အတိုင်းအဆမဲ့ လွမ်းရပါသော
အနှိုင်းမဲ့ အမေ.....
အထာလေးတွေနဲ့ စာရေးကာ
သားအမေ့ဆီသို့ သတိရစွာဖြင့်..
ပေးပို့လိုက်ပါတယ် အမေ.......
သားလေ မကြာသေးမှီအချိန်ကဘဲ
လိုတာလေးတွေ မရသေးလို့
မလေးရှားမှာ သား
အိုဗာစတေးလိုက်တယ်.....အမေ
ဒါမှလည်း သားအတွက်
အတိုအထွာလေးတွေ ဆွဲပြီး
ပိုတာလေးတွေ ထုခွဲရောင်းချ
အခြေမလှတဲ့ ဘ၀ကို
ဆွဲတင်ပေးခဲ့တဲ့ အမေ့ဆီသို့
လုံလောက်ငှစွာ ပေးပို့နိုင်မှာမိုလို့ပါ... အမေ
တစ်ခါတစ်လေကျတော့
ငွေမက်တဲ့လူတွေရဲ့ နောက်မှာ
သားလို အနှိမ်ခံလူတစ်ယောက် အနေနဲ့
အမေရှိတဲ့ အိမ်ကိုပဲ ပြန်လာချင်မိတယ်....အမေ
ခွဲခြားတဲ့ လူတန်းစားတွေကြားမှာ
ဆွဲစားတဲ့ ပွဲစားတွေကလည်း ပေါလိုက်တာ....အမေရယ်
ဒီကြားထဲ ရေတွက်ထားတဲ့ ငွေလေးတွေစုပြီး
မမျှော်လင့်ဘဲ ရဲကားနဲ့ တွေ့လို့ကတော့
ကျွန်တော်ဖြင့် လွဲမှားတဲ့ ညတစ်ခုလိုဘဲ..အမေ
ပါတာလေးတွေ ပေးပြီ အသာအယာလေး
ပြန်ခဲ့ရတယ်....အမေ
ဒါဟာ ကိုယ့်တိုင်းပြည်မှ မဟုတ်တာ....
အရိပ်မတူတဲ့ တစ်နေရာမှာ ရောက်နေပေမဲ့
အမေ သားအတွက် ဘာမှစိတ်မပူပါနဲ့ .....အမေ
အနေဝေးနေပေမဲ့
အမေ မွေးလိုက်တဲ့သားရဲ့ ကိုယ်ထဲမှာ
အမေပေးလိုက်တဲ့ သတ္တိသွေးတွေ လည်ပတ်နေတယ် အမေ
အထာအပိုတွေ မမြင်နိုင်ဘဲ
မနာလိုသူတွေ အထက်မှာ
သား ဘာမဆို ရင်ဆိုင်ပြီး အမေရှိမဲ့
အညာမြေကိုပဲ ပြန်ခဲ့တော့မယ်....အမေ
စာလည်းရှည်နေပြီမိုလို့..
ဒါဘဲနော်အမေ........
အနာဂတ်လမ်းမှာ အမေစိတ်ချမ်းသာဖို့
ငွေအိတ်ထမ်း ပြန်မလာနိုင်သေးတဲ့
အမေ့ရဲ့ အဝေးရောက်သား.....
အနှိုင်းမဲ့ အမေ.....
အထာလေးတွေနဲ့ စာရေးကာ
သားအမေ့ဆီသို့ သတိရစွာဖြင့်..
ပေးပို့လိုက်ပါတယ် အမေ.......
သားလေ မကြာသေးမှီအချိန်ကဘဲ
လိုတာလေးတွေ မရသေးလို့
မလေးရှားမှာ သား
အိုဗာစတေးလိုက်တယ်.....အမေ
ဒါမှလည်း သားအတွက်
အတိုအထွာလေးတွေ ဆွဲပြီး
ပိုတာလေးတွေ ထုခွဲရောင်းချ
အခြေမလှတဲ့ ဘ၀ကို
ဆွဲတင်ပေးခဲ့တဲ့ အမေ့ဆီသို့
လုံလောက်ငှစွာ ပေးပို့နိုင်မှာမိုလို့ပါ... အမေ
တစ်ခါတစ်လေကျတော့
ငွေမက်တဲ့လူတွေရဲ့ နောက်မှာ
သားလို အနှိမ်ခံလူတစ်ယောက် အေ
အမေရှိတဲ့ အိမ်ကိုပဲ ပြန်လာ
ခွဲခြားတဲ့ လူတန်းစားတွေကြားမှာ
ဆွဲစားတဲ့ ပွဲစားတွေကလည်း ပေါလို
ဒီကြားထဲ ရေတွက်ထားတဲ့ ငွေလေးတွေစု
မမျှော်လင့်ဘဲ ရဲကားနဲ့ တွေ့လို့
ကျွန်တော်ဖြင့် လွဲမှားတဲ့ ညတစ်ခု
ပါတာလေးတွေ ပေးပြီ အသာအယာလေး
ပြန်ခဲ့ရတယ်....အမေ
ဒါဟာ ကိုယ့်တိုင်းပြည်မှ မဟုတ်တာ....
အရိပ်မတူတဲ့ တစ်နေရာမှာ ရောက်နေေ
အမေ သားအတွက် ဘာမှစိတ်မပူပါနဲ့ .....အမေ
အနေဝေးနေပေမဲ့
အမေ မွေးလိုက်တဲ့သားရဲ့ ကိုယ်ထဲ
အမေပေးလိုက်တဲ့ သတ္တိသွေးတွေ လည်ပတ်ေ
အထာအပိုတွေ မမြင်နိုင်ဘဲ
မနာလိုသူတွေ အထက်မှာ
သား ဘာမဆို ရင်ဆိုင်ပြီး အမေရှိမဲ့
အညာမြေကိုပဲ ပြန်ခဲ့တော့မယ်....အမေ
စာလည်းရှည်နေပြီမိုလို့..
ဒါဘဲနော်အမေ........
အနာဂတ်လမ်းမှာ အမေစိတ်ချမ်းသာ
ငွေအိတ်ထမ်း ပြန်မလာနိုင်သေးတဲ့
အမေ့ရဲ့ အဝေးရောက်သား.....
0 comments: