twitter

မကွေးတိုင်း မင်းဘူးခရိုင် စလင်းမြို့နယ် ဖေါင်းလင်းကျွေးရွာတွင် တည်ထားကိုးကွယ်တော်မူသော ရှင်ပင်ရွှေစောလူ စေတီတော်မြတ်ကြီးကို ကောဇာသက္ကရာဇ် ၄၂၄ ခုနှစ်မှာ စောလူမင်းကတည်ထား ကိုးကွယ်တော်မူခဲ့တာဖြစ်ပါသည်။ အဲဒီနောက် ကောဇာသက္ကရာဇ် ၄၅၆ ခုနှစ်မှာ အလောင်းစည်သူ မင်းကြီး က ပြုပြင်မွမ်းမံ ပူဇော်ခဲ့ပါသည်။ ကောဇာသက္ကရာဇ် ၇၂၆အရောက်မှာ သတိုးမင်းဖျားက ထပ်မံ၍ ပြုပြင် ပူဇော်ခဲ့ပါသည်။ ၁၂၆၆ ခုနှစ်မှာ ဖေါင်းလင်းမြို့ ဂိုဏ်းထောက်ဆရာတော် ဦးကေတု ဦးဆောင်၍ ပြုပြင်မွမ်းမံ ပူဇော်ခဲ့ကြပြန်ပါသည်။ ကောဇာသက္ကရာဇ် ၁၃၅၄ ခုနှစ်မှာ ကျေးရွာဥက္ကဋ္ဌများ စုပေါင်းဆောင်ရွက်၍ ပြုပြင် မွမ်းမံ ပူဇော်ခဲ့ကြပါသည်။ ကောဇာသက္ကရာဇ် ၁၃၅၉ ခုနှစ်မှာ မင်းဘူးခရိုင် ဥက္ကဋ္ဌ ဦးဆောင်၍ပြုပြင်ပူဇော်ခဲ့ ကြပါသည်။ အဲဒီနောက် ကောဇာသက္ကရာဇ် ၁၃၆၈ ခုနှစ်မှာ မြန်မာသြဘာ စိုက်ပျိုးရေး ဆေးကုမ္မဏီပိုင်ရှင် ဦးသတိုးဟိန်း+ဇနီး ဒေါ်စိုးမာလာ မိသားစုတို့က ထီးတော်ကြီးကို အသစ်တစ်ဖန်လှူဒါန်း ပူဇော်ခဲ့ကြပါသည်။ ရှင်ပင်ရွှေစောလူ စေတီတော်မြတ်ကြီးကို နှစ်စဉ်နှစ်တိုင်း ၀ါခေါင်လပြည့်နေမှာ ဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပပူဇော်လေ့ ရှိပါသည်။
ယခုဖူးတွေ့ ပူဇော်ရသောရွှေထီးတော်ပုံရိပ်များကို ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ် ၀ါခေါင်လပြည့် ဗုဒ္ဓဟူးနေ့ နံနက် ၇ နာရီ၊ ၄ မီးနစ်အချိန်မှာ စလင်းမြို့ တို့ဆွေမျိုးဆေးဆိုင်ပိုင်ရှင် ကိုခင်မောင်ရင်မှ မောင်အေးပိုင်အား ဓာတ်ပုံရိုက်ကူးစေခဲ့ရာ ရှင်ပင်ရွှေစောလူ စေတီတော်မြတ်ကြီးမှ ယခုကဲ့သို့ ထီးတော်ပုံရိပ် (၁၃) ဆူးကို ထူးခြားအံ့ဖွယ်စွာ ရိုက်ကူးဖူးတွေ့ရှိလိုက်ပါသဖြင့် နယ်သူနယ်သားများအားလုံး ကြည်ညိုသဒ္ဓါပွားများ နိုင်ပါစေခြင်းအကျိုးငှာ ၀မ်းမြောက်ဝမ်းသာဖြင့် တင်ပြလိုက်ရပါသည်။



မေတ္တာ ကရုဏာ စေတနာဖြင့်
စလင်းဇင်ယော်
စုစည်းရှာဖွေတင်ပါသည်။
Tuesday, July 12, 2011 | 0 comments | Labels:

0 comments:

Post a Comment