စာမေးပွဲဆိုတာ ဘာလဲ။ ကျောင်းသားတစ်ယောက်က သင်ခန်းစာတွေကို ဘယ်လောက်မှတ်မိလဲ၊ အချိန်ကာလတစ်ခုမှာ သင်ယူထားတဲ့ အသိပညာတွေကို ဘယ်လောက်အထိ လက်တွေ့ အသုံးပြုနိုင်လဲ စတဲ့ အရည်အချင်းတွေကို တိုင်းတာ စစ်ဆေးတာလို့ ယေဘုယျ ယူဆလို့ရပါတယ်။
စာမေးပွဲတွေကတဆင့် ကျောင်းသားတွေရဲ့ အဖြေဟာ မှန်သလား မှားသလား၊ ကျောင်းသားတွေရဲ့ ကျွမ်းကျင်မှုအတိုင်းအတာကရော ဘယ်လိုရှိတာလဲ ဆိုတာ သိနိုင်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဖန်တီးမှုစွမ်းရည် နဲ့ ဝေဖန်ပိုင်းခြား နိုင်စွမ်းကိုေ
ဝေဖန်ပိုင်းခြားစဉ်းစားခြင်းဆို
တကယ်တော့ ကမ္ဘာကြီးကို စိတ်ကူးတွေနဲ့ ပုံဖော်ထားတာပါ။ ဒါကြောင့် ဖန်တီးမှု စွမ်းရည်ကလည်း အရမ်းကို အရေးကြီးပါတယ်။ တီထွင်ဖန်တီးတတ်သော စဉ်းစား တွေးခေါ်ခြင်းဟာ လူမှုယဉ်ကျေးမှု အဆောက်အအုံကို ပုံသွန်းပါတယ်။
ကျွန်တော်တို့ ဘယ်လိုစဉ်းစားလဲ၊ ကျွန်တော်တို့ရဲ့ အတွေးအခေါ် အယူအဆတွေက မှန်လား မှားလား၊ ဒီအတွေးတွေက ဘယ်လိုဖြစ်ပေါ်လာတာလဲ၊ ကျွန်တော်တို့ ခေါင်းဆောင်တွေကို ဘယ်လိုရွေးချယ်လဲ၊ ကျွန်တော်တို့ မှီတင်းနေထိုင်ရာ ကမ္ဘာကြီး ကို ဘယ်လိုမြင်လဲ၊ ဒါတွေဟာ တစ်ဦးချင်းစီနဲ့ဆိုင်တာလား၊ ဘုံဝါဒကို ပိုမိုနှစ်သက် တာလား။ ဒီအချက်တွေကလည်း ကျွန်တော်တို့အတွက် ဘယ်အရာတွေက အရေးကြီး ဆုံးလဲ ဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာ ကူညီပေးပါတယ်။ ဒါပေမယ့် တခါတလေ မှာတော့ ဒီအတွေးတွေက ကျွန်တော်တို့ကို ပိုမိုရှုပ်ထွေးသော ကမ္ဘာကြီး ဆီကို ဆွဲခေါ် သွားပြန်ပါတယ် ။
ဒါဆို ကလေးတွေကို ဝေဖန်ပိုင်းခြားစဉ်းစားတတ်အောင် ဘယ်လိုသင်မလဲ၊ ဖန်တီးမှု စွမ်းရည် တိုးတက်အောင် ဘယ်လို လေ့ကျင့်မလဲ ဆိုတာတွေက စိန်ခေါ်မှုတွေပါပဲ။ ဝေဖန်ပိုင်းခြား စဉ်းစားခြင်းဆိုတာကို ဆရာအဆူဆူက ရှုထောင့်အစုံစုံကနေ အဓိပ္ပါယ် ဖွင့်ဆိုကြမှာဖြစ်သလို့ အခြေခံစည်းမျဉ်းတွေလည်း ခြားနားမယ် ထင်ပါတယ်။
နောက်တစ်ချက်ကတော့ သမရိုးကျသင်ခန်းစာတွေ ကြက်တူရွေးလို တတွတ်တွတ် လိုက်ဆိုတတ်တဲ့ အကျင့်တွေနဲ့ အသားကျနေတဲ့ စာသင်ခန်းတွေထဲမှာ ဒီကျွမ်းကျင်မှု တွေကို အစပျိုးသင်ကြားစေဖို့ သင်ခန်းစာတွေကို ဒီဇိုင်းဆွဲဖို့ ဆိုတာ ခက်ခဲပါလိမ့်မယ်။
ဒါပေမဲ့ ဘယ်အရာမဆို နည်းလမ်းကတော့ရှိပါတယ်။ ဆရာတွေက ကျောင်းသားတွေ ကို သူတို့ရဲ့ အတွေ့အကြုံတွေကို အခြားသူတွေရဲ့ အတွေ့အကြုံတွေနဲ့ ဘယ်လို ဆက်စပ်တွေးတောမလဲ၊ ဒါတွေကို ကျောင်းသင်ခန်းစာတွေနဲ့ ဘယ်လိုချိတ်ဆက်မလဲ ဆိုတာ အသေးစိတ်ရှင်းပြလို့ ရပါတယ် ။ ဒါကနည်းလမ်းပုံစံတစ်ခုပါ။
ဒါမှမဟုတ် သီချင်းတွေ ကဗျာတွေကတဆင့် သူတို့ ဥပမာ ဘယ်လိုပေးသွားတယ်၊ ဘာကိုဆိုလိုတယ်ဆိုတာ တွေးတောစေခြင်းအားဖြင့်လည်း ကလေးတွေရဲ့ တွေးခေါ်မှု စွမ်းရည်ကို မြှင့်တင်နိုင်ပါတယ်။ နောက်သင်ခန်းစာထဲမှာ ပါတဲ့ အကြောင်းအရာတွေထဲမှာလဲ ဘယ်နေရာမှာ ဘာတွေဖြစ်ခဲ့လဲ ဆိုတာ မေးရုံမက ဘာကြောင့် ဘယ်လိုဖြစ်တာလဲဆိုတာကို တပြိုင်တည်း နှိုင်းယှဉ် တွေးတောစေခြင်းဖြင့် ဝေဖန်ပိုင်းခြားမှု စွမ်းရည်ကို တိုးတက်စေနိုင်ပါတယ်။
ဒါ့အပြင် အခြားသွယ်ဝိုက်သောနည်းလမ်းတွေနဲ
စွ
ေ
နောက်ထပ်ပိုမိုရှုပ်ထွေးတဲ့ မေးခွန်းတစ်ခုကတော့ ကလေးတွေရဲ့ ဝေဖန်ပိုင်းခြားမှု စွမ်းရည်ကို လေ့ကျင့်သင်ကြားပေးလို့ ရရင်တောင်မှ သူတို့ဒီစွမ်းရည်တွေ တိုးတက် နေတယ်ဆိုတာကို ဘယ်လို တိုင်းတာစစ်ဆေးမလဲဆိုတာပဲ ဖြစ်ပါတယ် ။ ကလေးတွေရဲ့ တီထွင်ဖန်တီးမှုစွမ်းရည် ဝေဖန်ပိုင်းခြားမှုစွမ်းရည်တွေကိ
ကလေးတွေကို ကျောင်းသင်ခန်းစာမှာပါတဲ့ အချက်အလက်တွေအမျိုးမျိုးရဲ့ ဆက်သွယ်မှု ကွင်းဆက်တွေကို ရှာဖွေဖော်ထုတ်ဖို့ စေခိုင်းခြင်းနဲ့ သူတို့တွေရဲ့ စွမ်းရည်ကို စစ်ဆေးနိုင်မယ် ထင်ပါတယ်။
ဒီဝေဖန်ပိုင်းခြားစဉ်းစားခြင်းန
အနုပညာဖန်တီးမှုတွေကရော ခေတ်တွေရဲ့သရုပ်ကို ဘယ်လိုဖော်ညွှန်းတာလဲ ၊ အရင်အခြေအနေနဲ့ အခုအခြေအနေကြား ဘာတွေ ပြောင်းလဲလာလဲ၊ တကယ်ရော ပြောင်းလဲမှုရှိလား ၊ ဒီပြောင်းလဲမှုကရော စစ်မှန်ရဲ့လား၊ နောက်ကွယ်မှာ ဘာတွေ ရှိနိုင်လဲ စသည်တို့ကို လေ့လာတတ်အောင် လေ့လာမိအောင် တွန်းအားပေးဖို့ လိုအပ်ပါတယ်လို့ ကျွန်တော် ယူဆမိပါကြောင်း.....။
မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပြသည်။
September 2, 2011 at 9:07 PM
ကျေးဇူးပဲ ငါ့ညီ အားပေးသွားတယ်နော်