့်ပတ်ကခုန်ကြသည့် ပျော်ရွှင်ဖွယ်ရာ ပွဲတော်တစ်ခုဖြစ်ပေသည်။

ဘာသာ

ကချင်မျိုးနွယ်စုအသီးသီးတွင် ယခင်က(လွန်ခဲ့သော နှစ် ၁၀၀ကျော်) ဘာသာစကားတို့သာရှိခဲ့ပြီး စာပေမှာမူမရှိခဲ့ပေ။ ကိုးကွယ်မှုဆိုင်ရာ အနေဖြင့် ခရစ်ယာန်သာဿနာပြုများမရောက်မှီအချိန်အထိ နတ်ကိုးခြင်းသည်သာ အဓိက ကိုးကွယ်မှုဖြစ်ခဲ့ကြသည်။ထို့ကြောင့် ခရစ်ယာန်ဘာသာဝင်များ ဖြစ်လာကြ သည့်တိုင် မနောတိုင် မှာထင်ရှားသည့်ရိုးရာအမှတ်အသားအဖြစ်ကျန်ရှိနေဆဲဖြစ်သည်။

အယူဝါဒ

ကချင်လူမျိုးများ သေလျှင် သူတို့ သချိုံင်း ပတ်ပတ်လည်တွင် ကျုံးသဖွယ် မြောင်းများ တူးထားပြီးလျှင် သချိုံင်းပေါ်တွင် ခိုင်ခန့်သော တင်းကုတ်များ ဆောက်လုပ်ကာ အမိုးမိုး၍ ထားတတ်ကြသည်။ သူတို့သေပြီးနောက် ၀ိညာဉ်များမှာ ရှေးအဘိုးအဘွားများ၏ ၀ိညာဉ်များ ရှိရာသို့ သွားရောက် ပူးပေါင်းကြသည်ဟု အယူရှိကြသည်။ ကချင်တစ်ဦးသေလျှင် သူနေ့စဉ် သုံးလေ့သုံးထရှိသော ဓါး ၊ လှံ ၊ သေနတ်နှင့် အ၀တ်အစားများကို သူနှင့်အတူ မြှုပ်နှံလေ့ရှိသည်။

စာပေ

ကချင်စာပေသည်လည်း အချို့သော တိုင်းရင်းသားစာပေတို့နည်းတူပင် (ဥပမာ ချင်းစာပေ) သာသနာပြု ရောက်ရှိလာသော ဆရာကြီးများက ရိုးရာအသံထွက်စနစ်ကိုရေးသားနိုင်ရန် အင်္ဂလိပ်အက္ခရာများအသုံး ပြုပြီး တီထွင်ဖေါ်ထုတ်ပေးခဲ့ခြင်းဖြစ်သည်။ ကချင်စာပေ နှစ်ရာပြည့်ပွဲကို မကြာမြင့်မီက မန္တလေးမြို့တွင် စုရုံး၍ ကချင်ရိုးရာ မနောအက ထောင်ကာအကများပါဝင်ပြီး ကြီးကျယ်စွာကျင်းပခဲ့သည်။

မြစ်ကြီးနားမြို့တွင် ဒေါက်တာ အိုရမ်ဟန်ဆင်း အားဂုဏ်ပြုမှည့်ခေါ်ထားသော ဟန်ဆင်းပရက်စ် အမည်ဖြင့် ပုံနှိုပ်တိုက်လည်းတည်ရှိသည်။
မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။

| 0 comments | Labels: