တပါးသောအခါ၌ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဗာရာဏသီအနီး၌ ရှေးခါခေတ်ဟောင်း ရသေ့သူမြတ် အပေါင်းတို့၏ သက်ဆင်းရာ သား သမင် အပေါင်းတို့ကို ဘေးမဲ့ပေး၍ မွေးရာဖြစ်သော မိဂဒါဝုန် တောကြီး၌ အရှင်ကောဏ္ဍည အမှူးငါးဦး အစုအဝေးရှိကုန်သော ရဟန်းတို့ကို ခေါ်တော်မူ၍ သာသနာတော်ထမ်း ရဟန်းဖြစ်သော ပုဂ္ဂိုလ်သည် နှစ်ပါးသော အယုတ်တရား တို့ကို မမှီဝဲအပ်ကြောင်းနှင့် အယုတ်တရားနှစ်ပါး၊ မဂ္ဂင်(၈)ပါးတရားတို့အား ဟောကြားလေသည်။
ထိုသို့ခေါ်တော်မူးပြီးနောက်.....ချစ်သားရဟန်းတို့....
(၁) ယုတ်မာသော ရွာသူရွာသား မြို့သူမြို့သားတို့၏ လက်ကိုင်ဖြစ်သော ပုထုဇဉ် သတ္တ၀ါတို့၏ အလေ့ အမူအရာ ဖြစ်သော အရိယာ ပုဂ္ဂိုလ်တို့နှင့်မဆိုင်သော အကျိုးတစုံတရာနှင့်မျှ မစပ်ယှဉ်သော လောကီအာရုံ ကာမဂုဏ်တို့၌ ကာမချမ်းသာကို သာယာတုံငြား လိုက်စား အားထုတ်မှု ဟု ဆိုအပ်သော အကြင်အစွန်း သမုတ် အယုတ်တရားမျိုး သည်လည်း ရှိလေ၏။
(၂) ကိုယ်ချမ်းသာမဖက် ဆင်းရဲမှုသက်သက်မျှသာ ဖြစ်သော အရိယာ ပုဂ္ဂိုလ်တို့နှင့်မဆိုင်သော အကျိုးတစုံ တရာနှင့် မစပ်ယှဉ်သော ရေချိုးမီးလှုံ ဆူးပုံ၌အိပ်ခြင်း အစရှိသည့် မိမိကိုယ်ပင်ပန်းအောင်သာ လွန်စွားကြိုးပမ်းလေ့ရှိသော အကြင်အစွန်းသမုတ် အယုတ်တရားမျိုးသည်လည်း ရှိလေ၏။
ချစ်သားရဟန်းတို့ ........စင်စစ် နှစ်ပါးကုန်သော ထို အစွန်းသမုတ် အယုတ်တရားတို့ကို မကပ်မရောက်မူ၍ ငါဘုရားသည် အကြင်အလယ်လမ်းဟု ဆိုအပ်သော အကျင့်မြတ်ကို သဗ္ဗညုတဥာဏ်တော်အလင်းဖြင့် ထိုးထွင်း၍ သိတော်မူအပ်လေပြီ ဟု အစချီကာ ဓမ္မစင်္ကြာတရားတော်အား ဟောကြားခဲ့လေသည်။
မဂ္ဂင်(၈)ပါးတရားတို့မှာ-
သမ္မာ ဒိဋ္ဌိ ....................... ကောင်းစွာယုံကြည်ခြင်း၊ ကောင်းသောအယူကို ယူခြင်း
သမ္မာ သင်္ကပ္ပေါ ...............ကောင်းစွာကြံစည်ခြင်း၊ ကောင်းသောအကြံကို ကြံစည်ခြင်း
သမ္မာ ၀ါစာ......................ကောင်းစွာပြောဆိုခြင်း၊ ကောင်းသောစကားကို ပြောဆိုခြင်း
သမ္မာ ကမ္မန္တော ...............ကောင်းစွာပြုမူခြင်း၊ ကောင်းသော အမှုကို ပြုလုပ်ခြင်း
သမ္မာ အာဇီဝေါ...............ကောင်းစွာအသက်မွေးခြင်း၊ ကောင်းသော အလုပ်ဖြင့် အသက်မွေးခြင်း
သမ္မာ ၀ါယါမော..............ကောင်းစွာအားထုတ်ခြင်း၊ ကောင်းသောလုံးလ ၀ီရိယရှိခြင်း

သမ္မာ သတိ ...................ကောင်းစွာသိရှိခြင်း၊ ကောင်းသော သတိရှိခြင်း
သမ္မာ သမာဓိ ..................ကောင်းစွာတည်ကြည်ခြင်း၊ မှန်ကန်တည်ကြည် ဖြောင့်မှန်ခြင်း တို့ဖြစ်ပါသည်။
မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့သော မဂ္ဂင်(၈)ပါးတရားတော်တို့အား ကြည်ညိုနိုင်ရန် မြန်မာမှုပြု၍ ပြန်လည် ပူဇော်ဖော်ပြ အပ်ပါသည်-
၁။ သမ္မာ ဒိဋ္ဌိ......ကောင်းစွာယူခြင်း၊ ကောင်းသောအယူ
(က) အလုပ်နှင့် အလုပ်၏အကျိုးပေးကို လက်ခံယုံကြည်ရန်။
(ခ) မနာလို၊ မကျေနပ်မဖြစ်ရန်၊ မုဒိတာပွားရန်။
(ဂ) ၀န်တို၊ ကပ်စေးနဲမလုပ်ရန်၊ ၀န်မတို၊ စေတနာထားရန်။
(ဃ) ဆိုဆုံးမ ခက်ခြင်းမလုပ်ရန်၊ ဆိုဆုံးမ လွယ်ခြင်းလုပ်ရန်။
(င) အယူသည်းခြင်း မလုပ်ရန်၊ အယူမသည်း အမှန်ကိုလက်ခံရန်၊ ဒုက္ခ၊ သမုဒယ၊ နိရောဓ။ မဂ္ဂသစ္စာ တရာများကို သိမြင်အောင် လုပ်ရန်။
၂။ သမ္မာ သင်္ကပ္ပ.........မှန်စွာကြံခြင်း၊ မှန်သောအကြံ
(က)သူပျက်ရန်ကြံ၊ ကိုယ်ပျက်ရန်ကြံ မလုပ်ရန်၊ သူကောင်းရန်ကြံ၊ ကိုယ်ကောင်းရန်ကြံရန်။
(ခ) ဒေါသထွက်ခြင်း မလုပ်ရန်၊ သနားခြင်းလုပ်ရန်။
(ဂ) ရန်ငြိုးဖွဲ့ခြင်းမလုပ်ရန် (ခွင့်လွှတ်)မေတ္တာထားခြင်းလုပ်ရန်။
(ဃ) သူကျေးဇူးကို ချေဖျက်ခြင်း မလုပ်ရန်၊ ကိုယ့်ကျေးဇူးကို ချေဖျက်ခြင်း လုပ်ရန်။
၃။ သမ္မာ ၀ါစာ.......မှန်စွာပြောခြင်း၊ မှန်သောစကား
(က) ဆဲဆို မပြောရန်၊ သာသာ လေးပြော၊ ကောင်းကောင်း ပြောရန်။
(ခ) ကုန်းတိုက် မပြောရန်၊ ချီးမွမ်း ပြောရန်။
(ဂ) အနှစ်မဲ့စကား မပြောရန်၊ အနှစ်ရှိ စကားပြောရန်။
(ဃ) လိမ်လည် မပြောရန်၊ အမှန် ပြောရန်။
(င) မိမိအပြစ်ကို ဖုံးကွယ်လှည့်ပတ် မပြောရန်၊ သူ့အပြစ်ကို တတ်နိုင်သရွေ့ ဖုံးကွယ်ပေးပြီး ပြောရန်။
၎။ သမ္မာ ကမ္မန္တ...............မှန်စွာပြုခြင်း၊ မှန်ကန်သောအလုပ်
(က) ညှင်းဆဲခြင်း မပြုရန်၊ ကြင်နာခြင်း၊ ယုယခြင်း ပြုရန်။
(ခ) သတ်ခြင်း မပြုရန်၊ ကယ်တင် ခြင်းပြုရန်။
(ဂ) မေထုန်မှုပြုခြင်း (မူးယစ်သာယာခြင်း) မပြုရန်၊ ချမ်းသာမှုပြုခြင်း (မမူးမရစ်သာယာခြင်း)ပြုရန်။
(ဃ) ဂုဏ်ကြီးသူနှင့် ဖက်ပြိုင် (အရိုအသေမပြု) ခြင်းမပြုရန်၊ ဂုဏ်ကြီးသူနှင့် မဖက်ပြိုင် (အရိုအသေပြု) ခြင်းပြုရန်။
(င) သူတစ်ပါးကို အထင်သေးခြင်း၊ နှိမ့်ချခြင်း မပြုရန်၊ သူတစ်ပါးကို ဂုဏ်ဖော်ပေးခြင်း ပြုရန်။
(စ) မိတ်ဆွေတုနှင့် ပေါင်းသင်းခြင်း မပြုရန်၊ မိတ်ဆွေစစ်နှင့် ပေါင်းသင်းခြင်း ပြုရန်။
၅။ သမ္မာ အာဇီဝ..........မှန်စွာအသက်မွေးခြင်း၊ ကောင်းသော အသက်မွေးခြင်း
(က) ခိုးယူခြင်း မပြုရန်၊ ပေးကမ်းခြင်း ပြုရန်။
(ခ) သူ့ဥစ္စာကို ရရန်ကြံခြင်း မလုပ်ရန်၊ ကိုယ့်ဥစ္စာကို ရရန်ကြံရန်။
(ဂ) မှားစွာအလုပ်လုပ် (စီးပွားရှာ)ခြင်း မလုပ်ရန်၊ အသက်မွေးဝမ်းကြောင်း ပညာတစ်ခုခု၌ ကျွမ်းကျင်ခြင်း ပြုရန်။
(ဃ) အလုပ်တာဝန် မကျေခြင်းကို မလုပ်ရန်၊ အလုပ်တာဝန် ကျေခြင်းကို လုပ်ရန်။
၆။ သမ္မာ ၀ါယာမ....... မှန်စွာအားထုတ်ခြင်း၊ ကောင်းစွာ အားထုတ်ခြင်း
(က) အကြားအမြင်နည်းအောင် အားမထုတ်ရန်၊ အကြားအမြင်များအောင် အားထုတ်ရန်။
(ခ) ၀ိပဿနာပညာမဲ့ (အကျိုးအကြောင်းမသိ) အောင် အားမထုတ်ရန်၊ ၀ိပဿနာပညာရှိ (အကျိုးအကြောင်းသိ) အောင် အားထုတ်ရန်။
(ဂ) ကုသိုလ်ပြု၍ရသည်ကို မပြုအောင် အားမထုတ်ရန်၊ အကုသိုလ်ပြု၍ ရသည်ကို မပြုအောင် အားထုတ်ရန်။
(ဃ) ဘ၀တာဝန် မကျေခြင်းကို မလုပ်ရန်၊ ဘ၀တာဝန် ကျေခြင်းကို လုပ်ရန်။
၇။သမ္မာ သတိ............. မှန်စွာ သတိရှိခြင်း၊ ကောင်းသော သတိရှိခြင်း
(က) ပျင်းရိခြင်း မလုပ်ရန်၊ တက်တက်ကြွကြွ နေရန်။
(ခ) စိတ်ပျံ့လွင့် သတိနည်းပြီး ထိုင်းမှိုင်းခြင်း မလုပ်ရန်၊ စိတ်ကိုစုစည်း သတိကြီးကြီး လန်းဆန်းအောင် လုပ်ရန်။
(ဂ) သတိမေ့လွယ်ခြင်း မလုပ်ရန်၊ ရုပ်၊ စိတ်၊ ဝေဒနာ ၊သဘောတရား လေးမျိုးကို သတိရှိနေအောင် လုပ်ရန်။
(ဃ) မှားစွာသိခြင်း (အသိမှားခြင်း) မလုပ်ရန်၊ အဖြစ်မှန်သိအောင် လုပ်ရန်။
(င) မှားစွာ စားခြင်း မလုပ်ရန်၊ မှန်စွာစားခြင်းပြုရန်။
(စ) မှားစွာအိပ်ခြင်း မပြုရန်၊ မှန်စွာအိပ်ခြင်း ပြုရန်။
၈။သမ္မာ သမာဓိ............. မှန်စွာစိတ်တည်ခြင်း၊ ကောင်းစွာစိတ်တည်ကြည်ခြင်း
(က) ဟန်ဆောင်ပလွှား(အလွန်အထင်ကြီး) ခြင်း မပြုရန်၊ အရှိအတိုင်း ရိုးရိုးသားသား (နှိမ့်ချပုံမှန်)နေရန်။
(ခ) တင်းကြပ်လွန်းခြင်း မလုပ်ရန်၊ တင်းသင့်သည်ကိုသာ တင်းခြင်းလုပ်ရန်။
(ဂ) လျော့လွန်းခြင်း မလုပ်ရန်၊ လျော့သင့်သည်ကိုသာ လျော့ခြင်းလုပ်ရန်။
(ဃ) ကြံစည်ခြင်း၊ သုံးသပ် ဆင်ခြင်ခြင်းမရှိ မပြုရန်၊ ကြံစည်ခြင်း၊ သုံးသပ်ဆင်ခြင်ခြင်း ရှိအောင် ပြုရန်။
(ခ) မနာလို၊ မကျေနပ်မဖြစ်ရန်၊ မုဒိတာပွားရန်။
(ဂ) ၀န်တို၊ ကပ်စေးနဲမလုပ်ရန်၊ ၀န်မတို၊ စေတနာထားရန်။
(ဃ) ဆိုဆုံးမ ခက်ခြင်းမလုပ်ရန်၊ ဆိုဆုံးမ လွယ်ခြင်းလုပ်ရန်။
(င) အယူသည်းခြင်း မလုပ်ရန်၊ အယူမသည်း အမှန်ကိုလက်ခံရန်၊ ဒုက္ခ၊ သမုဒယ၊ နိရောဓ။ မဂ္ဂသစ္စာ တရာများကို သိမြင်အောင် လုပ်ရန်။
၂။ သမ္မာ သင်္ကပ္ပ.........မှန်စွာကြံခြင်း၊ မှန်သောအကြံ
(က)သူပျက်ရန်ကြံ၊ ကိုယ်ပျက်ရန်ြ
(ခ) ဒေါသထွက်ခြင်း မလုပ်ရန်၊ သနားခြင်းလုပ်ရန်။
(ဂ) ရန်ငြိုးဖွဲ့ခြင်းမလုပ်ရန် (ခွင့်လွှတ်)မေတ္တာထားခြင်းလုပ်
(ဃ) သူကျေးဇူးကို ချေဖျက်ခြင်း မလုပ်ရန်၊ ကိုယ့်ကျေးဇူးကို ချေဖျက်ခြင်း လုပ်ရန်။
၃။ သမ္မာ ၀ါစာ.......မှန်စွာပြောခြင်း၊ မှန်သောစကား
(က) ဆဲဆို မပြောရန်၊ သာသာ လေးပြော၊ ကောင်းကောင်း ပြောရန်။
(ခ) ကုန်းတိုက် မပြောရန်၊ ချီးမွမ်း ပြောရန်။
(ဂ) အနှစ်မဲ့စကား မပြောရန်၊ အနှစ်ရှိ စကားပြောရန်။
(ဃ) လိမ်လည် မပြောရန်၊ အမှန် ပြောရန်။
(င) မိမိအပြစ်ကို ဖုံးကွယ်လှည့်ပတ် မပြောရန်၊ သူ့အပြစ်ကို တတ်နိုင်သရွေ့ ဖုံးကွယ်ပေးပြီး ပြောရန်။
၎။ သမ္မာ ကမ္မန္တ...............မှန်စွာပြုခြင်း၊ မှန်ကန်သောအလုပ်
(က) ညှင်းဆဲခြင်း မပြုရန်၊ ကြင်နာခြင်း၊ ယုယခြင်း ပြုရန်။
(ခ) သတ်ခြင်း မပြုရန်၊ ကယ်တင် ခြင်းပြုရန်။
(ဂ) မေထုန်မှုပြုခြင်း (မူးယစ်သာယြာ
(ဃ) ဂုဏ်ကြီးသူနှင့် ဖက်ပြိုင် (အရိုအသေမပြု) ခြင်းမပြုရန်၊ ဂုဏ်ကြီးသူနှင့် မဖက်ပြိုင် (အရိုအသေပြု) ခြင်းပြုရန်။
(င) သူတစ်ပါးကို အထင်သေးခြင်း၊ နှိမ့်ချခြင်း မပြုရန်၊ သူတစ်ပါးကို ဂုဏ်ဖော်ပေးခြင်း ပြုရန်။
(စ) မိတ်ဆွေတုနှင့် ပေါင်းသင်းခြင်း မပြုရန်၊ မိတ်ဆွေစစ်နှင့် ပေါင်းသင်းခြင်း ပြုရန်။
၅။ သမ္မာ အာဇီဝ..........မှန်စွာအသက်မွေးခြင်း၊ ကောင်းသော အသက်မွေးခြင်း
(က) ခိုးယူခြင်း မပြုရန်၊ ပေးကမ်းခြင်း ပြုရန်။
(ခ) သူ့ဥစ္စာကို ရရန်ကြံခြင်း မလုပ်ရန်၊ ကိုယ့်ဥစ္စာကို ရရန်ကြံရန်။
(ဂ) မှားစွာအလုပ်လုပ် (စီးပွားရှာ)ခြင်း မလုပ်ရန်၊ အသက်မွေးဝမ်းကြောင်း ပညာတစ်ခုခု၌ ကျွမ်းကျင်ခြင်း ပြုရန်။
(ဃ) အလုပ်တာဝန် မကျေခြင်းကို မလုပ်ရန်၊ အလုပ်တာဝန် ကျေခြင်းကို လုပ်ရန်။
၆။ သမ္မာ ၀ါယာမ....... မှန်စွာအားထုတ်ခြင်း၊ ကောင်းစွာ အားထုတ်ခြင်း
(က) အကြားအမြင်နည်းအောင် အားမထုတ်ရန်၊ အကြားအမြင်များအောင် အားထုတ်ရန်။
(ခ) ၀ိပဿနာပညာမဲ့ (အကျိုးအကြောင်းမသိ) အောင် အားမထုတ်ရန်၊ ၀ိပဿနာပညာရှိ (အကျိုးအကြောင်းသိ) အောင် အားထုတ်ရန်။
(ဂ) ကုသိုလ်ပြု၍ရသည်ကို မပြုအောင် အားမထုတ်ရန်၊ အကုသိုလ်ပြု၍ ရသည်ကို မပြုအောင် အားထုတ်ရန်။
(ဃ) ဘ၀တာဝန် မကျေခြင်းကို မလုပ်ရန်၊ ဘ၀တာဝန် ကျေခြင်းကို လုပ်ရန်။
၇။သမ္မာ သတိ............. မှန်စွာ သတိရှိခြင်း၊ ကောင်းသော သတိရှိခြင်း
(က) ပျင်းရိခြင်း မလုပ်ရန်၊ တက်တက်ကြွကြွ နေရန်။
(ခ) စိတ်ပျံ့လွင့် သတိနည်းပြီး ထိုင်းမှိုင်းခြင်း မလုပ်ရန်၊ စိတ်ကိုစုစည်း သတိကြီးကြီး လန်းဆန်းအောင် လုပ်ရန်။
(ဂ) သတိမေ့လွယ်ခြင်း မလုပ်ရန်၊ ရုပ်၊ စိတ်၊ ဝေဒနာ ၊သဘောတရား လေးမျိုးကို သတိရှိနေအောင် လုပ်ရန်။
(ဃ) မှားစွာသိခြင်း (အသိမှားခြင်း) မလုပ်ရန်၊ အဖြစ်မှန်သိအောင် လုပ်ရန်။
(င) မှားစွာ စားခြင်း မလုပ်ရန်၊ မှန်စွာစားခြင်းပြုရန်။
(စ) မှားစွာအိပ်ခြင်း မပြုရန်၊ မှန်စွာအိပ်ခြင်း ပြုရန်။
၈။သမ္မာ သမာဓိ............. မှန်စွာစိတ်တည်ခြင်း၊ ကောင်းစွာစိတ်တည်ကြည်ခြင်း
(က) ဟန်ဆောင်ပလွှား(အလွန်အထင်ကြီး) ခြင်း မပြုရန်၊ အရှိအတိုင်း ရိုးရိုးသားသား (နှိမ့်ချပုံမှန်)နေရန်။
(ခ) တင်းကြပ်လွန်းခြင်း မလုပ်ရန်၊ တင်းသင့်သည်ကိုသာ တင်းခြင်းလုပ်ရန်။
(ဂ) လျော့လွန်းခြင်း မလုပ်ရန်၊ လျော့သင့်သည်ကိုသာ လျော့ခြင်းလုပ်ရန်။
(ဃ) ကြံစည်ခြင်း၊ သုံးသပ် ဆင်ခြင်ခြင်းမရှိ မပြုရန်၊ ကြံစည်ခြင်း၊ သုံးသပ်ဆင်ခြင်ခြင်း ရှိအောင် ပြုရန်။
မဂ္ဂရှစ်ပါးတရားတော်ကို မိမိတို့ သိသမျှ ၊မိမိတို့ သဘောပေါက်စွမ်းနိုင်သမျှ လက်တွေ့ကျင့်သုံးနိုင်ကြပါစေ....
မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။
မ်း ပူဇော်ပါသည်)
0 comments: