လွတ်လပ်ရေးဆိုလို့ ခင်းဗျားတို့ကို ကျွန်တော်ပြောပြမယ် လွတ်လပ်ရေးဆိုတိုင်း ပဒေသာမြေက မပေါက်နိုင်ဘူးဆိုတာ ခင်းဗျားတို့ကို ကျွန်တော်ရှင်းပြ ခဲ့ပြီး ဖြစ်ပါတယ်။ ဘာဖြစ်လို့တုန်း ဆိုလို့ရှိရင် ခင်းဗျားတို့ စိတ်ထဲမယ် လွတ်းလပ်ရေး ရတော့မယ် ဆိုလို့ရှိရင် စိတ်ကူးက ဘယ်လို ဖြစ်သလဲဆိုရင်၊ စိတ်ကူးက ဘယ့်နှယ် စိတ်ကူး ကြသလဲဆိုလို့ ရှိရင် ပဒေသာပင်ကြီး ချက်ချင်ပေါက်လာတော့ မလိုလို၊ နေချင်းညချင်းပဲ ပေါက်လာတော့မလိုလို ခင်းဗျားတို့ ထင်ကြတဲ့ သူတွေက များတယ် တစ်ချို့ကလဲပဲ ငါ လွတ်လတ်ရေး ရပြီဆိုပြီးတော့ ဘာလုပ်ချင်သလဲ ဆိုတော့ကား ကျွန်တော်တို့ အရင် တစ်ခါတုန်းက တွေခဲ့တယ်။ ဂျပန်ခေတ် တုန်းက ဂျပန်ခေတ်ဗမာ့ လွတ်လတ်ရေးပေါ့လေ၊ အဲဒီတုန်းက ဆိုလို့ရှိရင်လွတ်လတ်ရေးရပြီ ဆိုပြီးတော့ ဟင်္သာတနယ်ဘက်မှာ ကွန်တော်တွေ့ ခဲ့ရတယ်တယ်။ ဘာတွေလဲ ဆိုရင် လူတစ်ယောက်က လမ်းမပေါ်မယ် ထွက်ပြီးတော့ ဆေးဖျန်းတယ် "ငါ လွတ်လတ်ရေးရပြီိကွ" ဆိုပြီးတော့ လူတကာသွားတဲ့ လမ်းမပေါ်ထွက်ပြီး ဆေးဖြန်းတယ်ဗျ။ အဲတော့ကား လမ်းသွား လမ်းလာလုပ်တဲ့သူတွေ အတော်ဂွကျတာပေါ့။ အဲဒါဟာ လွတ်လတ်ရေးမဟုတ်ဘူး လွတ်လတ်ရေးဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ လွတ်လတ်ရေးဆို တာဟာ ကိုယ်တစ်ဦး တစ်ယောက် ကောင်းစားဖို့ဖြစ်စေ တစ်မျိုးလုံး ကောင်းစားဖို့ဖြစ်စေ လုပ်တဲ့နေရာမယ် တစ်ခြားတစ်ဦးတစ်ယောက်ရဲ့ အကျိုးစီးပွားကို မထိခိုက်ပဲနဲ့ လွတ်လွတ် လပ်လပ် ကိုယ့် တိုးတက်မှု့အတွက် လုပ်နိုင်တာဟာ လွတ်လပ်ရေးပဲ။ ဥပမာ ခင်းဗျား စီးပွားရေး စီးပွား ဖြစ်ထွန်းအောင် လုပ်တဲ့နေရာမယ် အနှောက်အယှက် မရှိစေရဘူး။ တခြားလူတွေရဲ့ အကျိုးကို မထိပါးရဘူး။ တိုင်းပြည်တပြည်လုံးရဲ့ အကျိုးကိုမထိခိုက်ဘူး၊ တခြားသူတွေရဲ့ အကျိုးကို မထိ ခိုက်ဘူးဆိုရင် ခင်းဗျားလွတ်လွတ် လတ်လတ် လုပ်နိုင်တဲ့ အခြေနေရှိရမယ်။ သို့သော်လည်းပဲ သူများနိုင်ငံရဲ့ လွတ်လတ်ရေးကို သွားနှောက်ယှက်တဲ့ လွတ်လတ်ရေးဟာ လွတ်လတ်ရေး မဟုတ်ဘူး။ အဲဒီဟာက ဘာလဲဆိုလို့ရှိရင် ရမ်းကားမှု့မျှသာ ဖြစ်တယ်။ ဒီတော့ လွတ်လတ် ရေး ဆိုတဲ့ အဓိပ္ပာယ်ဟာ စည်းမဲ့ကမ်းမဲ့ သဘေားမျိုးမဟုတ်ဘူး။ စည်းနဲ့ကမ်းနဲ့ သဘောမျိုး သာလျှင် ဖြစ်တယ်။ စည်းနဲကမ်းနဲ့ ရှိမှသာလျှင် လွတ်လတ်ရေးဆိုတာလဲပဲ ဖြစ်နိုင်တယ်။ အဲဒီတော့ လွတ်လတ်ရေးဆိုတာကို ကျွန်တော်တို့ရတဲ့အခါမှာ နားလည်းရမှာက ငါတို့ တိုင်းပြည်ဟာ ပိုပြီးစည်းကမ်းရှိဖို့လိုတယ်။ လွတ်လတ်ရေးရအောင်လည်းပဲ ငါတို့ တိုင်းပြည် ဟာ စည်းကမ်းရှိရှိနဲ့ လုပ်ရမယ်။ အဲဒီလိုအားဖြင့်စည်းကမ်းသဘောကို နားလည်ပြီး စည်းနဲကမ်းနဲ့ အလုပ်လုပ်ကျမှ လွတ်လတ်ရေးဆိုတာကို ခင်းဗျားတို့ တကယ်ရမယ်။ နောက်ပြီးတော့တစ်ခါ လွတ်လတ်ရေးရတဲ့ အခါမယ် လွတ်လတ်ရေးရတဲ့ အခွင့်ရေးတွေ ရမယ်။ လွတ်လတ်ရေးရတဲ့ အခါမယ် ခင်းဗျားတို့ အခွင့်ရေးတွေ ပိုရတာတွေလဲရှိမယ်။ အခွင့်ရေးတွေပိုရသလိုပဲ တာဝန်တွေမှာလဲ ပိုလာလိမ့်မယ်။ ဘယ်လိုတာဝန်တွေ ပိုလာလိမ့် မလဲဆိုရင် ဒီတိုင်းပြည်ကို အင်္ဂလိပ်အုပ်ချုပ်နေတုန်း အခါက ဒီဗမာပြည်ကို ကာကွယ်ဖို့တာဝန် ဟာ အင်္ဂလိပ်အစိုးရရဲ့ တာဝန်သာဖြစ်တယ်။ သို့သော်လည်ပဲ ဒီဗမာပြည်ကို လွတ်လတ်ရေး ရတဲ့အခါမယ် ဗမာတွေက သာပင် ဗမာပြည်ကို ကာကွယ်ရမဲ့ တာဝန်ဟာ အဓိကဖြစ်တယ်။ အဲဒီတော့ အရင်တုန်းကလို ခင်းဗျားတို့ အေးအေးဆေးဆေး နေလို့ မဖြစ်နိုင်တော့ဘူး။ ကျုပ်တို့ တိုင်းပြည်အစိုးရလုပ်တဲ့ သူက တိုင်းပြည်ကာကွယ်ဖို့ အတွက် ဗမာပြည်မယ် စစ်သားတွေနည်းနေတယ် ဆိုလို့ရှိရင် ဗမာတိုင်း ဗမာတိုင်း အရွယ်ရောက်တဲ့ သူမှန်သမျှ၊ ကျန်းမာတဲ့သူတွေ မှန်သမျှ စစ်မှု့ မထမ်းမနေရ ဆိုပြီးတော့ အတင်းဥပဒေနဲ့အနေနဲ့ စစ်ထဲမယ် ထည့်သင့်ရင် ထည့်ရလိမ့်မယ်။ အဲဒါမျိုးတွေ လုပ်တန် လုပ်ရလိမ့်မယ်။ တစ်နှစ်တန်စေ သုံးနှစ်တန်စေ ၀င်ပြီးတော့ စစ်ထဲမယ် လုပ်ရလိမ့်မယ်။ အဲဒီလို လုပ်ပြီးတဲ့နောက် စစ်ဖြစ်တဲ့ အခါမယ် ဆိုရင်တော့၊ ၀င်တိုက်ရမယ့်အချိန်မှာတော့၊ ခင်ဗျားတိုက်ချင်ချင် မတိုက်ချင်ချင် အဲဒါ ၀င်တိုက်ကို တိုက်ရမှာပဲ။ အဲဒါက ခင်ဗျားတို့တာဝန်ပဲ။ ဒါဟာ လွတ်လတ်ရေးရတဲ့ အခါ ဖြစ်လာမယ့် တာဝန်မျိုးပဲ။ ပဒေသာပင် ပေါက်အောင်ဆိုရင် ခင်ဗျားတို့ ကျွန်တော်တို့ အလုပ် လုပ်မှ ပေါက်မယ်ဆိုတာ ခင်းဗျားတို့နားလည် စေချင်တယ်။ အဲတော့ လွတ်လတ်ရေးရပင် ရငြားသော်လည်း လွတ်လတ်ရေးရတဲ့ အခါမယ် ကျရောက်လာမယ့် တိုင်းသူ ပြည်သား အားလုံးရဲ့ တာဝန်တွေကို ခင်းဗျားတို့ ကျုပ်တို့က မထမ်းဆောင်ချင်ဘူး ဆိုရင် ခင်းဗျားတို့ရတဲ့ လွတ်လတ်ရေးဟာ ကနေ့ရပြီးတော့ နက်ဖြန် ဂျပန်လက်ထဲ ပြန်ပါသွားမယ်ဆိုတာကို ခင်းဗျားတို့ သိစေချင်တယ်။

ဒီတော့ ကျွန်တော်တို့က တစ်ခါတည်း သုညကစပြီး အကုန်လုံး ပြန်ပြီးတော့ကား အုတ်မြစ်ချပြီး အလုပ်လုပ်ရမှာဆိုတော့ ကျွန်တော်တို့ဟာ တခြား လွတ်လတ်တဲ့ နိုင်ငံတွေက ခြေလှမ်းတစ်လှမ်း လှမ်းရင် ကျုပ်တို့က ခြေလှမ်း လေး ငါး ဆယ်လှမ်း လိုက်နိုင်မှ တော်ရုံကျမယ်။ အဲဒီလို့ လိုက်နိုင်တဲ့အခါကျမှ နောက်ဆယ်နှစ် အနှစ်နှစ်ဆယ် တန်သည်အားဖြင့် အဲလို တန်းတူညီတူ ဖြစ်သွားနိုင်တယ်။ တန်းတူးညီတူ မဖြစ်သမျှ ကာလပတ်လုံး ဒီတိုင်းပြည်ကြီးဟာ လွတ်လတ်တယ် ဆိုပေမယ့် ဟိုလူလည်းပဲ မြင်ရတဲ့အခါ မျက်နှာချိုသွေးရ၊ ဒီလူလည်းပဲ မြင်ရတဲ့အခါ မျက်နှာချိုသွေးရ၊ ဖာသည်လို နိုင်ငံမျိုးဖြစ်နေမှာပဲ ဆိုတာခင်ဗျားတို့ အသိအလင်းကြားနိုင်ပါတယ်၊ ဘာမှမရှိသေးတော့ အဲသလိုပဲ ဖြစ်နေမှာပဲဗျ။ အဲဒီတော့ကား အင်မတန် ကျွန်တော်တို့ တကယ့်ကို ကျွန်တော်တို့ တိုင်းပြည်မှာရှိတဲ့ လူတွေ စည်းစည်လုံးလုံးနဲ့ ရှိပါမှ ဖာသည်သဘောမျိုး နိုင်ငံမျိုးမဖြစ်ပဲ နေမယ်။ ကျွန်တော်တို့ တစ်ခါ ခြင်္သေ့မင်း ဥပမာ လို ပြောရမယ်ဆိုရင်လဲပဲ ခြင်္သေ့မင်းများဟာ သားကောင်ကို လိုက်တဲ့အခါမယ် ကြီးတာငယ်တာကို ပဓာနမထားပဲနဲ့ ကြီးကြီးငယ်ငယ် လုံးလစိုက်တဲ့ နေရာမယ် တသမက်ထဲပဲ လုံးလစိုက်သွားတယ်။ အဲဒီလို ထုံးအတိုင်းပဲ ကျွန်တော်တို့ဟာ ပန်းတိုင်ရောက်တဲ့အထိ အောင်မြင်သည် ထင်သည့်တိုင်အောင် ကျွန်တော် တို့ဟာ ကြိုးစားမှု အားထုတ်မှုကို လျှော့လိုမဖြစ်နိုင်ဘူး။ လုံးလ၀ီရီယကို လျှော့လို့မဖြစ် နိုင်ဘူး။ ဆထက်တပိုးသာ ကျွန်တော်တို့ လုပ်ဖို့လိုတယ်။ အဲတော့ ကျွန်တော်တို့ ဗမာတွေမယ် စောက်ကျင့်တစ်ခုရှိတယ်။ ဒါဟာလည်ပဲ ကျွန်တော်တို့ ကျွန်ဖြစ်ခဲ့ရတဲ့အတွက် ဖြစ်ချင်ဖြစ်မယ်၊ ဘာလဲဆိုတော့ ကျွန်တော် ဂျပန်ခေတ်တုန်းက ပုသိမ်ဘက်ကိုသွားတဲ့ အခါမယ် လှေပြိုင်ပွဲ ကြည့်ခဲ့တယ်။ လှေပြိုင်ပွဲ လုပ်တဲ့အခါမယ် ဘာဖြစ်သလဲဆိုတော့ လှေတွေပြိုင် လိုက်ကြတာ။ နှစ်စင်းပြိုင်လိုက်တဲ့ အခါမယ် နိုင်တဲ့အစင်းက ပန်းတိုင်မရောက် သေးဘူး။ ရှေ့ကိုနဲနဲရောက် တယ် ဆိုရင်ပဲ တက်ထောင်တယ်။ အဲဒါ ကြွားတာ ကြွားတာ။ တက်ထောင်ပြတာဟာ ကြွားပြတာပဲ။ တစ်ခါ နောက်ကျနေတဲ့ လှေကလဲပဲ ပန်းတိုင်မရောက်သေးဘူး ကြိုးစားးမယ် ဆိုရင် ကြိုးစား နိုင်သေးတယ်။ မကြိုးစားချင်တော့ဘူး ရူံးမှာပဲကွာလို့ ခြေပစ်လက်ပစ်လို့ တက် မခတ်ချင် တော့တယ်။ ဒါဟာ ဘာလဲဆိုလို့ရှိရင် တကယ် တိုင်းပြည်ပြန်လည် ထူထောင်မယ့် နေရာမယ် လွတ်လတ်တဲ့ လူမျိုးနဲ့ ထိုက်တန်တဲ့ စိတ်ဓာတ်မျိုး မဟုတ်ဘူး။အဲဒီစိတ်ဓာတ်မျိုးဟာ ကျွန်ဖြစ်တဲ့ စိတ်ဓာတ်မျိုး၊ ကျွန်ဖြစ်မယ့်စိတ်ဓာတ်မျိုးပဲ။ ဒီစိတ်ဓာတ်မျိုး ရှိနေသမျှကာလပတ်လုံး ကျုပ်တို့ဗမာတွေ ကျွန်ဖြစ်နေနေမှာပဲ။ လွတ်လတ်ရေး ရရင်လဲပဲ မြန်မြန်ပြန်ကျွန် ဖြစ်မှာပဲ။ လွတ်လတ်ရေး နောက်ဆုံးတစ်နေ့ မဆုံးသည့်တိုင်အောင် ကျွန်- မဖြစ်သည့်တိုင်အောင် ခုနကလို ဖာသည်လွတ်လတ်ရေး ဖြစ်နေမှာပဲ။ အဲဒီတော့ကား ဘယ်လိုလဲ ဆိုလို့ရှိရင် ဒီကအကျင့်က မကောင်းတဲ့အကျင့်ဖြစ်တယ်။ အဲဒီလို နဲနဲလေ နိုင်လာ လိုက်တယ်၊ ရှေ့က သွားလာလိုက်တယ် ဆိုလို့ရှိရင် တက်ထောင်ချင်တဲ့ အကျင့်ရှိတယ်။ လှေတစ်စင်ကတော့ အဲလိုရှေးက သွားလာလို့ ရှေ့ကတက်ထောင်မိတာနဲ့ ပွဲတစ်ပွဲမယ် ရူံးကို သွားတယ်။ အဲဒီအထိဆိုးကျိုးတွေ ဖြစ်တယ်။ ဒီတော့ ဘောလုံးပွဲကိုကြည့် ကျွန်တော်တို့ ဗမာတွေဘောလုံးပွဲမယ် ကန်ကြတဲ့ အခါမယ်ဆိုလို့ရှိရင် ကိုယ်ပထမ စ ဂိုးသွင်းရရင် အတော်လေး ဟုတ်နေပြီ၊ တစ်ခါတည်း အားတက်လာတယ်၊ အားတက်လာတာ ခဏထားဦး၊ နောက်တစ်ခါ အဲလိုနဲ့ တော်တော်လေး ဂိုးလေးများရပြီဆိုရင် လျော့လျော့ပေါ့ပေါ့နဲ့ ကန်ချင်လာကြပြီ။ ငါနိုင်ပါပဲဆိုပြီးတော့ နေကြတဲ့ အကျင့်ရှိတယ်။ အဲဒါနဲ့ တစ်ဖက်ကနေ နောက်ဆုံး အပြီးသတ်ခါနီးကျမှ ကပ်ပြီးတော့ တစ်ခါတည်း ဂိုးသွင်းသွားလို့ သရေဖြစ်ဖြစ် ရူံတာဖြစ်ဖြစ် ဖြစ်သွားတာမျိုးလဲ ကျွန်တော်တို့ ဘောလုံးပွဲရာဇ၀င်မယ် ခင်းဗျားတို့ ပြန်စဉ်းစာကြည့်ရင် တွေမှာပါ။ တို့ဗမာဘောလုံးပွဲတွေ ဘောလုံးကန်တဲ့ အကျင့်၊ အဲဒါဟာ ဇွဲလုံးလ မရှိတာ၊ စိတ်ဓာတ်ညံ့ဖျင်းတာ၊ အဲဒါကို ဗမာတွေ စိတ်ထဲမှာတော့ ထင်လိမ့်မယ် ပေါ့။ ဗမာတွေဟာ စိတ်ဓာတ်ထက်တယ် ဘာညာပေါ့။ ဒါဟာ တစ်လွဲတစ်ပင် ကောက်နေတယ်ဆိုတာနဲ့ အတူတူပဲ။ ဒီစကားဟာ ဒီနေရာမယ်သုံးဖို့ ဟာတွေပဲ။ ဗမာတွေစိတ်ဓာတ်က မဟုတ်တဲ့နေရာ တွေမှာ သွားပြီးတော်နေကြတာ၊ တကယ့်နေရာတွေ ကျတော့ အသုံးမကျဘူး။ ဗမာပြည် လွတ်လတ်ရေး ရအောင်ဆိုတာမျိုးမှာလဲ အသုံးမကျချင် ဘူး ။ ဗမာပြည် ပြန်လည် ထူထောင်ရေးလုပ်တဲ့ နေရာမှာလဲ အသုံးမကျချင်ဘူး။ ဗမာ ဗမာချင်း ချဖို့ပဲ လုပ်ချင်တြတယ်။ အဲဒါမျိုးတွေပဲ လုပ်ချင်ကြတယ်။ ဒါမျိုတွေ လုပ်ချင်လို့ ဘယ်တော့မှ အကျိုးမရှိဘူး။ ဒီတိုင်ပြည် ဘယ်တော့ ပြန်လည် မထူထောင်နိုင်ဘူ။း ဒီတိုင်းပြည်ဘယ်တော့မှ မလွတ်လတ်နိုင်ဘူး။ လွတ်လတ်ရေးလဲ ဘယ်တော့မှ ကျကျနန လွတ်လပ်ရေးမဖြစ်နိုင်ဘူး။ အဲဒီတော့ကား ကျွန်တော်တို့ အဲဒီစိတ်ဓာတ်မျိုးကို လုံးဝဖျောက်ပစ်ဖို့ လိုတယ်။ ကျွန်တော်တို့ဟာ ဘယ် အလုပ်ပဲလုပ်လုပ် နောက်ဆုံးတစ်နေ့ ပြီးတဲ့အထိ ရူံးမယ်ထင်သည် ဖြစ်စေ၊ နိုင်မယ်ထင်သည် ဖြစ်စေ၊ မလျှော့တမ်းဇွဲနဲ့ ကျွန်တော်တို့ သွားရမယ်။ စစ်တိုက်တဲ့ နေရာမှာလည်းပဲ အဲဒီ အတိုင်းပဲ သွားရမယ်။ အခုတိုင်းပြည် ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်ပြီးတော့ကား အခု ကျွန်တော်တို့ ဖြစ်နေရတဲ့ အခြေနေမယ် အင်မတန်ပဲ ဆိုးနေတယ်။ ကျွန်တော်တို့ ဗမာပြည် ဟာ ဒီစစ်ကြီး ပြီးတဲ့နောက် ကမ္ဘာပေါ်မယ်ရှိတဲ့ နိုင်ငံတွေထဲမယ် ကျွန်တော်တို့ ဗမာပြည်လို မိအေးနှစ်ခါနာ ဖြစ်တဲ့ နိုင်ငံမရှိသေးပါဘူး။ ကျွန်တော်တို့ တိုင်းပြည်ဟာ ဂျပန်ဝင် လာတုန်းက လဲ စစ်မြေပြင်ဖြစ်တယ်။ အင်္ဂလိပ်ပြန်ဝင်လာတော့လဲ စစ်မြေပြင် ဖြစ်တယ်။ အဲလို မိအေး နှစ်ခါနာဖြစ်တဲ့ ဗမာပြည်ဟာ အင်းမတန်ပဲ စီးပွားရေးမယ် ပျက်စီးနေတယ်။ အင်္ဂလိပ်တွင် မယ်လဲ စီးပွားရေး ပျက်တယ်၊ အင်္ဂလိပ်လူမျိုးကတော့ စီးပွားရေးမယ် စီမံကိန်းတွေ ဘာတွေနဲလုပ်တယ် ။ သိပ်တော့ကျကျန မဟုတ်ဘူးပေါ့။ ဒါပေမယ့် ကျွန်တော်တို့ တိုင်းပြည်နဲ့ စာရင်တော့ နဲနဲ ပိုဖောင်းတယ်။ အဲဒီလိုလုပ်ပြီး နောက်လေး ငါး ဆယ်ခု နှစ်ကြာတဲ့ အခါကျလို့ရှိရင် တကယ်ချောင်လည် လာကြအောင်ဆိုပြီး ကြိုးစားနေ ကြတယ်။ အဆင့်တန်းမြင့်သထက် မြင့်အောင်ဆိုပြီးတော့ ကြိုးစားနေကြတယ်။ အခု ဒီစစ်ကြီးပြီးတော့ ကျွန်တော်လိုက်ကြည့်တယ်။ စာထဲမယ်လဲ ဖတ်ရတယ်။ ကိုယ်တိုင်လဲ မြင်လာတဲ့ နိုင်ငံတွေရှိတယ်။ အခုနေခါမယ် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေလုပ်နေ ကြတယ်။ ကျွန်တော်တို့ တိုင်းပြည်က ကျပ်တယ်ကျပ်တယ် ပြောနေကြတဲ့ အထဲက လူတွေဟာ ဘုံးပေါလအော သုံးကြတုန်း စွဲကြတုန်းပဲ။ အဲဒီတော့ ကျွန်တော်တို့ ဗမာတွေက ဆီမရှိလို့ မစားနိုင်ဘူးလို့ ပြောနေကြတာကတော့ မှန်ပါတယ်။ သို့သော် ဒီဆီတွေဟာ ဘာအတွက် သုံးနေကြတာလဲ။ ဘုံးပေါလအော သုံးသလား မသုံးဘူးးလားဆိုတာ ဟင်းတွေ သွားကြည့်ပါ။ အိမ်တွေသွားကြည့်ပါ။ အများကြီးတွေ့ရလိမ့်မယ်။ တခြားတိုင်းပြည်မှာ အဲဒီလိုဆီကို ဘုံးပေါလအော သုံးနိုင်သလား မသုံးနိုင်ဘူးလားဆိုတာ ကြည့်ပါ။ ခင်ဗျားတို့ ဆီတွေကို ဘုံးပေါလအော သုံးနေတော့ ခင်ဗျားတို့ စိတ်ထဲမယ်တော့ကား ဘာမှ အရေးမကြီးဘူးလို့ ထင်လိမ့်မယ်။ အဲဒီလို ဘုံပေါလအော သုံးတဲ့အတွက် ကုလားပြည်ကနေပြီး ကျွန်တော်တို့ နှစ်စဉ်နှစ်တိုင်း ဆီတွေအမြောက်အများသွင်းပြီး တော့ နေရတယ်။ အဲဒါကြောင့် ခင်းဗျားတို့ ခု ဈေကြီးတယ် ကြီးတယ်ဆိုတာ အကြောင်းတရပ်ပဲ။ ခင်ဗျားတို့ ဘုံပေါလအော သုံးနေလို့ ဆီတွေကို တခြားနိုင်ငံက အပိုသွင်းနေရတဲ့အတွက် ခင်ဗျားတို့ ဒီလိုဖြစ်နေရတဲ့ ဈေးကြီးတဲ့ နေရာမယ် အကြောင်းတစ်ရပ်ပါပဲ။ ဥပမာ တစ်ခုအနေနဲ့ ပြောတာပါ။ အများကြီးတော့ ရှိတယ်ပေါ့ဗျာ။ အကြောင်းတစ်ရပ်ကို ကျွန်တော်ပြောပြတာပါ။ အဲဒါမျိုးတွေဖြစ်နေတယ်။ ငရုတ် ကြက်သွန် ကိုကြည့်။ ဗမာပြည်မယ် ငရုတ် ကြက်သွန်တွေ ကိုယ့်ဘာသာကို စိုက်လို့ မရနိုင်ဘူးလားလို့။ ကျွန်တော်ဆိုရင် ကိုယ့်အိမ်မှာကို စိုက်ထားတယ်။ အဲလို ကိုယ့်ဘာသာကို အိမ်ခြံ ကွက်လပ် ရှိကြတဲ့သူက စိုက်ကြပါလားလို့။ မစိုက်ကြဘူး ကိုယ်တော်ချောတွေက ၀ယ်စားနေကြတယ်။ ဈေးဝယ်စားတော့ အဲဒီ ငရုတ် ကြက်သွန် ဘယ်ကလာတယ် မှတ်လဲ။ အိန္ဒိယပြည်ကလာတယ်။ အိန္ဒိယပြည်ကလာတော့ ခင်ဗျားတို့ အိန္ဒိယပြည်ကို ပိုက်ဆံပေး နေရတယ်။ အဲလို ပေးနေရတဲ့ အတွက် ဒီတိုင်ပြည်မယ် ရနိုင်တဲ့ပစ္စည်းကို တခြားနိုင်ငံက ၀ယ်ရတာဟာ ခင်ဗျားတို့ အခု ဈေးကြီးတယ် ကြီးးတယ် ဖြစ်နေတယ်ဆိုတာ ဒါတွေဖြစ်တာပဲ။ အကြောင်းတစ်ရပ်က အဲဒီအတိုင်းပဲ။ ခု ဆန်စားတဲ့ နေရာမယ် ဆရာဝန်တွေနဲ့၊ အာဟာဓာတ် ကျမ်းတွေနဲ့၊ နာလည်တဲ့သူတွေနဲ့၊ သေသေချာချာ တွက်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ တိုင်းပြည်မယ် စားရတဲ့အာဟာရတွေက အကုန်ပျမ်းမျှ ချကြည့်လိုက်မယ်ဆိုရင် တခြားနိုင်ငံ တွေထက် ပိုနေမယ်။ အခု ကျွန်တော်တို့တိုင်းပြည်မယ် ဆန်းက လုံးလောက်တယ်။ လုံလောက်ရုံတင်မကဘူး ပိုနေတယ်။ နိုင်ငံခြားကို တင်ရောင်းရတယ်။ နိုင်ငံခြားတင် ရောင်းရပေမယ့် စစ်မဖြစ်ခင်ကလောက် ပိုပိုဆန်ဆန် မရှိဘူး။ အဲဒီမယ် ကျွန်တော်တို့ လူမျိုးတွေ စားတာကလဲ ရှေးကထက်လျှော့မစားဘူး၊ အရင်ကလိုပဲ ဘုံပေါလအော လအောစားတုန်းပဲ အပိုတွေအများကြီး ရှိတုန်းပဲ။ အဲဒီတော့ ခင်ဗျားတို့ဟာ လွတ်လတ်ရေးကို လိုချင်ရင် လွတ်လတ်ရေးရနိုင်လောက်တဲ့ စည်းကမ်း ရှိကြပါ။ လွတ်လတ်ရေးကို လိုချင်ရင် လွတ်လတ်ရေးကို ရနိုင်တဲ့ညီညွတ်မှု့ကို ထိန်းသိမ်း ထားပါ။ လွတ်လပ်ရေးကို လိုချင်ရင် လွတ်လတ်ရေးကို ရနိုင်တဲ့ ထူထောင်မှု့မျိုးကို လုပ်ကြပါ။ အဲဒီလိုလုပ်ပြီးတဲ့ နောက်လဲပဲ ရှေ့ကို လွတ်လပ်ရေးအရသာကို ခံစားချင်တယ်၊ စံစားချင်တယ် ဆိုရင်လဲပဲ အလုပ်လုပ်ကြဖို့၊ စည်းကမ်းရှိကြဖို့၊ အခုနေကတည်း ခင်ဗျားတို့ ကိုယ် ခင်ဗျားတို့ အကျင့်ဆိုတွေ အကျင့်ဟောင်း တွေ စောက်ကျင့်တွေကို ပြင်ကြဖို့ လိုပြီဆိုတာ ကျွန်တော်ဒီကနေပြောခဲ့ချင်ပါတယ်။ စာကြွင်း။ ။ ဗိုလ်ချုပ်ပြောသော '' ဗမာ ဗမာ'' ဟူသော အသုံးနှုန်းမှာ အရင်တုန်းက တိုင်းရင်သားလူမျိုး အားလုံးကို စုပေါင်း၍ ဗမာနိုင်ငံဟု ခေါ်ဝေါကြပါသည်။ ပြည်ပမှာ ရှိကြသော လူမျိုးကိုသာ မြန်မာ ဟုခေါ်ပါသည်။(မြန်မာလူမျိုးတိုင်း သိသင့်တဲ့ ဗမာဆိုတဲ့ အသုံးနှုန်းကို ပြန်လည်၍ ဖတ်ကြည့်ကြပါလေ) မေတ္တာ ကရုဏာ စေတနာဖြင့်စလင်းဇင်ယော်စုစည်းရှာဖွေတင်ပြသည်။
Tuesday, July 19, 2011
| |
0 comments: