လူတွေရဲ့သေဆုံးခြင်း၊ ရောဂါဘယ ဖြစ်ပွားခြင်း ဆိုသည်မှာ ကံအကြောင်း တရားကြောင့်လို့ ပြော၍ရသော်လည်း အဆိုပါ တစ်ခုတည်းသော အကြောင်းကြောင့် မဟုတ်သည်မှာ သေချာပါသည်။
ပုလိပ်ရောဂါကဲ့သို့သော ကပ်ဆိုးကြီးမျိုး၊ ဂြိုလ်သိမ်ဂြိုလ်မွှား တစ်ခုခုနဲ့ တိုက်မိတာမျိုး ကလည်း လူမျိုးစုတစ်ခုလုံးကို ပျောက်ကွယ်သွားစေနိုင်ပါသည်။ သို့တည်းမဟုတ် နည်းပညာအသစ်တစ်ခု ကြောင့်လည်း လူတွေရဲ့ ပုံစံပြောင်းလဲကောင်း ပြောင်းလဲသွား နိုင်ပါသည်။ မည်သို့ပင် ဖြစ်စေကာမူ ယနေ့ကမ္ဘာ၏ ဖွံ့ဖြိုးခြင်း ၊ ပြောင်းရွှေ့နေထိုင် ကျက်စားခြင်း
သို့ပေမယ့် အတိတ်က တိုးတက်ပုံနှင့်တော့ မတူ၊ အလွန်တရာမှ ခြားနားလှပါသည်။ ကုလသမဂ္ဂ၏ မကြာသေးမီက ထုတ်ပြန်သော အစီရင်ခံစာအရ၊ ကမ္ဘာ့လူဦးရေသည် ၂၀၂၅ ခုနှစ်တွင် (၈) ဘီလီယံ မှ ဒီရာစုနှစ်ရဲ့ အဆုံးမှာ (၁၀) ဘီလီယံ ကျော်အထိ တိုးတက်လာမည်ဟု ဖော်ပြထားပါသည်။
မကြာသေးမီအချိန်အထိ တိုးပွားလာသော လူဦးရေသည် အများအားဖြင့် လူငယ်တွေအတွင်းတွင်သာ ဖြစ်ပါသည်။ ဥပမာအားဖြင့် ၁၉၅၀ နှင့် ၁၉၉၀ ခုနှစ်များ အတွင်း အသက် ၃၀ အောက်လူငယ်များသည် တိုးပွားနေသည့် ကမ္ဘာ့လူဦးရေ၏ တစ်ဝက်ကျော်ရှိနေစဉ်၊ အသက် ၆၀ ကျော်တန်းကတော့ ၁၂ ရာခိုင်နှုန်းလောက်သာ ရှိခဲ့ပါသည် ။ ဒါပေမဲ့ အနာဂတ်မှာ အဆိုပါပုံစံသည် ဆန့်ကျင်ဘက်သို့ လုံးဝပြောင်းလဲ သွားပါလိမ့်မည်။
ကုလသမဂ္ဂ၏ လေ့လာချက်အရ နောက်လာမည့် နှစ်ပေါင်း ၄၀ ကျော်အချိန်တွင် အသက် ၆၀ ကျော်တန်းသည် ကမ္ဘာ့လူဦးရေ၏ ၅၈ ရာခိုင်နှုန်းအထိ တိုးပွားလာကာ၊ အသက် ၃၀ အောက် လူငယ်တွေသည် ၆ ရာခိုင်းနှုန်းလောက်သာ ကျန်ရှိတော့မည် ဖြစ်သည်။
၂၀၂၅ မတိုင်မီ အသက် ၅ နှစ်အောက်ကလေးဦးရေသည် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ကြောက်ခမန်းလိလိ ကျဆင်းနေသလို ကမ္ဘာနှင့်အ၀ှမ်းတွင်လည်း ကျဆင်းလျက် ရှိကြောင်း ကုလသမ္မဂက ထောက်ပြသွားပါသည်။
ဥရောပနိုင်ငံများတွင် မွေးဖွားမှုနှုန်း တဖြည်းဖြည်းကျဆင်းနေသည် ။ မြင့်မားလာသော ကျန်းမာရေး စောင့်ရှောက်မှု နည်းပညာနှင့်အတူ လူအိုများသည်လည်း တဖြည်းဖြည်း များပြားလာသည်။ နောက်လာမည့် ၃၅ နှစ်အတွင်း အသက် ၆၀ ကျော် အိုမင်းသူ များသည် အီရန် နှင့် မက္ကဆီကိုလို နိုင်ငံများတွင် ယနေ့ ပြင်သစ်ထက် ရာခိုင်နှုန်း ပိုများနေလိမ့်မည်။
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အလွန်အသက်ကြီးသူများ တိုးပွားလာခြင်းနှင့် ကလေးမွေးဖွား မှုနှုန်း ကျဆင်းလာခြင်းတို့ကြောင့် ရွှေ့ပြောင်းအခြေချခြင်းကဲ့သို့ေ
ဥပမာအားဖြင့် ၂၀၁၀ တွင် မက္ကဆီကိုရှိ အသက် ၄ နှစ်နှင့် အောက် ကလေးဦးရေသည် ၁၉၉၆ ခုနှစ်ကထက် ၄၃၄၀၀၀ လျော့နည်းသွားသည်။ ရလဒ်အနေဖြင့် မက္ကဆီကန်များ အမေရိကန်သို့ ပြောင်းရွှေ့လာမှုကို ယုတ်လျော့စေသည်။
ထို့အတူ ကလေးဦးရေကျဆင်းလာခြင်းကြောင့် လူကြီးများအတွက်ဝန်ထုပ်ဝန်ပိုး လျော့နည်းလာသည်။ မက္ကဆီကန်များ၏ စီးပွားရေးအခြေအနေမှာလည်းအရင်ကထက် ပိုမိုကောင်းမွန်လာသည်။ ထိုအခါ ရွှေ့ပြောင်းအခြေချမှုလည်း ကျဆင်းလာသည်။
သို့သော်လည်း လူအတော်များများသည် သူတို့၏နေ့စဉ်ဘ၀မှာ ကြုံတွေ့ရသော အတွေ့အကြုံများအရ တစ်နေရာတည်းတွင် လူဦးရေပြွတ်သိပ်မှုသည် ပြသနာတစ်ရပ် အဖြစ် ရှိနေဆဲဟု ကောက်ချက်ဆွဲကြသည်။ အကြောင်းကတော့ ကမ္ဘာ့လူဦးရေ၏ တစ်ဝက်ကျော်လောက်သည် မြို့ပြဧရိယာသို့ ရောက်ရှိလာနေခြင်း ကြောင့် ဖြစ်သည်။
မြို့ကြီးပြကြီးများတွင် ကလေးများကို ပြုစုပျိုးထောင်သည့်စရိတ်မှာ မြင့်မားလာခြင်း သည်လည်း ကမ္ဘာလုံးဆိုင်ရာ မွေးဖွားမှုနှုန်းကို ကျဆင်းစေသော အခြေခံအကြောင်း ဖြစ်ပေသည်။ မြို့ပြဖြစ်ထွန်းခြင်းသည်လည်း လူဦးရေတိုးပွားမှုကို လျော့နည်းစေသော လမ်းကြောင်းကို ဖော်ဆောင်လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် မြို့များတွင် နေထိုင်သော အများစုက ကလေးယူဖို့စိတ်ကူးမှုလျော့နည်းလာ
အခြားသော ဆက်စပ်လျက်ရှိသော ဖြစ်နိုင်ချေအလားအလာမှာ မိသားစုတစ်ခု၏ အရွယ်အစား တည်ဆောက်ပုံသဘော သဘာဝများ အလျင်အမြန်ပြောင်းလဲခြင်းပင် ဖြစ်သည် ။ ဂျာမဏီ ၊ ဂျပန် ၊ ရုရှား၊ တောင်ကိုးရီးယား ကဲ့သို့သော နိုင်ငံများတွင် မိသားစုတစ်ခုတွင် ကလေးတစ်ယောက်သာ ယူသောစနစ်မှာ စံတစ်ခုဖြစ်လာနေ ပေသည်။ အဆိုပါပုံစံသည် လူအဖွဲ့အစည်းအတွင်းရှိလူအများစု
ယနေ့ အမေရိကန် အပါအ၀င် အနောက်နိုင်ငံများရှိ စုံတွဲ ၅ တွဲတွင် ၁ တွဲမှာ ကလေး မယူကြတော့ပေ။ ကလေးယူကြသော စုံတွဲများတွင်သော်မှ ကလေးများသည် အရင်နှင့်မတူ ခြားနားသော အခြေအနေများအောက်တွင် ကြီးပြင်းလာရသည်။ ကွာရှင်းခြင်းနှင့် လက်မထပ်မီ ကလေးယူခြင်းတို့ကြောင့် မိဘစုံညီအောက်တွင် ကြီးပြင်းလာရသော ကလေးအရေအတွက်မှာ သိသာစွာ ကျဆင်းလာသည်။
ဟန်ချက်ညီညီ မိသားစုကမ္ဘာလေးတွင်နေထိုင်ရသော ကလေးတို့၏ အရေအတွက်မှာ သိသာစွာကျဆင်းလာသလို အဆိုပါ ပုံစံဖြင့်ကြီးပြင်းလာသောကလေး အများစုမှာ ယနေ့ကြုံတွေ့နေရသော အနုတ်လက္ခဏာဆောင်သည့် ရလာဒ်များနှင့်ဆက်နွယ်မှု ရှိနေပါသည်။ အဆိုပါ အခြေအနေများကို ၂၀၂၅ မတိုင်မီ ပြောင်းပြန်လှန်နိုင်သည့် လက္ခဏာများရှိပါမလား။ ရှိလျှင်တောင်မှ အနည်းငယ်သာ ဖြစ်ပါလိမ့်မည် ။ အဆိုပါ အခြေအနေများကို ပြောင်းလဲပစ်ရန်အတွက် ရာစုနှစ်၏ ကြီးမားသော ၀ိရာဓိကို သေချာနားလည်ဖို့လိုသည်။ နားလည်ရင်သော်မှ မွေးကာစကလေးများဖြင့် ပြည့်နှက်နေသော ဖန်တီးထားသော လူဦးရေ ပုံစံသစ်တစ်ခုဖြင့် ကျွန်တော်တို့၏ ကမ္ဘာကြီးကို နောက်နှစ်၃၀ ကျော်အတွင်း တွေ့ရပါလိမ့်မည်။
ထိုကြောင့် အသက်အရွယ်ကြီးရင့်သူများဖြင့် ပြည့်နှက်လာနေမည့် ကျွန်တော်တို့၏ ကမ္ဘာကြီးအတွက် အဆင်သင့်ဖြစ်နေဖို့ လိုပေသည်။
သုခသခင်
မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။
0 comments: